ဂွါဒီယိုလာရဲ့စွဲမက်ဖို့ကောင်းတဲ့လုပ်ဆောင်ချက်က ဘောလုံးကိုအများကြီးရိုက်ခတ်စေခဲ့တယ်လို့ မက်ဆီ ဖွင့်ဟ

ဘာစီလိုနာမှာရှိခဲ့တဲ့ကာလတွေအတွင်း ဂွါဒီယိုလာရဲ့စွဲမက်စရာ ကောင်းပြီးရိုးရှင်းတဲ့ဗျူဟာက ဘောလုံးလောကကို အများကြီးရိုက်ခတ်စေခဲ့တယ်လို့ မက်ဆီက ဖွင့်ဟခဲ့ပါတယ်။

မက်ဆီဟာ ရှားရှားပါးပါး ထိုင်အင်တာဗျူးမှာ ဆရာဟောင်းနဲ့ပတ်သတ်လို့ အခုလိုပြောဆိုခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးဟာ ၂၀၀၈ ကနေ ၂၀၁၂ အထိ ဘာစီလိုနာမှာလက်တွဲခဲ့ပြီး လာလီဂါဆုဖလား

၃ကြိမ်နဲ့ ချန်ပီယံလိဂ်ဆုဖလား ၂ကြိမ် ပိုင်ဆိုင်ခဲ့ကြပါတယ်။ ယေဘုယျအနေနဲ့တော့ ဂွါဒီယိုလာဟာ မက်ဆီရဲ့ကစားသမားဘဝနဲ့ မော်ဒန်ဘောလုံးလောကအပေါ်လွှမ်းမိုးမှုအလွန်ကြီးမားခဲ့ပါတယ်။

သူ့ရဲ့ဘောလုံးပိုင်ဆိုင်မှုအလေးထားတဲ့ပုံစံကို နည်းပြအများစုကအတုယူခဲ့ကြတာဖြစ်တယ်။ ဒီလိုနေရာမှာတော့ စပိန်သားလောက်အောင်မြင်အောင်လုပ်နိုင်သူကမရှိသလောက်ရှားပါတယ်။

မက်ဆီကတော့ ဘာစီလိုနာနဲ့ ၄နှစ်တာအတွင်း ဂွါဒီယိုလာလုပ်ပြခဲ့တဲ့နည်းလမ်းတွေကအရမ်းကိုရိုးရှင်းတယ်လို့ ယုံကြည်နေပါတယ်။ နောက်ဆက်တွဲရလဒ်အနေနဲ့ ဗဟိုနောက်ခံလူတွေဟာ ရှေ့ထွက်လာကြတယ်၊

တောင်ပံနှစ်ဖက်က နောက်ခံလူတွေဟာ ကွင်းလယ်ကိုတက်ပြီးကစားလာကြတာတွေပဲဖြစ်တယ်။ စပိန်ရုပ်သံ Movistar Plus နဲ့အင်တာဗျူးမှာ မက်ဆီက “ဂွါဒီယိုလာဟာ ဘောလုံးကိုအများကြီးထိခိုက်ခဲ့ပါတယ်။

လူတိုင်းက သူ့ရဲ့ရိုးရှင်းပြီးလွယ်ကူတဲ့ပုံစံကိုအတုယူချင်ပုံပေါက်ပါတယ်” လို့ စကားစခဲ့ပါတယ်။ သူ့ကို အင်တာဗျူးခဲ့တဲ့ဂျော့ဗယ်ဒါနိုက “အတိအကျပြောရရင်တော့…လိဂ်ပွဲစဉ်တိုင်းနဲ့ တတိယတန်းလိဂ်တွေမှာတောင်

ဗဟိုခံစစ်တွေကရှေ့ကိုပြေးနေကြတယ်” လို့ ပြောဆိုခဲ့ရာမှာတော့ မက်ဆီက “ဟုတ်တယ်၊ နောက်ပိုင်းပတ်ဝန်းကျင်တွေမှာ ဂွါဒီယိုလာရဲ့ပုံစံတွေအများကြီးတွေ့ခဲ့ရတယ်။ ဒါဟာ ကျွန်တော်တို့

ဘယ်လောက်အထိပြီးမြောက်ခဲ့သလဲဆိုတာကို ခင်ဗျားတို့သိနေလို့ပါ” လို့ တုံ့ပြန်ခဲ့ပါတယ်။ ဆက်လက်ပြီးမက်ဆီက ဆရာဟောင်းဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်တယ်လို့ ထောက်ခံခဲ့ပါတယ်။

“ဂွါဒီယိုလာရဲ့ပွဲကိုဖတ်တဲ့ပုံစံ၊ အဲ့ဒီအတွက်ပြင်ဆင်မှုနဲ့ ကျွန်တော်တို့ဆီကိုချဉ်းကပ်ပုံတွေကိုကြည့်ရင် အကောင်းဆုံးဆိုတာ သံသယဖြစ်စရာလုံးဝမရှိပါဘူး” လို့

ဘလွန်းဒီအော် ၇ ကြိမ်ရှင် မက်ဆီက ချီးကျူးခဲ့ပါတယ်။

(Zawgyi)

ဂြါဒီယိုလာရဲ႕စြဲမက္ဖို႔ေကာင္းတဲ့လုပ္ေဆာင္ခ်က္က ေဘာလုံးကိုအမ်ားႀကီး႐ိုက္ခတ္ေစခဲ့တယ္လို႔ မက္ဆီ ဖြင့္ဟ

