ဂျော်ဂျင်ဟိုရဲ့ပင်နယ်တီလွဲချော်မှုကြောင့် အီတလီဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်ဖို့ စောင့်ရဦးမှာဖြစ်

မနေ့ညက ဆွစ်ဇာလန်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ ဂျော်ဂျင်ဟိုရဲ့ပင်နယ်တီ

လွဲချော်မှုကြောင့် အီတလီဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်ဖို့

စောင့်ရဦးမှာဖြစ်ပေမယ့် အဲဒီချဲလ်ဆီးကွင်းလယ်လူဘက်ကနေ

အီတလီအသင်းနည်းပြ မန်ချီနီက ကာကွယ်စကားဆိုလိုက် ပါတယ်။

ဒီပွဲမှာဆွစ်ဇာလန်က ၁၁ မိနစ်မှာဦးဆောင်ဂိုးရယူခဲ့ပြီး ၃၆ မိနစ်မှာလော်ရန်ဇိုက

အိမ်ရှင်အတွက်ချေပဂိုးသွင်းခဲ့ပါတယ်။ ဒါ ပေမယ့်ပွဲပြီကာနီး

နာကျင်အချိန်ပိုမှာအီတလီအသင်း ပင်နယ်တီရခဲ့ပြီးဒါကို ဂျော်ဂျင်ဟိုက

ကန်သွင်းခဲ့ရာမှာ ဘားတန်းထိပြီးထွက်သွား ခဲ့ပါတယ်။ ဂျော်ဂျင်ဟို ဟာ

သူကန်နေကျပုံစံဖြစ်တဲ့ တစ်ဆင့်ချင်းပြေးပြီးကန်မှုကို

စွန့်လွှတ်ပြီးပုံမှန်ပြေးကာကန်သွင်းခဲ့တာပါ။

ဒါပေမယ့်ဘားတန်းထိပြီးလွဲချော်ခဲ့တဲ့အတွက်

သူ့ကိုဝေဖန်မှုတွေရှိနေပါတယ်။ ဒီပင်နယ်တီသာဝင်ခဲ့ရင် အီတလီအသင်းဟာ

ခြေစစ်ပွဲအောင် မြင်မှာဖြစ်ပေမယ့် အခုတော့တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့အတွက်

မြောက်အိုင်ယာလန်နဲ့ အဝေးကွင်းကစားရမယ့်ပွဲမှာမဖြစ်မနေအနိုင်ရဖို့

လိုအပ်လာခဲ့ပါတယ်။ အီတလီဟာခြေစစ်ပွဲအုပ်စု C မှာဆွစ်ဇာလန်နဲ့ ၁၅ မှတ်စီ

တူညီနေပြီးဂိုးကွာခြားချက်အသာ စီးရရှိမှုကြောင့်သာ ထိပ်ဆုံးကဦးဆောင်နေတာပါ။

လာမယ့်တနင်္လာနေ့မှာ အီတလီကမြောက်အိုင်ယာလန်နဲ့အဝေးကွင်းကစားရမှာဖြစ်ပြီး

ဆွစ်ဇာလန်က ဘူဂေးရီးယားကို အိမ်ကွင်းမှာကစားရမှာဖြစ်လို့

ဂျော်ဂျင်ဟိုရဲ့ပင်နယ်တီလွဲမှုဟာ အီတလီအတွက်ပေးဆပ်မှုကြီးမားသွားနိုင်တယ် လို့လည်း

သုံးသပ်နေကြပါတယ်။ လက်ရှိမှာမြောက်အိုင်ယာလန်နဲ့ ဘူဂေးရီးယားတို့ဟာ

၈ မှတ်စီနဲ့ တတိယနဲ့စတုတ္ထနေရာတို့မှာရပ်တည်နေကြလို့ ဒုတိယအဆင့်ခြေစစ် ပွဲ

ဝင်ပြိုင်ဖို့အခွင့်အရေးကိုယ်စီရှိထားကြပါတယ်။

ဂျော်ဂျင်ဟိုဟာ ယူရို ၂၀၂၀ ဗိုလ်လုပွဲတုန်းက အင်္ဂလန်အသင်းနဲ့ပင်နယ်တီအဆုံးအဖြတ်ခံယူတော့

