
မန်စီးတီးနည်းပြဂွါဒီယိုလာဟာ သူတို့အသင်းကို တိုက်စစ်ဖွင့်ကစားရဲတဲ့
ပရီးမီးယားလိဂ် ၅ သင်းကို ထုတ်ပြောလိုက်ပေမယ့်
အဲဒီထဲမှာ သူတို့ရဲ့မြို့ခံပြိုင်ဘက် မန်ယူတော့ မပါဝင်ခဲ့ပါဘူး။
အဲဒီစပိန်သားနည်းပြဟာ သူတို့နဲ့တိုက်စစ်ချင်းယှဉ်ကစားရဲတဲ့ပထမဆုံးအသင်းအဖြစ်
ချန်ပီယံပြိုင်ဘက်လည်းဖြစ်တဲ့ လီဗာပူးကို ဖွင့်ပြောခဲ့ပါတယ်။
ဂွါဒီယိုလာရဲ့အသင်းဟာ ပြီးခဲ့တဲ့အပတ်က အဲဗာတန်နဲ့ပွဲမှာ
မာမာကျောကျောကစားတဲ့အိမ်ရှင်ကြောင့် ၁-၀ နဲ့အနိုင်ရဖို့အတွက်
မိနစ် ၉၀ လုံးကြိုးပမ်းအားထုတ်ခဲ့ရတာပါ။
ဒါကြောင့်လည်း ဂွါဒီယိုလာက ပရီးမီးယားလိဂ်က အသင်းအများစုဟာ
သူတို့နဲ့တွေ့ရင် ခံစစ်အထိုင်ချတဲ့ဗျူဟာနဲ့ချဉ်းကပ်လေ့ရှိကြောင်း ဆိုခဲ့တာပါ။
”ကျွန်တော်တို့နဲ့တွေ့ပြီဆို သူတို့က ခံစစ်ပိုဦးစားပေးကြတာ ဟုတ်ပါတယ်။
လီဗာပူးကလွဲရင် အများစုက အဲဒီလိုပါ။
တိုက်စစ်ဖွင့်ကစားရဲတာဆိုလို့ ဘရိုက်တန်ရှိမယ်၊ အာဆင်နယ်ရှိမယ်။
ခဏလေး ကျွန်တော်မေ့နေလို့ စဉ်းစားပါရစေ….ပြီးတော့ ဗီလာရှိမယ်။
သူတို့လည်း နည်းနည်းပါးပါးတိုက်စစ်ဖွင့်ရဲပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ တိုက်စစ်ဆင်ဖို့လုပ်ပြီဆို
သူတို့လည်း အကုန်နောက်ရောက်သွားတာပါပဲ။
လိဒ်ကလည်း ကျွန်တော်တို့ကို ဖွင့်ကစားရဲတဲ့အသင်းပါ။
ကျန်တာကတော့ ကျွန်တော်တု့ိနဲ့တွေ့ရင် ခံစစ်အပိတ်ပါပဲ။
ဒါပေမဲ့ ကျွန်တော်ပြောတာ မမှားဘူးလို့ မပြောပါဘူး။
နည်းပြတိုင်း၊ အသင်းတိုင်းမှာ ဘာမဆိုလုပ်နိုင်ခွင့်ရှိပါတယ်”လို့
ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
မန်စီးတီးဟာ လာမယ့်တနင်္ဂနွေပရီးမီးယားလိဂ်မှာတော့
ဂွါဒီယိုလာရဲ့အဆိုအရ သူတို့ကို တိုက်စစ်ဖွင့်မကစားရဲတဲ့
မြို့ခံပြိုင်ဘက်မန်ယူကို ဧည့်ခံကစားရမှာပါ။
လက်ရှိမှာတော့ မန်ချက်စတာနှစ်သင်းအကြား ၁၉ မှတ်တောင် ကွာဟနေပါတယ်။
ဒါပေမဲ့ မန်ယူဟာ မန်စီးတီးအိမ်ကွင်းသွားရောက်ကစားခဲ့တဲ့
ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၃ ကြိမ်စလုံး အနိုင်ရထားတာပါ။
zawgyi
