ဂျွန်တယ်ရီအတွက်တော့ အာဆင်နယ်ရဲ့ကစားပုံက ဆွဲဆောင်မှုမရှိခဲ့ဘူး

ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီက သူ့အတွက်တော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ စိတ်လှုပ်ရှားမှုအပေးနိုင်ဆုံးအသင်းမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ ဒီတစ်ပတ်အဝေးကွင်းမှာ

အာဆင်နယ်ဟာ တန်းတက်ဘုန်းမောက်ကိုထပ်မံအနိုင်ရပြီး စနေညအမှတ်ပေးဇယားကို ဦးဆောင်သွားနိုင်ခဲ့တာပါ။ အဲဒီနောက် အာဆင်နယ်ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ

အကောင်းမြင်မှတ်ချက်ပေးမှုတွေလည်းအများအပြား ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ SPORTbible ကနေ အာဆင်နယ်စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး “အာဆင်နယ် ဟာ ပရီးမီးယားလိဂ်မှာ

စိတ်လှုပ်ရှားမှုအပေးနိုင်ဆုံးအသင်းလား”ဆိုပြီးမှတ်ချက်တောင်းခံခဲ့ရာမှာတော့ ဂျွန်တယ်ရီက “NO”ဆိုပြီး ဝင်ရောက်မှတ်ချက်ပေးသွားခဲ့တာပါ။ ဒါပေမယ့် နောက်ထပ်မှတ်ချက်တစ်ခုမှာတော့ ဒီရာသီမှာ

အာဆင်နယ်အသင်းပိုကောင်းလာသလို ဂျီးဆပ်စ်ရဲ့ကစားပုံကိုလည်း နှစ်သက်ကြောင်းဆိုခဲ့ပြီး ပရိသတ် တွေကို ရသအပေးနိုင်ဆုံးအသင်းမဟုတ်သေးဘူးလို့ ပြန်လည်ရှင်းလင်းသွားခဲ့တာတွေ့ရပါတယ်။

အာဆင်နယ် အတွက်ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးသစ် ဂျီးဆပ်စ်ဟာ ဘုန်းမောက်နဲ့ပွဲစဉ်မှာ အဲဒီပွဲစဉ်ရဲ့ အကောင်းဆုံးကစား သမားဆုကိုရရှိထားခဲ့တာပါ။ ဒီရာသီမှာ မန်စီးတီးကနေပြောင်းလာတဲ့ ဂျီးဆပ်စ်ဟာ

အာဆင်နယ်အတွက် ၃ပွဲမှာ ၂ဂိုးသွင်းယူထားပြီး ၃ဂိုးဖန်တီးပေးထားနိုင်တာဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာကတော့ အသင်းရဲ့ ရလဒ်တွေအတွက်ပျော်ရွှင်မိပေမယ့်

ချီးကျူးမှုတွေကတော့ စောလွန်းနေသေးတယ်လို့တုံ့ပြန်ခဲ့ပါတယ်။ လက်ရှိ အသင်းခြေစွမ်းနဲ့ပုံစံကောင်းကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားသွားရဦးမှာ ဖြစ်တယ်လို့ပြောခဲ့ပါတယ်။

(zawgyi)

ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ေဟာင္း ဂြၽန္တယ္ရီက သူ႔အတြက္ေတာ့ အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာ စိတ္လႈပ္ရွားမႈအေပးႏိုင္ဆုံးအသင္းမဟုတ္ဘူးလို႔ ေျပာလိုက္ပါတယ္။ ဒီတစ္ပတ္အေဝးကြင္းမွာ အာဆင္နယ္ဟာ

တန္းတက္ဘုန္းေမာက္ကိုထပ္မံအႏိုင္ရၿပီး စေနညအမွတ္ေပးဇယားကို ဦးေဆာင္သြားႏိုင္ခဲ့တာပါ။ အဲဒီေနာက္ အာဆင္နယ္ရဲ႕ေျခစြမ္းနဲ႔ပတ္သက္ၿပီး ဆိုရွယ္မီဒီယာေပၚမွာ အေကာင္းျမင္မွတ္ခ်က္ေပးမႈေတြလည္းအမ်ားအျပား

ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ SPORTbible ကေန အာဆင္နယ္စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး “အာဆင္နယ္ ဟာ ပရီးမီးယားလိဂ္မွာ စိတ္လႈပ္ရွားမႈအေပးႏိုင္ဆုံးအသင္းလား”ဆိုၿပီးမွတ္ခ်က္ေတာင္းခံခဲ့ရာမွာေတာ့

ဂြၽန္တယ္ရီက “NO”ဆိုၿပီး ဝင္ေရာက္မွတ္ခ်က္ေပးသြားခဲ့တာပါ။ ဒါေပမယ့္ ေနာက္ထပ္မွတ္ခ်က္တစ္ခုမွာေတာ့ ဒီရာသီမွာ အာဆင္နယ္အသင္းပိုေကာင္းလာသလို ဂ်ီးဆပ္စ္ရဲ႕ကစားပုံကိုလည္း ႏွစ္သက္ေၾကာင္းဆိုခဲ့ၿပီး

ပရိသတ္ ေတြကို ရသအေပးႏိုင္ဆုံးအသင္းမဟုတ္ေသးဘူးလို႔ ျပန္လည္ရွင္းလင္းသြားခဲ့တာေတြ႕ရပါတယ္။ အာဆင္နယ္ အတြက္ေျခစြမ္းျပေနတဲ့ တိုက္စစ္မႉးသစ္ ဂ်ီးဆပ္စ္ဟာ ဘုန္းေမာက္နဲ႔ပြဲစဥ္မွာ

အဲဒီပြဲစဥ္ရဲ႕ အေကာင္းဆုံးကစား သမားဆုကိုရရွိထားခဲ့တာပါ။ ဒီရာသီမွာ မန္စီးတီးကေနေျပာင္းလာတဲ့ ဂ်ီးဆပ္စ္ဟာ အာဆင္နယ္အတြက္ ၃ပြဲမွာ ၂ဂိုးသြင္းယူထားၿပီး ၃ဂိုးဖန္တီးေပးထားႏိုင္တာျဖစ္ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာကေတာ့ အသင္းရဲ႕ ရလဒ္ေတြအတြက္ေပ်ာ္႐ႊင္မိေပမယ့္ ခ်ီးက်ဴးမႈေတြကေတာ့ ေစာလြန္းေနေသးတယ္လို႔တုံ႔ျပန္ခဲ့ပါတယ္။ လက္ရွိ အသင္းေျခစြမ္းနဲ႔ပုံစံေကာင္းကို ဆက္ထိန္းႏိုင္ဖို႔ ႀကိဳးစားသြားရဦးမွာ ျဖစ္တယ္လို႔ေျပာခဲ့ပါတယ္။