ပင်နယ်တီလွဲခဲ့သေးသလို ဆွစ်ဇာလန်နဲ့ ပထမအကျော့ခြေစစ်ပွဲတုန်းကလည်း

လွဲခဲ့သေးလို့ သူဟာအီတလီအတွက် ပင်နယ်တီလွဲခဲ့တာ ၃ ကြိမ်ဆက်ရှိနေပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချီနီက ဂျော်ဂျင်ဟိုဟာအီတလီအသင်းရဲ့အကောင်းဆုံး

ပင်နယ် တီကန်သွင်းသူတွေထဲကတစ်ဦးဖြစ်ပြီး လွဲချော်မှုတွေဆိုတာဖြစ်တတ်ပါတယ်လို့

ဆိုခဲ့ပါတယ်။ သူက” ဆွစ်ဇာလန်နဲ့ပထမအကျော့တုန်း ကလည်း

ပင်နယ်တီလွဲခဲ့တာဘဲ။ ဒါမျိုးကဖြစ်တတ်ပါတယ်။ ဂျော်ဂျင်ဟိုဟာ

ကျွန်တော်တို့အတွက်အကောင်းဆုံးပင်နယ်တီကန်သွင်းနိုင် သူဖြစ်နေတုန်းပါဘဲ။

ဒီအချိန်မှာသူ့ကိုဖေးမရပါမယ်” လို့ပြောသွားပါတယ်။

zawgyi

ေဂ်ာ္ဂ်င္ဟိုရဲ႕ပင္နယ္တီလြဲေခ်ာ္မႈေၾကာင့္ အီတလီဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ ေအာင္ဖို႔ ေစာင့္ရဦးမွာျဖစ္

မေန႔ညက ဆြစ္ဇာလန္နဲ႔ ၁-၁ သေရက်ခဲ့တဲ့ပြဲမွာ ေဂ်ာ္ဂ်င္ဟိုရဲ႕ပင္နယ္တီ

လြဲေခ်ာ္မႈေၾကာင့္ အီတလီဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ ေအာင္ဖို႔

