ဂွါကြီးလည်း ကိုဗစ်ဖြစ်ပြီ..

မန်စီးတီးအသင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု မြင့်တက်နေပြီး ကူးစက်ခံ

ရသူများထဲတွင်နည်းပြဂွါဒီယိုလာ ပါ၀င်လာပြီး စုစုပေါင်း ၂၁ ဦးအထိ ကူးစက်ခံ

ထားရပြီဖြစ်ပါတယ်။

ဒါကြောင့် အခုအချိန်မှာ ဂွါဒီယိုလာဟာ သီးသန့်ခွဲခြားနေထိုင်နေရပြီး သောကြာ

နေ့မှာကစားမယ့် ဆွင်ဒန်နဲ့ FA ဖလားပွဲစဥ်ကို လွဲချော်မှာပဲဖြစ်ပါတယ်။

ကိုဗစ်ဂယက် တိုက်ခိုက်မှုခံနေရပေမဲ့.. စီးတီးတို့ကတော့ ပွဲရွှေ့ဆိုင်းဖို့ တောင်းဆို

မှာမဟုတ်ဘဲဆွင်ဒန်နဲ့ပွဲကို ယှဥ်ပြိုင်ကစားသွားမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း နောက်အပတ် စနေနေ့မှာတော့ ချဲလ်ဆီးနဲ့ပရီးမီးယားလိဂ်ပွဲစဥ်ရှိ

နေပြီး အဲဒီအချိန်မတိုင်ခင်မှာ ကိုဗစ်ပြသနာကင်းရှင်းဖို့ မျှော်လင့်နေပါတယ်…

Zawgyi









