
လာမယ့်ရာသီနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဂွါဒီယိုလာဆက်ရှိမယ်လို့
သူ့စတားပလေယာတွေက မျှော်လင့်နေကြောင်း သတင်းတွေအရ သိရပါတယ်။
အဲဒီစပိန်သားရဲ့မန်စီးတီးနဲ့စာချုပ်ဟာ ၁၆ လသာကျန်ရှိတော့ပြီး
သူ့အနာဂါတ်နဲ့ပတ်သက်လို့ မှန်းဆမှုေတွေလည်း ထွက်ပေါ်နေတာပါ။
အထူးသဖြင့် ဂွါဒီယိုလာဟာ အရင်ကလပ်တွေတုန်းက
ဒီ့ထက်ကာလရှည်ကြာကိုင်တွယ်ခဲ့သူမဟုတ်လို့ စာချုပ်ပြည့်ပြီးနောက်ပိုင်း
မန်စီးတီးမှာ ဆက်ရှိဖို့ မသေချာဖြစ်နေပါတယ်။
ဂွါဒီယိုလာဟာ ဘာစီလိုနာမှာ ၄ ရာသီ၊ ဘိုင်ယန်မြူးနစ်မှာ ၃ ရာသီနဲ့
အခုရာသီကုန်ဆိုရင် မန်စီးတီးမှာ ၆ နှစ်ကြာ ရှိသွားမှာပါ။
ဒါပေမဲ့ နှစ်ပေါင်းများစွာစိုးမိုးနိုင်မယ့်အသင်းတစ်သင်းကို
တည်ဆောက်ပြီးနောက် အဲဒါကို ဂွါဒီယိုလာထားခဲ့နိုင်မှာမဟုတ်ဘူးလို့
ကစားသမားတွေက ခံစားနေရကြောင်း နီးစပ်တဲ့သတင်းရင်းမြစ်တစ်ခုက
အင်္ဂလန်က The Mirror သတင်းစာကို ပြောပါတယ်။
မန်စီးတီးဟာ သူတို့အသင်းရဲ့ကျောရိုးကို ဆက်ထိန်းထားနိုင်ရေးအတွက်
အသင်းရဲ့ကြယ်ပွင့်ကစားသမားအများအပြားကို ရေရှည်စာချုပ်ချုပ်ဆိုထားတာပါ။
ဒီအပတ်ထဲမှာ အခုရာသီအထူးခြေစွမ်းပြနေတဲ့
နောက်ခံအစွန်ကစားသမားကန်ဆယ်လိုကို ၂၀၂၇ အထိ
ကာလရှည်စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး ကွင်းလယ်လူဂရီယာလစ်ရှ်နဲ့
အဓိကနောက်ခံလူရူဘင်ဒီယက်စ်တို့ရဲ့စာချုပ်တွေဟာလည်း
အဲဒီနှစ်ရောက်မှပဲ သက်တမ်းကုန်မှာပါ။
ဒီဘရူနီ၊ ဘာနာဒိုဆေးလ်ဗားနဲ့ လာပေါ်တီတို့ရဲ့စာချုပ်တွေဟာလည်း
အနည်းဆုံး ၂၀၂၅ အထိရှိပြီး ဂိုးသမားအီဒါဆန်နဲ့နောက်ခံလူ
ဂျွန်စတုန်းတို့ကလည်း ၂၀၂၆ အကုန်ရောက်မှ သက်တမ်းကုန်မှာပါ။
လူငယ်ခြေတက်တွေထဲက လီယမ်ဒီလပ်၊ မက်ကာတီးနဲ့
ကိုးလ်ပါလ်မာတို့ဟာလည်း ၂၀၂၆ အထိ စာချုပ်သက်တမ်းတိုးထားကြပါတယ်။
ဂွါဒီယိုလာဟာ လွန်ခဲ့တဲ့ ၆ နှစ်က ပယ်လီဂရီနီနေရာ
အစားဝင်လာပြီးကတည်းက မန်စီးတီးနဲ့အတူ အဓိကဆုဖလား ၁၀ လုံးရရှိထားပြီး
ဒီရာသီမှာလည်း သူ့အသင်းဟာ စစ်မျက်နှာ ၃ ခုဖွင့်ထားဆဲပါ။
ပရီးမီးယားလိဂ်မှာ ဒုတိယနေရာက လီဗာပူးကို ၉ မှတ်ဖြတ်ထားပြီး
အက်ဖ်အေဖလားမှာ ပဉ္စမအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကာ
ချန်ပီယံလိဂ်မှာတော့ ၁၆ သင်းအဆင့်အဖြစ် စပို့တင်းနဲ့ပွဲချောင်နေပါတယ်။
zawgyi
