ဂွါဒီယိုလာထက်စာရင် မော်ရင်ညိုကိုပဲ ခန့်ချင်တယ်ဆိုတဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း

လီဗာပူးနဲ့ ဗီလာတိုက်စစ်မှူးဟောင်း

ဒင်းဆောင်းဒါးစ်က တကယ်လု့ိ
သူသာ ဘောလုံးကလပ်အသင်းတစ်သင်း
ပိုင်ဆိုင်မယ်ဆို နည်းပြအဖြစ်
ဂွါဒီယိုလာထက်ရင် မော်ရင်ညိုကိုပဲ
ခန့်အပ်ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

ယမန်နေ့ညက ယူရိုပါကွန်းဖရန့်လိဂ်ဗိုလ်လုပွဲမှာ
ဖီယင်နုကို ရိုးမားအသင်း
အနိုင်ရခဲ့ပြီးနောက် မော်ရင်ညိုလည်း
ဘောလုံးသမိုင်းတစ်လျှောက်
ယူအီးအက်ဖ်အေရဲ့အဓိကဆုဖလား

၃ ခုစလုံး ရယူနိုင်တဲ့ ပထမဆုံးနည်းပြ
ဖြစ်လာပြီး ဥရောပအဆင့်
ကလပ်အသင်းဗိုလ်လုပွဲ
တက်ရောက်သမျှ ရာနှုန်းပြည့်
အနိုင်ရတဲ့မှတ်တမ်းလည်း ဆက်ထိန်းနိုင်ခဲ့ပါတယ်။

သူဟာ အရင်တုန်းက ချန်ပီယံလိဂ်ဖလား
၂ကြိမ် (၂၀၀၄-ပေါ်တို၊ ၂၀၁၀-အင်တာ)၊
ယူရိုပါလိဂ် ၂ကြိမ် (၂၀၀၃-ပေါ်တို၊ ၂၀၁၇-ယူနိုက်တက်)
ရယူထားပြီးဖြစ်ပါတယ်။
ဂွါဒီယိုလာကလည်း ဘာစီလိုနာနည်းပြအဖြစ်

၂၀၀၉နဲ့ ၂၀၁၁ တွေမှာ ချန်ပီယံလိဂ်ဖလား
၂ကြိမ် ရယူနိုင်ခဲ့ပြီး ယခုရာသီမှာလည်း
မန်စီးတီးနဲ့အတူ ၅ နှစ်အတွင်း
၄ကြိမ်မြောက်အဖြစ် ပရီးမီးယားလိဂ်
ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဆောင်းဒါးစ်ကတော့
”ကျွန်တော်ကတော့ အသင်းပိုင်ရှင်သာ
ဖြစ်လာမယ်ဆိုရင် ဂွါဒီယိုလာထက်
မော်ရင်ညိုကိုပဲ နည်းပြခန့်ချင်တယ်။
ဂွါဒီယိုလာက နာမည်မကြီးတဲ့

ကစားသမားတွေနဲ့အတူ
ပေါ်တိုမှာ ယူရိုပါလိဂ်ဖလား
ရယူခဲ့ပြီး အခုလည်း ရိုးမားနဲ့အတူ
နောက်ထပ်ဖလားတစ်လုံး ရယူခဲ့ပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ဆောင်းဒါးစ်က

၂၀၁၇-၁၈ ရာသီ ပရီးမီးယားလိဂ်မှာ
ချန်ပီယံဖြစ်သွားတဲ့ မန်စီးတီးရဲ့နောက်
ယူနိုက်တက်အသင်း ဒုတိယရခဲ့တာက
သူ့ရဲ့နည်းပြဘဝတစ်လျှောက် အကြီးမားဆုံး
အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ဆိုခဲ့တဲ့

မော်ရင်ညိုရဲ့မှတ်ချက်နဲ့ပတ်သက်လို့လည်း
သူ့အမြင်ကို ပြောသွားပါတယ်။
အဲဒီအချိန်တုန်းက မော်ရင်ညိုရဲ့
မှတ်ချက်အပေါ် ဝေဖန်လှောင်ပြောင်မှုတွေ
ရှိခဲ့ပေမယ့် ယူနိုက်တက်ဟာ မော်ရင်ညိုခေတ်လွန်

အခုချိန်အထိ ဖလားလက်မဲ့ဖြစ်နေရပါတယ်။
”ယူနိုက်တက်နည်းပြအဖြစ် မော်ရင်ညို
ပြောခဲ့တာတွေအကုန်လုံးက အမှန်တွေချည်းပါပဲ။
သူဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦးအဖြစ်
ရပ်တည်နိုင်မှာပါ”လို့ ဆောင်းဒါးစ်က ပြောပါတယ်။

