
မန်စီးတီးနည်းပြဂွါဒီယိုလာက ပြိုင်ဘက်အသင်းတိုက်စစ်မှုးစီရော်နယ်ဒိုဟာ
အသက် ၇၅ နှစ်ရောက်တာတောင် ဂိုးသွင်းနိုင်ဦးမှာလို့ မန်ချက်စတာဒါဘီပွဲမတိုင်ခင်
ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ
အဲဒီပေါ်တူဂီစူပါစတားဟာ မန်စီးတီးကိုရောက်လုနီးပါး ဖြစ်ခဲ့သေးတဲ့အပေါ်လည်း
ဂွါဒီယိုလာက ပြန်ပြောင်းပြောခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ
ဆယ်စုနှစ်တစ်ခုကျော်အကြာမှာ မန်ယူကို ပြန်ရောက်လာတာဖြစ်ပေမယ့်
အသင်းတိုက်စစ်ကို ဦးဆောင်နိုင်နေဆဲပါပဲ။ သူဟာ ၃၆ နှစ်ရှိနေပေမယ့်
ဒီရာသီ မန်ယူမှာ ခြေစွမ်းပြနေပြီး အရေးပါတဲ့သွင်းဂိုးများစွာ သွင်းယူထားတာပါ။
”စီရော်နယ်ဒိုဟာ သူ့တစ်ဘဝလုံး ဂိုးတွေသွင်းနိုင်ဦးမှာပါ။ ၇၅ နှစ်ရောက်လို့
အနားယူကောင်းယူသွားနိုင်တယ်။ ဒါပေမဲ့ သူ့ခြံထဲမှာ ကစားရင်းနဲ့တောင်
ဂိုးတွေသွင်းနိုင်ဦမှာပါ။ သူက မက်ဆီလိုပဲ ပြီးခဲ့တဲ့ဆယ်စုနှစ်ရဲ့ကမ္ဘာ့ဘောလုံး
လောကမှာ ဂိုးတွေတဒိုင်းဒိုင်းသွင်းပြီး သူတို့အသင်းအနိုင်ရအောင် ကူညီပေးခဲ့တာပါ။
သူပြန်လာတာဟာ ပရီးမီးယားလိဂ်အတွက် ကောင်းပါတယ်။ ယူနိုက်တက်က
စီရော်နယ်ဒိုကိုပိုင်ဆိုင်သလို စီရော်နယ်ဒိုကလည်း ယူနိုက်တက်ကို ပိုင်ဆိုင်ပါတယ်။
အဲဒါဟာ အတိတ်မှာ ဖြစ်ခဲ့တယ်။ ပစ္စုပ္ပန်နဲ့အနာဂါတ်မှာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
ကျွန်တော်တို့ကြည့်ကြတာပေါ့”လို့ ဂွါဒီယိုလာက Sky Sports ရုပ်သံကို ပြောကြားခဲ့တာပါ။
စီရော်နယ်ဒိုဟာ ဂျူဗင်တပ်က ထွက်ခွာဖို့ နီးစပ်ချိန်မှာ အသင်းပေါင်းများစွာနဲ့
သတင်းထွက်ခဲ့ပြီး အထူးသဖြင့် မန်စီးတီးနဲ့ သတင်ထွက်ခဲ့တာပါ။
အပြောင်းအရွှေ့နောက်ဆုံးရက်တွေမှာလည်း မန်စီးတီးကသာ
စီရော်နယ်ဒိုကိုခေါ်ယူနိုင်ဖို့ သတင်းကြီးခဲ့ပေမယ့် မန်ယူကသာ ကြားဖြတ်နဲ့
သူတို့ရဲ့ကြယ်ပွင့်ဟောင်းကို ပြန်ခေါ်နိုင်ခဲ့တာပါ။
မန်ယူနည်းပြဆိုးလ်ရှားကလည်း သူ့ရဲ့အသင်းဖော်ဟောင်းစီရော်နယ်ဒိုအနေနဲ့
မန်စီးတီးအင်္ကျီဝတ်ဆင်မယ်လို့ ဘယ်တုန်းကမှ မတွေးမိကြောင်း ပြောကြားထားပါတယ်။
အဲဒီအကြောင်းမေးတော့ ဂွါဒီယိုလာက”သူတို့ကို မေးရမှာပါ။
သူတို့နှစ်ယောက်စလုံး အဲဒီမှာ ပျော်နေတယ်လို့ ထင်တယ်မလား။
အဲဒါက အရေးအကြီးဆုံးပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
zawgyi
ဂြါဒီယိုလာက ေရာ္နယ္ဒိုဟာ အသက္ ၇၅ ႏွစ္ေရာက္တာေတာင္ ဂိုးသြင္းႏိုင္ဦးမွာလို႔ မန္ခ်က္စတာဒါဘီပြဲမတိုင္ခင္ ေျပာၾကား
