ပေါ်တူဂီ သားကြီး ခရစ္စတီယာနို ရော်နယ်ဒိုက
သူ့ရဲ့ အကြီးဆုံး သားကြီး ဂျူနီယာကို သူ့အမွေ ဆက်ခံဖို့ ဖိအားပေးသွားမှာ
မဟုတ်ဖူးလို့ ထုတ်ပြော လိုက်ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒို မန်ချက်စတာကို ရောက်ရှိ လာရာမှာ
ဂျူနီယာလည်း ရောက်ရှိလာခဲ့ပြီး လူငယ် အသင်းမှာ
လာရောက် ပူးပေါင်းခွင့် ရရှိခဲ့ပါတယ်။
ရော်နယ်ဒိုက သားဖြစ်သူကို ခန္ဓါကိုယ် တည်ဆောင်မှု လေ့ကျင့်ခန်းတွေကို
သင်ကြား ပြသတာမျိုး ရှိပေမယ့် အနာဂတ်မှာ
ဘာဖြစ်အောင်လုပ် ဆိုတာမျိုးတော့ ဘယ်တော့မှ ဖိအားပေး စေခိုင်းမှာ
မဟုတ်ဖူးလို့ အခုလို ဆိုပါတယ်။
” အချိန်က စကားပြောသွား ပါလိမ့်မယ်။ ကျွန်တော့် သားဖြစ်သူ
ခရစ္စတီယာနိုကို ဘောလုံးကစားဖို့ ဘယ်တော့မှ
ဖိအားပေးမှာ မဟုတ်ပါဖူး။ သူကြိုက်တာ လုပ်ခွင့် ရှိပါတယ်။”
” ခရစ္စတီယာနိုမှ မဟုတ်ဖူး ကျွန်တော့် သားသမီးတွေ
အကုန်လုံးကို ကျွန်တော် ဖြစ်စေချင်တာက သူတို့အားလုံး ပျော်ရွှင် စေဖို့ပဲ။ ”
” ဒါကြောင့် သူတို့ အားလုံး ကြိုက်ရာ ရွေးချယ်နိုင်တယ်။
ကျွန်တော်ကတော့ တတ်နိုင်တဲ့ နည်းလမ်းနဲ့ အဖက်ဖက်က ပံ့ပိုးသွားမှာပါ။ ”
“ကျွန်တော်တို့လုပ်နိုင်တဲ့ အကောင်းဆုံးအရာက ကလေးမွေးပြီး
သူတို့ကို ခြွင်းချက်မရှိ ချစ်တတ်အောင် သင်ပေးဖို့ပါပဲ။
သင့်ရဲ့ ဘေးမှာ တည်ငြိမ်မှုရှိရှိ ပေးဆပ်မယ့် အမျိုးသမီးတစ်ယောက် ရှိနေမယ်ဆိုရင်
ကလေးတွေရဲ့ ပညာရေးကလည်း အံ့မခန်းရှိမှာ ဖြစ်ပါတယ်”လို့
ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။
zawgyi
ဂျူနီယာ အပေါ် သူ့လို ဖြစ်ရမယ်ဆိုပြီး ဖိအားပေးမှာ မဟုတ်ဘူးဆိုတဲ့ ရော်နယ်ဒို