ေစာင့္ရဦးမွာျဖစ္ေပမယ့္ အဲဒီခ်ဲလ္ဆီးကြင္းလယ္လူဘက္ကေန

အီတလီအသင္းနည္းျပ မန္ခ်ီနီက ကာကြယ္စကားဆိုလိုက္ ပါတယ္။

ဒီပြဲမွာဆြစ္ဇာလန္က ၁၁ မိနစ္မွာဦးေဆာင္ဂိုးရယူခဲ့ၿပီး ၃၆ မိနစ္မွာေလာ္ရန္ဇိုက

အိမ္ရွင္အတြက္ေခ်ပဂိုးသြင္းခဲ့ပါတယ္။ ဒါ ေပမယ့္ပြဲၿပီကာနီး

နာက်င္အခ်ိန္ပိုမွာအီတလီအသင္း ပင္နယ္တီရခဲ့ၿပီးဒါကို ေဂ်ာ္ဂ်င္ဟိုက

ကန္သြင္းခဲ့ရာမွာ ဘားတန္းထိၿပီးထြက္သြား ခဲ့ပါတယ္။ ေဂ်ာ္ဂ်င္ဟို ဟာ

သူကန္ေနက်ပုံစံျဖစ္တဲ့ တစ္ဆင့္ခ်င္းေျပးၿပီးကန္မႈကို စြန႔္လႊတ္ၿပီ

းပုံမွန္ေျပးကာကန္သြင္းခဲ့တာပါ။ ဒါေပ မယ့္ဘားတန္းထိၿပီးလြဲေခ်ာ္ခဲ့တဲ့အတြက္

သူ႔ကိုေဝဖန္မႈေတြရွိေနပါတယ္။ ဒီပင္နယ္တီသာဝင္ခဲ့ရင္ အီတလီအသင္းဟာ

ေျခစစ္ပြဲေအာင္ ျမင္မွာျဖစ္ေပမယ့္ အခုေတာ့တိုက္႐ိုက္ေျခစစ္ပြဲေအာင္ဖို႔အတြက္

ေျမာက္အိုင္ယာလန္နဲ႔ အေဝးကြင္းကစားရမယ့္ပြဲမွာမျဖစ္မေနအႏိုင္ရဖို႔

လိုအပ္လာခဲ့ပါတယ္။ အီတလီဟာေျခစစ္ပြဲအုပ္စု C မွာဆြစ္ဇာလန္နဲ႔ ၁၅ မွတ္စီ

တူညီေနၿပီးဂိုးကြာျခားခ်က္အသာ စီးရရွိမႈေၾကာင့္သာ ထိပ္ဆုံးကဦးေဆာင္ေနတာပါ။

လာမယ့္တနလၤာေန႔မွာ အီတလီကေျမာက္အိုင္ယာလန္နဲ႔အေဝးကြင္းကစားရမွာျဖစ္ၿပီး

ဆြစ္ဇာလန္က ဘူေဂးရီးယားကို အိမ္ကြင္းမွာကစားရမွာျဖစ္လို႔

ေဂ်ာ္ဂ်င္ဟိုရဲ႕ပင္နယ္တီလြဲမႈဟာ အီတလီအတြက္ေပးဆပ္မႈႀကီးမားသြားႏိုင္တယ္ လို႔လည္း

သုံးသပ္ေနၾကပါတယ္။ လက္ရွိမွာေျမာက္အိုင္ယာလန္နဲ႔ ဘူေဂးရီးယားတို႔ဟာ

၈ မွတ္စီနဲ႔ တတိယနဲ႔စတုတၳေနရာတို႔မွာရပ္တည္ေနၾကလို႔ ဒုတိယအဆင့္ေျခစစ္ ပြဲ

ဝင္ၿပိဳင္ဖို႔အခြင့္အေရးကိုယ္စီရွိထားၾကပါတယ္။ ေဂ်ာ္ဂ်င္ဟိုဟာ

ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲတုန္းက အဂၤလန္အသင္းနဲ႔ပင္နယ္တီအဆုံးအ ျဖတ္ခံယူေတာ့

ပင္နယ္တီလြဲခဲ့ေသးသလို ဆြစ္ဇာလန္နဲ႔ ပထမအေက်ာ့ေျခစစ္ပြဲတုန္းကလည္း

လြဲခဲ့ေသးလို႔ သူဟာအီတလီအတြက္ ပင္နယ္တီလြဲခဲ့တာ ၃ ႀကိမ္ဆက္ရွိေနၿပီျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်ီနီက ေဂ်ာ္ဂ်င္ဟိုဟာအီတလီအသင္းရဲ႕အေကာင္းဆုံး

ပင္နယ္ တီကန္သြင္းသူေတြထဲကတစ္ဦးျဖစ္ၿပီး လြဲေခ်ာ္မႈေတြဆိုတာျဖစ္တတ္ပါတယ္လို႔

ဆိုခဲ့ပါတယ္။ သူက” ဆြစ္ဇာလန္နဲ႔ပထမအေက်ာ့တုန္း ကလည္း

ပင္နယ္တီလြဲခဲ့တာဘဲ။ ဒါမ်ိဳးကျဖစ္တတ္ပါတယ္။ ေဂ်ာ္ဂ်င္ဟိုဟာ

ကြၽန္ေတာ္တို႔အတြက္အေကာင္းဆုံးပင္နယ္တီကန္သြင္းႏိုင္ သူျဖစ္ေနတုန္းပါဘဲ။

ဒီအခ်ိန္မွာသူ႔ကိုေဖးမရပါမယ္” လို႔ေျပာသြားပါတယ္။