ဂြါဒီယိုလာက သူတို႔အသင္းကို တိုက္စစ္ဖြင့္ကစားရဲတဲ့ ၅ သင္းကို ထုတ္ေျပာလိုက္ေပမယ့္ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ယူ မပါဝင္ခဲ့
မန္စီးတီးနည္းျပဂြါဒီယိုလာဟာ သူတို႔အသင္းကို တိုက္စစ္ဖြင့္ကစားရဲတဲ့
ပရီးမီးယားလိဂ္ ၅ သင္းကို ထုတ္ေျပာလိုက္ေပမယ့္
အဲဒီထဲမွာ သူတို႔ရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္ မန္ယူေတာ့ မပါဝင္ခဲ့ပါဘူး။
အဲဒီစပိန္သားနည္းျပဟာ သူတို႔နဲ႔တိုက္စစ္ခ်င္းယွဥ္ကစားရဲတဲ့ပထမဆုံးအသင္းအျဖစ္
ခ်န္ပီယံၿပိဳင္ဘက္လည္းျဖစ္တဲ့ လီဗာပူးကို ဖြင့္ေျပာခဲ့ပါတယ္။
ဂြါဒီယိုလာရဲ႕အသင္းဟာ ၿပီးခဲ့တဲ့အပတ္က အဲဗာတန္နဲ႔ပြဲမွာ
မာမာေက်ာေက်ာကစားတဲ့အိမ္ရွင္ေၾကာင့္ ၁-၀ နဲ႔အႏိုင္ရဖို႔အတြက္
မိနစ္ ၉၀ လုံးႀကိဳးပမ္းအားထုတ္ခဲ့ရတာပါ။
ဒါေၾကာင့္လည္း ဂြါဒီယိုလာက ပရီးမီးယားလိဂ္က အသင္းအမ်ားစုဟာ
သူတို႔နဲ႔ေတြ႕ရင္ ခံစစ္အထိုင္ခ်တဲ့ဗ်ဴဟာနဲ႔ခ်ဥ္းကပ္ေလ့ရွိေၾကာင္း ဆိုခဲ့တာပါ။
”ကြၽန္ေတာ္တို႔နဲ႔ေတြ႕ၿပီဆို သူတို႔က ခံစစ္ပိုဦးစားေပးၾကတာ ဟုတ္ပါတယ္။
လီဗာပူးကလြဲရင္ အမ်ားစုက အဲဒီလိုပါ။
တိုက္စစ္ဖြင့္ကစားရဲတာဆိုလို႔ ဘ႐ိုက္တန္ရွိမယ္၊ အာဆင္နယ္ရွိမယ္။
ခဏေလး ကြၽန္ေတာ္ေမ့ေနလို႔ စဥ္းစားပါရေစ….ၿပီးေတာ့ ဗီလာရွိမယ္။
သူတို႔လည္း နည္းနည္းပါးပါးတိုက္စစ္ဖြင့္ရဲပါတယ္။
ဒါေပမဲ့ ကြၽန္ေတာ္တို႔ တိုက္စစ္ဆင္ဖို႔လုပ္ၿပီဆို
သူတို႔လည္း အကုန္ေနာက္ေရာက္သြားတာပါပဲ။
လိဒ္ကလည္း ကြၽန္ေတာ္တို႔ကို ဖြင့္ကစားရဲတဲ့အသင္းပါ။
က်န္တာကေတာ့ ကြၽန္ေတာ္တု႔ိနဲ႔ေတြ႕ရင္ ခံစစ္အပိတ္ပါပဲ။
ဒါေပမဲ့ ကြၽန္ေတာ္ေျပာတာ မမွားဘူးလို႔ မေျပာပါဘူး။
နည္းျပတိုင္း၊ အသင္းတိုင္းမွာ ဘာမဆိုလုပ္ႏိုင္ခြင့္ရွိပါတယ္”လို႔
ဂြါဒီယိုလာက ေျပာၾကားခဲ့ပါတယ္။
မန္စီးတီးဟာ လာမယ့္တနဂၤေႏြပရီးမီးယားလိဂ္မွာေတာ့
ဂြါဒီယိုလာရဲ႕အဆိုအရ သူတို႔ကို တိုက္စစ္ဖြင့္မကစားရဲတဲ့
ၿမိဳ႕ခံၿပိဳင္ဘက္မန္ယူကို ဧည့္ခံကစားရမွာပါ။
လက္ရွိမွာေတာ့ မန္ခ်က္စတာႏွစ္သင္းအၾကား ၁၉ မွတ္ေတာင္ ကြာဟေနပါတယ္။
ဒါေပမဲ့ မန္ယူဟာ မန္စီးတီးအိမ္ကြင္းသြားေရာက္ကစားခဲ့တဲ့
ၿပိဳင္ပြဲအရပ္ရပ္ေနာက္ဆုံး ၃ ႀကိမ္စလုံး အႏိုင္ရထားတာပါ။