
ဂျူဗင်တပ်စ်ဟာ ယမန်နေ့ညက မော်ရင်ဟိုရဲ့ ရိုးမားကို အိမ်ကွင်းမှာ အနိုင်ယူ
ခဲ့ကာ စီးရီးအေမှာ အခြေအနေပြန်ကောင်းလာခဲ့ပါတယ်။ ရိုးမားအသင်းဟာ
ယနေ့ပွဲမှာ အကောင်းဆုံး စတင်နိုင်ခဲ့ပြီး ဂျူဗီခံစစ်ကို ဒုက္ခပေးနိုင်ခဲ့ပေမဲ့
ဂိုးသမား ဆက်ဇနီကိုတော့ ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။
ဂျူဗင်တပ်စ်အတွက် ၁လုံးတည်းသော အနိုင်ဂိုးကိုတော့ ဘန်တန်ကာရဲ့
ဖြတ်တင်ဘောကနေ မွိုက်စ်ကိန်းက ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။
မနေ့ကပွဲမှာ ရိုးမားဘက်က ပင်နယ်တီကန်ခွင့်ရပေမယ့် လွဲချော်မှုရှိခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းရဲ့ နည်းပြဖြစ်သူ အယ်လီဂရီ ကတော့ ရိုးမားအသင်းကို
အနိုင်ရခဲ့တာဟာ သူတို့အသင်းရဲ့ ပွဲကို ချဉ်းကပ်တဲ့ နည်းစနစ် မှန်ကန်ခဲ့တာ
ကြောင့် ဖြစ်ကြောင်းနဲ့ အဓိက ကစားသမား အများစု မကစားနိုင်ချိန်မှာ
အနိုင်ရခဲ့တဲ့ အတွက် ဂုဏ်ယူမိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
အယ်လီဂရီက “ ကျွန်တော်တို့အသင်းက သူတို့အသင်းရဲ့ ကစားပုံကြောင့်
ဒီနေ့ပွဲမှာ ကောင်တာ ကစားဟန်ကိုပဲ အားပြုကစားခဲ့ပါတယ်။ တကယ်လို့
ကျွန်တော်တို့သာ ဘောလုံးကိုင် ကစားဖို့ ဆုံးဖြတ်ခဲ့ရင် ပွဲရဲ့ အခြေအနေက
ပြောင်းလဲသွားနိုင်ပါတယ်။ ဒီနေ့နိုင်ပွဲက အတော်လေးကို အရေးကြီးပါတယ်။
ဒီနိုင်ပွဲကြောင့် ကျွန်တော်တို့ အမှတ်ပေးဇယားရဲ့ နောက်တစ်ဆင့်ကို တက်
လှမ်းနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ ဒိုင်ဘာလာ ၊ ဒီလစ် ၊ ရာဘီယော့စ် ၊ မိုရာတာ
တို့ကို လွမ်းဆွတ်ခဲ့ရပေမယ့် ကျန်တဲ့ ကစားသမားတွေကလည်း အသင်းလိုက်
စုစည်းမှုကို ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ သွင်းဂိုးတွေ
ခွင့်မပြုခဲ့ရတာပါ။ ကျွန်တော်တို့ ပွဲကို နှေးနှေးကွေးကွေးပဲ စတင်နိုင်ခဲ့ပါတယ်။
နောက်တစ်ခါမှာတော့ ကျွန်တော်တို့ ဒီထက် ပိုမြန်တဲ့ အရှိန်အဟုန်ကို လိုအပ်
ပါတယ်။ ရာသီအစမှာ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက် တချို့ကြောင့် အသင်းက
အနည်းငယ် ရလဒ်ပိုင်းတွေ ယိမ်းယိုင်ခဲ့ရပါတယ်။ ဒါကိုလည်း ကျွန်တော်
ဝန်ခံပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်က ကစားသမားတွေရဲ့ အခြေ
အနေကို နားလည်သွားပါပြီ။ ဒီတော့ ကျွန်တော်တို့အသင်းနိုင်ပွဲတွေရဖို့
