ဂျူဗင်တပ်အသင်းရုံးခန်းတွေကို အီတလီရဲတပ်ဖွဲ့ဟာ စီးနင်းရှာဖွေမှုတွေ ပြုလုပ်ခဲ့

အသင်းရဲ့ငွေကြေးအကျိုးအမြတ်ပိုင်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးခံနေရတဲ့

ဂျူဗင်တပ်ဟာ စီးရီးဘီကို တန်းဆင်းရနိုင်ပြီး သူတို့နောက်ဆုံးရခဲ့တဲ့

၂၀၂၀ စီးရီးအေချန်ပီယံဆုလည်း ရုပ်သိမ်းခံရနိုင်ကြောင်း အီတလီက

စားသုံးသူအခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

မကြာသေးခင်ရက်ပိုင်းကပဲ အပြောင်းအရွှေ့တွေကနေ အသင်းရဲ့

အကျိုးအမြတ်နဲ့ပတ်သက်လို့ အီတလီရဲတပ်ဖွဲ့ဟာ ဂျူဗင်တပ်အသင်းရုံးခန်းတွေကို

စီးနင်းရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီစီးရီးအေအသင်းကြီးဟာ ငွေကြေးစာရင်းနဲ့ပတ်သက်လို့

လိမ်ညာမှုတွေလုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး တကယ်လို့ အပြစ်ရှိကြောင်း

တွေ့ရှိမယ်ဆိုရင် အဲဒီရဲ့သက်ရောက်မှုနဲ့ပတ်သက်လို့ အီတလီစားသုံးသူများ

အခွင့်အရေးကာကွယ်မှုဥက္ကဌဒွန်ဇယ်လီက ပြောကြားခဲ့တာပါ။

”တကယ်လို့ ဂျူဗင်တပ်ဟာ ပြိုင်ဘက်ကလပ်တွေအပေါ်မှာ

မလျော်ကန်တဲ့အသားစီးရမှုပုံစံရှိခဲ့မယ်ဆိုရင် အဲဒီအတွက် ပိတ်ပင်မှုတွေ

ပြုလုပ်ရမှာပါ။ စီးရီးဘီကို တန်းဆင်းစေဖို့ ပြည်နည်အစိုးရရှေ့နေရုံးကို

တောင်းဆိုသွားမှာဖြစ်ပြီး သူတို့နောက်ဆုံးရခဲ့တဲ့စီးရီးအေချန်ပီယံဆုကိုလည်း

ရုပ်သိမ်းရမှာပါ”လို့ ဒွန်ဇယ်လီက ပြောခဲ့တာပါ။

အီတလီအာဏာပိုင်တွေဟာ တူရင်နဲ့မီလန်မြို့မှာရှိတဲ့

ဂျူဗင်တပ်အသင်းရုံးခန်းတွေကနေ အပြောင်းအရွှေ့တွေ၊

ငွေရေးကြေးရေးတွေနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေကို သိမ်းယူသွားပါတယ်။

ဒါ့အပြင် အသင်းဥက္ကဌအက်ဂ်နယ်လီ၊ အသင်းဒုဥက္ကဌနတ်ဗက်တို့အပါအဝင်

ဂျူဗင်တပ်အသင်းတာဝန်ရှိသူ ၆ ယောက်ဟာ စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။

အခုစပါးမှာ ရောက်နေတဲ့ ဂျူဗင်တပ်အားကစားဒါရိုက်တာဟောင်း

ပါရာတီစီဟာလည်း စုံစမ်းစစ်ဆေးခြင်း ခံနေရတာပါ။

နာမည်ကြီးအီတလီအားကစားသတင်းစာဖြစ်တဲ့ ဂဇက်တာဒယ်လိုစပေါ့ကတော့

ကန်ဆယ်လို၊ အာသာ၊ ဒါနီလိုနဲ့ ပီဂျာနစ်တို့အပါအဝင် အပြောင်းအရွှေ့ ၄၂ ခုဟာ

တာဝန်ရှိသူတွေရဲ့စုံစမ်းစစ်ဆေးခြင်းခံနေရတယ်လို့ ဖော်ပြခဲ့ပါတယ်။

တကယ်လို့ စီးရီးဘီတန်းဆင်းရပြီး စကူဒတ်တိုချန်ပီယံဆုရုပ်သိမ်းခံရမယ်ဆိုရင်

ဒီလိုမျိုးပြစ်ဒဏ်ချခံရတာ ၂၁ ရာစုအတွင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်သွားမှာပါ။

ဂျူဗင်တပ်ဟာ လုပ်ပွဲအရှုပ်တော်ပုံကြောင့် ၂၀၀၆ တုန်းကလည်း

စီးရီးအေချန်ပီယံဆုတွေ ရုပ်သိမ်းခံခဲ့ရပြီး စီးရီးဘီကို တန်းဆင်းခဲ့ရဖူးပါတယ်။

zawgyi

ဂ်ဴဗင္တပ္အသင္း႐ုံးခန္းေတြကို အီတလီရဲတပ္ဖြဲ႕ဟာ စီးနင္းရွာေဖြမႈေတြ ျပဳလုပ္ခဲ့

အသင္းရဲ႕ေငြေၾကးအက်ိဳးအျမတ္ပိုင္းနဲ႔ပတ္သက္လို႔ စုံစမ္းစစ္ေဆးခံေနရတဲ့

ဂ်ဴဗင္တပ္ဟာ စီးရီးဘီကို တန္းဆင္းရႏိုင္ၿပီး သူတို႔ေနာက္ဆုံးရခဲ့တဲ့

၂၀၂၀ စီးရီးေအခ်န္ပီယံဆုလည္း ႐ုပ္သိမ္းခံရႏိုင္ေၾကာင္း အီတလီက

စားသုံးသူအခြင့္အေရးေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕က ေျပာၾကားလိုက္ပါတယ္။

