
ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးသစ်ဗလာဟိုဗစ်ဟာ မနေ့က ဗီရိုနာကို(၂-၀)ဂိုးနဲ့
အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက်ပွဲဦးထွက်ပါဝင်ကစားခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့တာကြောင့်
သူ့အတွက်အသုံးပြုခဲ့ရတဲ့ယူရိုသန်း(၈၀)က ထိုက်တန်တဲ့သုံးစွဲမှုဖြစ်တယ်ဆိုတာ
သက်သေပြလိုက်ပါပြီ။
အသက်(၂၂)နှစ်အရွယ်သာရှိသေးတဲ့ ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူးဗလာဟိုဗစ်ကို
ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာဂျူဗင်တပ်စ်အသင်းက ဖီအိုရင်တီးနားအသင်းဆီကနေ
ယူရိုသန်း(၈၀)(ပေါင် ၆ရသန်း)အထိပေးပြီးတော့ ခေါ်ယူခဲ့တာဖြစ်ပြီး နာမည်ကျော်
ကစားသမားဟောင်းစီရော်နယ်လ်ဒိုဝတ်ဆင်ခဲ့တဲ့ နံပါတ်(၇)ဂျာစီကိုပါ ဝတ်ဆင်ခွင့်ပေးခဲ့ပါတယ်။
ဗလာဟိုဗစ်ဟာ ဗီရိုနာနဲ့ပွဲမှာ ဂျူဗင်တပ်စ်ကစားသမားဘဝပထမဆုံးဂိုးရဖို့ (၁၃)မိနစ်သာ
စောင့်ဆိုင်းခဲ့ရပြီး အသင်းဖော်ဒီဘားလားရဲ့ပေးပို့မှုကနေ ဂိုးသမားကို အသာအယာ
Lob လုပ်ပြီးတော့ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ အခုရာသီစီးရီးအေပြိုင်ပွဲမှာ
ဗလာဟိုဗစ်အတွက်(၁၈)ဂိုးမြောက်ဖြစ်ပြီး ထိပ်ဆုံးက လာဇီယိုတိုက်စစ်မှူးအီမိုဘီလီနဲ့
သွင်းဂိုးအရေအတွက် တူညီသွားပြီဖြစ်သလို ၂၀၂၁-၂၂ ရာသီ ဥရောပထိပ်သီးလိဂ်(၅)ခုမှာ
သူ့ထက်သွင်းဂိုးပိုများတာဆိုလို့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝန်ဒေါစကီး(၂၄ဂိုး)သာ
ရှိပါတော့တယ်။
ဂျူဗင်တပ်စ်အတွက် ပိုပြီးကျေနပ်စရာကောင်းတာက ပြီးခဲ့တဲ့
အပြောင်းအရွှေ့ကာလမှာ မိုချန်ဂလာဘတ်ကနေပြောင်းရွှေ့ခဲ့တဲ့ ကွင်းလယ်လူ
ဇာကာရီယာကလည်း အသင်းသစ်အတွက်ပွဲဦးထွက်မှာပဲဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
၁၉၉၄-၉၅ ရာသီနောက်ပိုင်း ဂျူဗင်တပ်စ်အသင်းအတွက် ကစားသမားသစ်နှစ်ဦး
ပွဲဦးထွက်မှာဂိုးသွင်းနိုင်ခဲ့တာက ၂၀၁၁၊ စက်တင်ဘာလတုန်းက ပါးမားနဲ့ကစားခဲ့တဲ့ပွဲမှာ
ဗီဒယ်လ်၊ လစ်ချ်စတိုင်နာတို့ဂိုးသွင်းခဲ့ပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း
ဒါပထမဆုံးအကြိမ်ပါပဲ။
Zawgyi