မန္စီးတီးနည္းျပဂြါဒီယိုလာက ၿပိဳင္ဘက္အသင္းတိုက္စစ္မႈးစီေရာ္နယ္ဒိုဟာ
အသက္ ၇၅ ႏွစ္ေရာက္တာေတာင္ ဂိုးသြင္းႏိုင္ဦးမွာလို႔ မန္ခ်က္စတာဒါဘီပြဲမတိုင္ခင္
ေျပာၾကားလိုက္ပါတယ္။ ဒါ့အျပင္ ဒီႏွစ္ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ
အဲဒီေပၚတူဂီစူပါစတားဟာ မန္စီးတီးကိုေရာက္လုနီးပါး ျဖစ္ခဲ့ေသးတဲ့အေပၚလည္း
ဂြါဒီယိုလာက ျပန္ေျပာင္းေျပာခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ
ဆယ္စုႏွစ္တစ္ခုေက်ာ္အၾကာမွာ မန္ယူကို ျပန္ေရာက္လာတာျဖစ္ေပမယ့္
အသင္းတိုက္စစ္ကို ဦးေဆာင္ႏိုင္ေနဆဲပါပဲ။ သူဟာ ၃၆ ႏွစ္ရွိေနေပမယ့္
ဒီရာသီ မန္ယူမွာ ေျခစြမ္းျပေနၿပီး အေရးပါတဲ့သြင္းဂိုးမ်ားစြာ သြင္းယူထားတာပါ။
”စီေရာ္နယ္ဒိုဟာ သူ႔တစ္ဘဝလုံး ဂိုးေတြသြင္းႏိုင္ဦးမွာပါ။ ၇၅ ႏွစ္ေရာက္လို႔
အနားယူေကာင္းယူသြားႏိုင္တယ္။ ဒါေပမဲ့ သူ႔ၿခံထဲမွာ ကစားရင္းနဲ႔ေတာင္
ဂိုးေတြသြင္းႏိုင္ဦမွာပါ။ သူက မက္ဆီလိုပဲ ၿပီးခဲ့တဲ့ဆယ္စုႏွစ္ရဲ႕ကမာၻ႔ေဘာလုံး
ေလာကမွာ ဂိုးေတြတဒိုင္းဒိုင္းသြင္းၿပီး သူတို႔အသင္းအႏိုင္ရေအာင္ ကူညီေပးခဲ့တာပါ။
သူျပန္လာတာဟာ ပရီးမီးယားလိဂ္အတြက္ ေကာင္းပါတယ္။ ယူႏိုက္တက္က
စီေရာ္နယ္ဒိုကိုပိုင္ဆိုင္သလို စီေရာ္နယ္ဒိုကလည္း ယူႏိုက္တက္ကို ပိုင္ဆိုင္ပါတယ္။
အဲဒါဟာ အတိတ္မွာ ျဖစ္ခဲ့တယ္။ ပစၥဳပၸန္နဲ႔အနာဂါတ္မွာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။
ကြၽန္ေတာ္တို႔ၾကည့္ၾကတာေပါ့”လို႔ ဂြါဒီယိုလာက Sky Sports ႐ုပ္သံကို ေျပာၾကားခဲ့တာပါ။
စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္က ထြက္ခြာဖို႔ နီးစပ္ခ်ိန္မွာ အသင္းေပါင္းမ်ားစြာနဲ႔
သတင္းထြက္ခဲ့ၿပီး အထူးသျဖင့္ မန္စီးတီးနဲ႔ သတင္ထြက္ခဲ့တာပါ။
အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္ေတြမွာလည္း မန္စီးတီးကသာ
စီေရာ္နယ္ဒိုကိုေခၚယူႏိုင္ဖို႔ သတင္းႀကီးခဲ့ေပမယ့္ မန္ယူကသာ ၾကားျဖတ္နဲ႔
သူတို႔ရဲ႕ၾကယ္ပြင့္ေဟာင္းကို ျပန္ေခၚႏိုင္ခဲ့တာပါ။
မန္ယူနည္းျပဆိုးလ္ရွားကလည္း သူ႔ရဲ႕အသင္းေဖာ္ေဟာင္းစီေရာ္နယ္ဒိုအေနနဲ႔
မန္စီးတီးအက်ႌဝတ္ဆင္မယ္လို႔ ဘယ္တုန္းကမွ မေတြးမိေၾကာင္း ေျပာၾကားထားပါတယ္။
အဲဒီအေၾကာင္းေမးေတာ့ ဂြါဒီယိုလာက”သူတို႔ကို ေမးရမွာပါ။
သူတို႔ႏွစ္ေယာက္စလုံး အဲဒီမွာ ေပ်ာ္ေနတယ္လို႔ ထင္တယ္မလား။
အဲဒါက အေရးအႀကီးဆုံးပါ”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။