ပြန်လာပါပြီ” လို့ ပြောဆိုသွားခဲ့ပါတယ်။
Zawgyi
ဂ်ဴဗင္တပ္စ္ ႏိုင္ပြဲေတြရဖို႔ ျပန္လာၿပီ
ဂ်ဴဗင္တပ္စ္ဟာ ယမန္ေန႔ညက ေမာ္ရင္ဟိုရဲ႕ ႐ိုးမားကို အိမ္ကြင္းမွာ အႏိုင္ယူ
ခဲ့ကာ စီးရီးေအမွာ အေျခအေနျပန္ေကာင္းလာခဲ့ပါတယ္။ ႐ိုးမားအသင္းဟာ
ယေန႔ပြဲမွာ အေကာင္းဆုံး စတင္ႏိုင္ခဲ့ၿပီး ဂ်ဴဗီခံစစ္ကို ဒုကၡေပးႏိုင္ခဲ့ေပမဲ့
ဂိုးသမား ဆက္ဇနီကိုေတာ့ ေက်ာ္ျဖတ္ႏိုင္ျခင္း မရွိခဲ့ပါဘူး။
ဂ်ဴဗင္တပ္စ္အတြက္ ၁လုံးတည္းေသာ အႏိုင္ဂိုးကိုေတာ့ ဘန္တန္ကာရဲ႕
ျဖတ္တင္ေဘာကေန မြိဳက္စ္ကိန္းက ပိတ္သြင္းသြားခဲ့တာ ျဖစ္ပါတယ္။
မေန႔ကပြဲမွာ ႐ိုးမားဘက္က ပင္နယ္တီကန္ခြင့္ရေပမယ့္ လြဲေခ်ာ္မႈရွိခဲ့ပါတယ္။
ဂ်ဴဗင္တပ္စ္အသင္းရဲ႕ နည္းျပျဖစ္သူ အယ္လီဂရီ ကေတာ့ ႐ိုးမားအသင္းကို
အႏိုင္ရခဲ့တာဟာ သူတို႔အသင္းရဲ႕ ပြဲကို ခ်ဥ္းကပ္တဲ့ နည္းစနစ္ မွန္ကန္ခဲ့တာ
ေၾကာင့္ ျဖစ္ေၾကာင္းနဲ႔ အဓိက ကစားသမား အမ်ားစု မကစားႏိုင္ခ်ိန္မွာ
အႏိုင္ရခဲ့တဲ့ အတြက္ ဂုဏ္ယူမိေၾကာင္း ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။
အယ္လီဂရီက “ ကြၽန္ေတာ္တို႔အသင္းက သူတို႔အသင္းရဲ႕ ကစားပုံေၾကာင့္
ဒီေန႔ပြဲမွာ ေကာင္တာ ကစားဟန္ကိုပဲ အားျပဳကစားခဲ့ပါတယ္။ တကယ္လို႔
ကြၽန္ေတာ္တို႔သာ ေဘာလုံးကိုင္ ကစားဖို႔ ဆုံးျဖတ္ခဲ့ရင္ ပြဲရဲ႕ အေျခအေနက
ေျပာင္းလဲသြားႏိုင္ပါတယ္။ ဒီေန႔ႏိုင္ပြဲက အေတာ္ေလးကို အေရးႀကီးပါတယ္။
ဒီႏိုင္ပြဲေၾကာင့္ ကြၽန္ေတာ္တို႔ အမွတ္ေပးဇယားရဲ႕ ေနာက္တစ္ဆင့္ကို တက္
လွမ္းႏိုင္ခဲ့ပါၿပီ။ ကြၽန္ေတာ္တို႔ ဒိုင္ဘာလာ ၊ ဒီလစ္ ၊ ရာဘီေယာ့စ္ ၊ မိုရာတာ
တို႔ကို လြမ္းဆြတ္ခဲ့ရေပမယ့္ က်န္တဲ့ ကစားသမားေတြကလည္း အသင္းလိုက္
စုစည္းမႈကို ျပသႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ကြၽန္ေတာ္တို႔ သြင္းဂိုးေတြ
ခြင့္မျပဳခဲ့ရတာပါ။ ကြၽန္ေတာ္တို႔ ပြဲကို ေႏွးေႏွးေကြးေကြးပဲ စတင္ႏိုင္ခဲ့ပါတယ္။
ေနာက္တစ္ခါမွာေတာ့ ကြၽန္ေတာ္တို႔ ဒီထက္ ပိုျမန္တဲ့ အရွိန္အဟုန္ကို လိုအပ္
ပါတယ္။ ရာသီအစမွာ ကြၽန္ေတာ့္ရဲ႕ ဆုံးျဖတ္ခ်က္ တခ်ိဳ႕ေၾကာင့္ အသင္းက
အနည္းငယ္ ရလဒ္ပိုင္းေတြ ယိမ္းယိုင္ခဲ့ရပါတယ္။ ဒါကိုလည္း ကြၽန္ေတာ္
ဝန္ခံပါတယ္။ ဒါေပမယ့္ အခုေတာ့ ကြၽန္ေတာ္က ကစားသမားေတြရဲ႕ အေျခ
အေနကို နားလည္သြားပါၿပီ။ ဒီေတာ့ ကြၽန္ေတာ္တို႔အသင္းႏိုင္ပြဲေတြရဖို႔
ျပန္လာပါၿပီ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။