ဂ်ဴဗင္တပ္နဲ့ ပြဲဦးထြက္မွာပဲ ဂိုးသြင္းတဲ့ ဗလာဟိုဗစ္
ဂ်ဴဗင္တပ္စ္အသင္းတိုက္စစ္မႉးသစ္ဗလာဟိုဗစ္ဟာ မေန႔က ဗီ႐ိုနာကို(၂-၀)ဂိုးနဲ႔
အႏိုင္ရခဲ့တဲ့ပြဲမွာ အသင္းအတြက္ပြဲဦးထြက္ပါဝင္ကစားခဲ့ၿပီး ဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္
သူ႔အတြက္အသုံးျပဳခဲ့ရတဲ့ယူ႐ိုသန္း(၈၀)က ထိုက္တန္တဲ့သုံးစြဲမႈျဖစ္တယ္ဆိုတာ
သက္ေသျပလိုက္ပါၿပီ။
အသက္(၂၂)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဆားဘီးယားလက္ေ႐ြးစင္တိုက္စစ္မႉးဗလာဟိုဗစ္ကို
ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာဂ်ဴဗင္တပ္စ္အသင္းက ဖီအိုရင္တီးနားအသင္းဆီကေန
ယူ႐ိုသန္း(၈၀)(ေပါင္ ၆ရသန္း)အထိေပးၿပီးေတာ့ ေခၚယူခဲ့တာျဖစ္ၿပီး နာမည္ေက်ာ္
ကစားသမားေဟာင္းစီေရာ္နယ္လ္ဒိုဝတ္ဆင္ခဲ့တဲ့ နံပါတ္(၇)ဂ်ာစီကိုပါ ဝတ္ဆင္ခြင့္ေပးခဲ့ပါတယ္။
ဗလာဟိုဗစ္ဟာ ဗီ႐ိုနာနဲ႔ပြဲမွာ ဂ်ဴဗင္တပ္စ္ကစားသမားဘဝပထမဆုံးဂိုးရဖို႔ (၁၃)မိနစ္သာ
ေစာင့္ဆိုင္းခဲ့ရၿပီး အသင္းေဖာ္ဒီဘားလားရဲ႕ေပးပို႔မႈကေန ဂိုးသမားကို အသာအယာ
Lob လုပ္ၿပီးေတာ့ ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။ ဒီဂိုးဟာ အခုရာသီစီးရီးေအၿပိဳင္ပြဲမွာ
ဗလာဟိုဗစ္အတြက္(၁၈)ဂိုးေျမာက္ျဖစ္ၿပီး ထိပ္ဆုံးက လာဇီယိုတိုက္စစ္မႉးအီမိုဘီလီနဲ႔
သြင္းဂိုးအေရအတြက္ တူညီသြားၿပီျဖစ္သလို ၂၀၂၁-၂၂ ရာသီ ဥေရာပထိပ္သီးလိဂ္(၅)ခုမွာ
သူ႔ထက္သြင္းဂိုးပိုမ်ားတာဆိုလို႔ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးလီဝန္ေဒါစကီး(၂၄ဂိုး)သာ
ရွိပါေတာ့တယ္။
ဂ်ဴဗင္တပ္စ္အတြက္ ပိုၿပီးေက်နပ္စရာေကာင္းတာက ၿပီးခဲ့တဲ့
အေျပာင္းအေ႐ႊ႕ကာလမွာ မိုခ်န္ဂလာဘတ္ကေနေျပာင္းေ႐ႊ႕ခဲ့တဲ့ ကြင္းလယ္လူ
ဇာကာရီယာကလည္း အသင္းသစ္အတြက္ပြဲဦးထြက္မွာပဲဂိုးသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။
၁၉၉၄-၉၅ ရာသီေနာက္ပိုင္း ဂ်ဴဗင္တပ္စ္အသင္းအတြက္ ကစားသမားသစ္ႏွစ္ဦး
ပြဲဦးထြက္မွာဂိုးသြင္းႏိုင္ခဲ့တာက ၂၀၁၁၊ စက္တင္ဘာလတုန္းက ပါးမားနဲ႔ကစားခဲ့တဲ့ပြဲမွာ
ဗီဒယ္လ္၊ လစ္ခ်္စတိုင္နာတို႔ဂိုးသြင္းခဲ့ၿပီးေနာက္ပိုင္း ဆယ္စုႏွစ္တစ္ခုေက်ာ္ကာလအတြင္
း ဒါပထမဆုံးအႀကိမ္ပါပဲ။