ဘာစီလိုနာမွာရွိခဲ့တဲ့ကာလေတြအတြင္း ဂြါဒီယိုလာရဲ႕စြဲမက္ေကာင္းၿပီး႐ိုးရွင္းတဲ့ဗ်ဴဟာက ေဘာလုံးေလာကကိုအမ်ားႀကီး႐ိုက္ခတ္ေစခဲ့တယ္လို႔ မက္ဆီက ဖြင့္ဟခဲ့ပါတယ္။

မက္ဆီဟာ ရွားရွားပါးပါးထိုင္အင္တာဗ်ဴးမွာ ဆရာေဟာင္းနဲ႔ပတ္သတ္လို႔အခုလိုေျပာဆိုခဲ့တာျဖစ္ၿပီး သူတို႔ႏွစ္ဦးဟာ ၂၀၀၈ ကေန ၂၀၁၂ အထိ ဘာစီလိုနာမွာလက္တြဲခဲ့ၿပီး လာလီဂါဆုဖလား

၃ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဆုဖလား ၂ႀကိမ္ ပိုင္ဆိုင္ခဲ့ၾကပါတယ္။ ေယဘုယ်အေနနဲ႔ေတာ့ ဂြါဒီယိုလာဟာ မက္ဆီရဲ႕ကစားသမားဘဝနဲ႔ ေမာ္ဒန္ေဘာလုံးေလာကအေပၚလႊမ္းမိုးမႈအလြန္ႀကီးမားခဲ့ပါတယ္။

သူ႔ရဲ႕ေဘာလုံးပိုင္ဆိုင္မႈအေလးထားတဲ့ပုံစံကို နည္းျပအမ်ားစုကအတုယူခဲ့ၾကတာျဖစ္တယ္။ ဒီလိုေနရာမွာေတာ့ စပိန္သားေလာက္ေအာင္ျမင္ေအာင္လုပ္ႏိုင္သူကမရွိသေလာက္ရွားပါတယ္။

မက္ဆီကေတာ့ ဘာစီလိုနာနဲ႔ ၄ႏွစ္တာအတြင္း ဂြါဒီယိုလာလုပ္ျပခဲ့တဲ့နည္းလမ္းေတြကအရမ္းကို႐ိုးရွင္းတယ္လို႔ ယုံၾကည္ေနပါတယ္။ ေနာက္ဆက္တြဲရလဒ္အေနနဲ႔ ဗဟိုေနာက္ခံလူေတြဟာ

ေရွ႕ထြက္လာၾကတယ္၊ ေတာင္ပံႏွစ္ဖက္က ေနာက္ခံလူေတြဟာ ကြင္းလယ္ကိုတက္ၿပီးကစားလာၾကတာေတြပဲျဖစ္တယ္။ စပိန္႐ုပ္သံ Movistar Plus နဲ႔အင္တာဗ်ဴးမွာ မက္ဆီက “ဂြါဒီယိုလာဟာ

ေဘာလုံးကိုအမ်ားႀကီးထိခိုက္ခဲ့ပါတယ္။ လူတိုင္းက သူ႔ရဲ႕႐ိုးရွင္းၿပီးလြယ္ကူတဲ့ပုံစံကိုအတုယူခ်င္ပုံေပါက္ပါတယ္” လို႔ စကားစခဲ့ပါတယ္။ သူ႔ကို အင္တာဗ်ဴးခဲ့တဲ့ေဂ်ာ့ဗယ္ဒါႏိုက “အတိအက်ေျပာရရင္ေတာ့…

လိဂ္ပြဲစဥ္တိုင္းနဲ႔ တတိယတန္းလိဂ္ေတြမွာေတာင္ ဗဟိုခံစစ္ေတြကေရွ႕ကိုေျပးေနၾကတယ္” လို႔ ေျပာဆိုခဲ့ရာမွာေတာ့ မက္ဆီက “ဟုတ္တယ္၊ ေနာက္ပိုင္းပတ္ဝန္းက်င္ေတြမွာ

ဂြါဒီယိုလာရဲ႕ပုံစံေတြအမ်ားႀကီးေတြ႕ခဲ့ရတယ္။ ဒါဟာ ကြၽန္ေတာ္တို႔ဘယ္ေလာက္အထိၿပီးေျမာက္ခဲ့သလဲဆိုတာကို ခင္ဗ်ားတို႔သိေနလို႔ပါ” လို႔ တုံ႔ျပန္ခဲ့ပါတယ္။

ဆက္လက္ၿပီးမက္ဆီက ဆရာေဟာင္းဟာ ကမာၻ႔အေကာင္းဆုံးနည္းျပျဖစ္တယ္လို႔ ေထာက္ခံခဲ့ပါတယ္။ “ဂြါဒီယိုလာရဲ႕ပြဲကိုဖတ္တဲ့ပုံစံ၊

အဲ့ဒီအတြက္ျပင္ဆင္မႈနဲ႔ ကြၽန္ေတာ္တို႔ဆီကိုခ်ဥ္းကပ္ပုံေတြကိုၾကည့္ရင္ အေကာင္းဆုံးဆိုတာသံသယျဖစ္စရာလုံးဝမရွိပါဘူး” လို႔ ဘလြန္းဒီေအာ္ ၇ႀကိမ္ရွင္ မက္ဆီက ခ်ီးက်ဴးခဲ့ပါတယ္။