လူမှုမီဒီယာမှာ ပရိသတ်တချို့ကလည်း
ဆောင်းဒါးစ်ရဲ့အမြင်ကို သဘောတူခဲ့ကြပါတယ်။
”ကျွန်တော်ကတော့ ဘယ်သူတွေ ဘာပဲပြောပြော
ဂွါဒီယိုလာထက် မော်ရင်ညို အပုံကြီးသာတယ်လို့ ယုံပါတယ်”
”ဟိုဆေးကို ဘာစီလိုနာ၊ ဘိုင်ယန်နဲ့ စီးတီးအသင်းတွေ

ကိုင်ခိုင်းကြည့်လိုက်ပါ၊ တကယ်လို့ ဂွါဒီယိုလာ
ရခဲ့တဲ့အောင်မြင်မှုတွေထက် မပိုရင်တောင်
လျော့မှာမဟုတ်တာ သေချာပါတယ်။
ဒါပေမဲ့ ဂွါကြီးကို ပေါ်တိုတို့၊ အင်တာတို့
ကိုင်ခိုင်းကြည့်လိုက်ပါ။ ဟိုဆေး

ရခဲ့တဲ့ အောင်မြင်မှုတွေ ရဖို့ အခွင့်အရေးတောင်
ရမှာမဟုတ်ပါဘူး”လို့ ပရိသတ်တွေက
အသီးသီးမှတ်ချက် ပေးခဲ့ကြပါတယ်။

Zawgyi

ဂြါဒီယိုလာထက္စာရင္ ေမာ္ရင္ညိဳကိုပဲ ခန္႔ခ်င္တယ္ဆိုတဲ့ လီဗာပူးတုိက္စစ္မွဴးေဟာင္း
လီဗာပူးနဲ႔ ဗီလာတုိက္စစ္မွဴးေဟာင္း
ဒင္းေဆာင္းဒါးစ္က တကယ္လု႔ိ
သူသာ ေဘာလုံးကလပ္အသင္းတစ္သင္း

ပိုိင္ဆိုင္မယ္ဆို နည္းျပအျဖစ္
ဂြါဒီယိုလာထက္ရင္ ေမာ္ရင္ညိဳကိုပဲ
ခန္႔အပ္ျဖစ္လိမ့္မယ္လို႔ ေျပာပါတယ္။
ယမန္ေန႔ညက ယူရိုပါကြန္းဖရန္႔လိဂ္ဗိုလ္လုပဲြမွာ
ဖီယင္ႏုကို ရိုးမားအသင္း

အႏိုင္ရခဲ့ၿပီးေနာက္ ေမာ္ရင္ညိဳလည္း
ေဘာလုံးသမုိင္းတစ္ေလွ်ာက္
ယူအီးအက္ဖ္ေအရဲ႕အဓိကဆုဖလား
၃ ခုစလုံး ရယူႏုိင္တဲ့ ပထမဆုံးနည္းျပ
ျဖစ္လာၿပီး ဥေရာပအဆင့္

ကလပ္အသင္းဗုိလ္လုပြဲ
တက္ေရာက္သမွ် ရာႏႈန္းျပည့္
အႏုိင္ရတဲ့မွတ္တမ္းလည္း ဆက္ထိန္းႏုိင္ခဲ့ပါတယ္။
သူဟာ အရင္တုန္းက ခ်န္ပီယံလိဂ္ဖလား
၂ႀကိမ္ (၂၀၀၄-ေပၚတုိ၊ ၂၀၁၀-အင္တာ)၊

ယူရိုပါလိဂ္ ၂ႀကိမ္ (၂၀၀၃-ေပၚတုိ၊ ၂၀၁၇-ယူႏိုက္တက္)
ရယူထားၿပီးျဖစ္ပါတယ္။
ဂြါဒီယိုလာကလည္း ဘာစီလုိနာနည္းျပအျဖစ္
၂၀၀၉နဲ႔ ၂၀၁၁ ေတြမွာ ခ်န္ပီယံလိဂ္ဖလား
၂ႀကိမ္ ရယူႏိုင္ခဲ့ၿပီး ယခုရာသီမွာလည္း

