ရော်နယ်ဒိုရဲ့ချစ်သူလေးဂျော်ဂျီနာကတော့ သူမရဲ့ကျော်ကြားလှတဲ့
Netflix ရှိုး ဒုတိယအခန်းဆက်အတွက်ပရိုမိုးရှင်းလုပ်ခဲ့ပြီဖြစ်တယ်။
“I am Georgina” လို့အဓိပ္ပါယ်ရတဲ့ ဒီစီးရီးဟာ မတ်လအတွင်းမှာ
ပြန်လာတော့မယ်ဆိုတဲ့အကြောင်းကို ပရိသတ်တွေအတွက်
ဂျော်ဂျီနာကအသိပေးလိုက်တာပါ။ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ
ပထမဆုံးစီးရီးကိုချပြခဲ့ပြီး သူမရဲ့စိတ်ဝင်စားဖွယ်ရာ
ဘဝနောက်ခံတွေ၊ ရော်နယ်ဒိုနဲ့ပက်သတ်တဲ့အကြောင်းအရာတွေ
ပါဝင်ခဲ့တာဖြစ်တယ်။ ဒါတွေနဲ့ပက်သတ်လို့ ဒုတိယစီးရီး
လာတော့မယ်လို့ သူမရဲ့ followers ၄၅.၄ သန်းရှိတဲ့
အင်စတာဂရမ်စာမျက်နှာမှာ ဂျော်ဂျီနာက ပရိုမိုးရှင်းလုပ်လိုက်တာပါ။
အနက်ရောင်အင်္ကျီလေးနဲ့အရိုင်းဆန်ဆန်လေးဝတ်ထားပြီး
နှုတ်ခမ်းဖျားမှာ ဝီစီတပ်ထားသလို ကွင်းလယ်ဒိုင်တစ်ယောက်လို
အနီကတ်နဲ့အလန်းစားပို့စ်ပေးထားတဲ့ပုံရိပ်ကို ဂျော်ဂျီနာက
သူမရဲ့ followers ၄၅.၄ သန်းရှိတဲ့ အင်စတာဂရမ်စာမျက်နှာမှာ
မျှဝေခဲ့ပါတယ်။ ဒါ့အပြင် “နှစ်ဆသွားကြရအောင်” ဆိုတဲ့
စာသားလေးနဲ့ ပရိသတ်ကိုဖမ်းစားပြလိုက်တာဖြစ်တယ်။
Netflix ရှိုးရဲ့ ဒုတိယစီးရီးကိုတော့ ဒီနှစ်နှောင်းပိုင်းမှာ
ရုံတင်ပြသမယ်လို့ သူမကအသိပေးခဲ့တဲ့နောက် ပရိသတ်
တစ်ယောက်က “ရက်စွဲကိုအတည်ပြုပေးပါ” လို့ တုံ့ပြန်ခဲ့သလို
ဒုတိယတစ်ယောက်က “စိတ်လှုပ်ရှားဖို့ကောင်းမယ်” လို့
မှတ်ချက်ပေးခဲ့ပါတယ်။ တတိယတစ်ယောက်ကတော့
“သဘောကျလိုက်တာ၊ ကြည့်ဖို့မစောင့်နိုင်အောင်ပါပဲ” လို့ တုံ့ပြန်ရေးသားထားပါတယ်။
zawgyi
ဂျော်ဂျီနာရိုဒရီဂွက်ဇ်ရဲ့ ဒုတိယအကြိမ်မြောက် Netflix show ရုံတင်တော့မယ်
မှတ်ချက်ပေးခဲ့ပါတယ်။ တတိယတစ်ယောက်ကတော့