မၾကာေသးခင္ရက္ပိုင္းကပဲ အေျပာင္းအေ႐ႊ႕ေတြကေန အသင္းရဲ႕

အက်ိဳးအျမတ္နဲ႔ပတ္သက္လို႔ အီတလီရဲတပ္ဖြဲ႕ဟာ ဂ်ဴဗင္တပ္အသင္း႐ုံးခန္းေတြကို

စီးနင္းရွာေဖြမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

အဲဒီစီးရီးေအအသင္းႀကီးဟာ ေငြေၾကးစာရင္းနဲ႔ပတ္သက္လို႔

လိမ္ညာမႈေတြလုပ္ခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရၿပီး တကယ္လို႔ အျပစ္ရွိေၾကာင္း

ေတြ႕ရွိမယ္ဆိုရင္ အဲဒီရဲ႕သက္ေရာက္မႈနဲ႔ပတ္သက္လို႔ အီတလီစားသုံးသူမ်ား

အခြင့္အေရးကာကြယ္မႈဥကၠဌဒြန္ဇယ္လီက ေျပာၾကားခဲ့တာပါ။

”တကယ္လို႔ ဂ်ဴဗင္တပ္ဟာ ၿပိဳင္ဘက္ကလပ္ေတြအေပၚမွာ

မေလ်ာ္ကန္တဲ့အသားစီးရမႈပုံစံရွိခဲ့မယ္ဆိုရင္ အဲဒီအတြက္ ပိတ္ပင္မႈေတြ

ျပဳလုပ္ရမွာပါ။ စီးရီးဘီကို တန္းဆင္းေစဖို႔ ျပည္နည္အစိုးရေရွ႕ေန႐ုံးကို

ေတာင္းဆိုသြားမွာျဖစ္ၿပီး သူတို႔ေနာက္ဆုံးရခဲ့တဲ့စီးရီးေအခ်န္ပီယံဆုကိုလည္း

႐ုပ္သိမ္းရမွာပါ”လို႔ ဒြန္ဇယ္လီက ေျပာခဲ့တာပါ။

အီတလီအာဏာပိုင္ေတြဟာ တူရင္နဲ႔မီလန္ၿမိဳ႕မွာရွိတဲ့

ဂ်ဴဗင္တပ္အသင္း႐ုံးခန္းေတြကေန အေျပာင္းအေ႐ႊ႕ေတြ၊

ေငြေရးေၾကးေရးေတြနဲ႔ဆိုင္တဲ့ စာ႐ြက္စာတမ္းေတြကို သိမ္းယူသြားပါတယ္။

ဒါ့အျပင္ အသင္းဥကၠဌအက္ဂ္နယ္လီ၊ အသင္းဒုဥကၠဌနတ္ဗက္တို႔အပါအဝင္

ဂ်ဴဗင္တပ္အသင္းတာဝန္ရွိသူ ၆ ေယာက္ဟာ စုံစမ္းစစ္ေဆးျခင္းခံေနရပါတယ္။

အခုစပါးမွာ ေရာက္ေနတဲ့ ဂ်ဴဗင္တပ္အားကစားဒါ႐ိုက္တာေဟာင္း

ပါရာတီစီဟာလည္း စုံစမ္းစစ္ေဆးျခင္း ခံေနရတာပါ။

နာမည္ႀကီးအီတလီအားကစားသတင္းစာျဖစ္တဲ့ ဂဇက္တာဒယ္လိုစေပါ့ကေတာ့

ကန္ဆယ္လို၊ အာသာ၊ ဒါနီလိုနဲ႔ ပီဂ်ာနစ္တို႔အပါအဝင္ အေျပာင္းအေ႐ႊ႕ ၄၂ ခုဟာ

တာဝန္ရွိသူေတြရဲ႕စုံစမ္းစစ္ေဆးျခင္းခံေနရတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

တကယ္လို႔ စီးရီးဘီတန္းဆင္းရၿပီး စကူဒတ္တိုခ်န္ပီယံဆု႐ုပ္သိမ္းခံရမယ္ဆိုရင္

ဒီလိုမ်ိဳးျပစ္ဒဏ္ခ်ခံရတာ ၂၁ ရာစုအတြင္းမွာ ဒုတိယအႀကိမ္ေျမာက္ျဖစ္သြားမွာပါ။

ဂ်ဴဗင္တပ္ဟာ လုပ္ပြဲအရႈပ္ေတာ္ပုံေၾကာင့္ ၂၀၀၆ တုန္းကလည္း

စီးရီးေအခ်န္ပီယံဆုေတြ ႐ုပ္သိမ္းခံခဲ့ရၿပီး စီးရီးဘီကို တန္းဆင္းခဲ့ရဖူးပါတယ္။