မန္စီးတီးနဲ႔အတူ ၅ ႏွစ္အတြင္း
၄ႀကိမ္ေျမာက္အျဖစ္ ပရီးမီးယားလိဂ္
ခ်န္ပီယံ ျဖစ္ခဲ့ပါတယ္။
ဒါေပမဲ့ ေဆာင္းဒါးစ္ကေတာ့
”ကၽြန္ေတာ္ကေတာ့ အသင္းပုိင္ရွင္သာ

ျဖစ္လာမယ္ဆုိရင္ ဂြါဒီယိုလာထက္
ေမာ္ရင္ညိဳကိုပဲ နည္းျပခန္႔ခ်င္တယ္။
ဂြါဒီယိုလာက နာမည္မႀကီးတဲ့
ကစားသမားေတြနဲ႔အတူ
ေပၚတုိမွာ ယူရိုပါလိဂ္ဖလား

ရယူခဲ့ၿပီး အခုလည္း ရိုးမားနဲ႔အတူ
ေနာက္ထပ္ဖလားတစ္လုံး ရယူခဲ့ပါတယ္”လုိ႔ ေျပာပါတယ္။
ဒါ့အျပင္ ေဆာင္းဒါးစ္က
၂၀၁၇-၁၈ ရာသီ ပရီးမီးယားလိဂ္မွာ
ခ်န္ပီယံျဖစ္သြားတဲ့ မန္စီးတီးရဲ႕ေနာက္

ယူႏုိက္တက္အသင္း ဒုတိယရခဲ့တာက
သူ႕ရဲ႕နည္းျပဘ၀တစ္ေလွ်ာက္ အႀကီးမားဆုံး
ေအာင္ျမင္မႈတစ္ခုျဖစ္တယ္လုိ႔ ဆုိခဲ့တဲ့
ေမာ္ရင္ညိဳရဲ႕မွတ္ခ်က္နဲ႔ပတ္သက္လုိ႔လည္း
သူ႕အျမင္ကို ေျပာသြားပါတယ္။

အဲဒီအခ်ိန္တုန္းက ေမာ္ရင္ညိဳရဲ႕
မွတ္ခ်က္အေပၚ ေ၀ဖန္ေလွာင္ေျပာင္မႈေတြ
ရွိခဲ့ေပမယ့္ ယူႏုိက္တက္ဟာ ေမာ္ရင္ညိဳေခတ္လြန္
အခုခ်ိန္အထိ ဖလားလက္မဲ့ျဖစ္ေနရပါတယ္။
”ယူႏုိက္တက္နည္းျပအျဖစ္ ေမာ္ရင္ညိဳ

ေျပာခဲ့တာေတြအကုန္လုံးက အမွန္ေတြခ်ည္းပါပဲ။
သူဟာ ကမၻာ့အေကာင္းဆုံးနည္းျပတစ္ဦးအျဖစ္
ရပ္တည္ႏိုင္မွာပါ”လုိ႔ ေဆာင္းဒါးစ္က ေျပာပါတယ္။
လူမႈမီဒီယာမွာ ပရိသတ္တခ်ိဳ႕ကလည္း
ေဆာင္းဒါးစ္ရဲ႕အျမင္ကို သေဘာတူခဲ့ၾကပါတယ္။

”ကၽြန္ေတာ္ကေတာ့ ဘယ္သူေတြ ဘာပဲေျပာေျပာ
ဂြါဒီယိုလာထက္ ေမာ္ရင္ညိဳ အပုံႀကီးသာတယ္လို႔ ယုံပါတယ္”
”ဟုိေဆးကို ဘာစီလုိနာ၊ ဘုိင္ယန္နဲ႔ စီးတီးအသင္းေတြ
ကုိင္ခုိင္းၾကည့္လုိက္ပါ၊ တကယ္လုိ႔ ဂြါဒီယိုလာ
ရခဲ့တဲ့ေအာင္ျမင္မႈေတြထက္ မပိုရင္ေတာင္

ေလ်ာ့မွာမဟုတ္တာ ေသခ်ာပါတယ္။
ဒါေပမဲ့ ဂြါႀကီးကို ေပၚတုိတို႔၊ အင္တာတို႔
ကိုင္ခုိင္းၾကည့္လိုက္ပါ။ ဟုိေဆး
ရခဲ့တဲ့ ေအာင္ျမင္မႈေတြ ရဖို႔ အခြင့္အေရးေတာင္
ရမွာမဟုတ္ပါဘူး”လုိ႔ ပရိသတ္ေတြက

အသီးသီးမွတ္ခ်က္ ေပးခဲ့ၾကပါတယ္။