ဂြါဒီယိုလာဆက္ရွိမယ္လို႔ သူ႔စတားပေလယာေတြက ေမွ်ာ္လင့္ေန
လာမယ့္ရာသီေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ ဂြါဒီယိုလာဆက္ရွိမယ္လို႔
သူ႔စတားပေလယာေတြက ေမွ်ာ္လင့္ေနေၾကာင္း သတင္းေတြအရ သိရပါတယ္။
အဲဒီစပိန္သားရဲ႕မန္စီးတီးနဲ႔စာခ်ဳပ္ဟာ ၁၆ လသာက်န္ရွိေတာ့ၿပီး
သူ႔အနာဂါတ္နဲ႔ပတ္သက္လို႔ မွန္းဆမႈေေတြလည္း ထြက္ေပၚေနတာပါ။
အထူးသျဖင့္ ဂြါဒီယိုလာဟာ အရင္ကလပ္ေတြတုန္းက
ဒီ့ထက္ကာလရွည္ၾကာကိုင္တြယ္ခဲ့သူမဟုတ္လို႔ စာခ်ဳပ္ျပည့္ၿပီးေနာက္ပိုင္း
မန္စီးတီးမွာ ဆက္ရွိဖို႔ မေသခ်ာျဖစ္ေနပါတယ္။
ဂြါဒီယိုလာဟာ ဘာစီလိုနာမွာ ၄ ရာသီ၊ ဘိုင္ယန္ျမဴးနစ္မွာ ၃ ရာသီနဲ႔
အခုရာသီကုန္ဆိုရင္ မန္စီးတီးမွာ ၆ ႏွစ္ၾကာ ရွိသြားမွာပါ။
ဒါေပမဲ့ ႏွစ္ေပါင္းမ်ားစြာစိုးမိုးႏိုင္မယ့္အသင္းတစ္သင္းကို
တည္ေဆာက္ၿပီးေနာက္ အဲဒါကို ဂြါဒီယိုလာထားခဲ့ႏိုင္မွာမဟုတ္ဘူးလို႔
ကစားသမားေတြက ခံစားေနရေၾကာင္း နီးစပ္တဲ့သတင္းရင္းျမစ္တစ္ခုက
အဂၤလန္က The Mirror သတင္းစာကို ေျပာပါတယ္။
မန္စီးတီးဟာ သူတို႔အသင္းရဲ႕ေက်ာ႐ိုးကို ဆက္ထိန္းထားႏိုင္ေရးအတြက္
အသင္းရဲ႕ၾကယ္ပြင့္ကစားသမားအမ်ားအျပားကို ေရရွည္စာခ်ဳပ္ခ်ဳပ္ဆိုထားတာပါ။
ဒီအပတ္ထဲမွာ အခုရာသီအထူးေျခစြမ္းျပေနတဲ့
ေနာက္ခံအစြန္ကစားသမားကန္ဆယ္လိုကို ၂၀၂၇ အထိ
ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ၿပီး ကြင္းလယ္လူဂရီယာလစ္ရွ္နဲ႔
အဓိကေနာက္ခံလူ႐ူဘင္ဒီယက္စ္တို႔ရဲ႕စာခ်ဳပ္ေတြဟာလည္း
အဲဒီႏွစ္ေရာက္မွပဲ သက္တမ္းကုန္မွာပါ။
ဒီဘ႐ူနီ၊ ဘာနာဒိုေဆးလ္ဗားနဲ႔ လာေပၚတီတို႔ရဲ႕စာခ်ဳပ္ေတြဟာလည္း
အနည္းဆုံး ၂၀၂၅ အထိရွိၿပီး ဂိုးသမားအီဒါဆန္နဲ႔ေနာက္ခံလူ
ဂြၽန္စတုန္းတို႔ကလည္း ၂၀၂၆ အကုန္ေရာက္မွ သက္တမ္းကုန္မွာပါ။
လူငယ္ေျခတက္ေတြထဲက လီယမ္ဒီလပ္၊ မက္ကာတီးနဲ႔
ကိုးလ္ပါလ္မာတို႔ဟာလည္း ၂၀၂၆ အထိ စာခ်ဳပ္သက္တမ္းတိုးထားၾကပါတယ္။
ဂြါဒီယိုလာဟာ လြန္ခဲ့တဲ့ ၆ ႏွစ္က ပယ္လီဂရီနီေနရာ
အစားဝင္လာၿပီးကတည္းက မန္စီးတီးနဲ႔အတူ အဓိကဆုဖလား ၁၀ လုံးရရွိထားၿပီး
ဒီရာသီမွာလည္း သူ႔အသင္းဟာ စစ္မ်က္ႏွာ ၃ ခုဖြင့္ထားဆဲပါ။
ပရီးမီးယားလိဂ္မွာ ဒုတိယေနရာက လီဗာပူးကို ၉ မွတ္ျဖတ္ထားၿပီး
အက္ဖ္ေအဖလားမွာ ပၪၥမအဆင့္ကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ကာ
ခ်န္ပီယံလိဂ္မွာေတာ့ ၁၆ သင္းအဆင့္အျဖစ္ စပို႔တင္းနဲ႔ပြဲေခ်ာင္ေနပါတယ္။