ယူနိုက်တက်ဟာ လီဗာပူးရဲ့ထိပ်တန်းပစ်မှတ် ဘယ်လင်ဂမ်ကို
ခေါ်ယူဖို့အတွက် အရာအားလုံးလုပ်ဆောင်သွားလိမ့်မယ်လို့
Daily Telegraph ရဲ့ နာမည်ကြီးအားကစားသတင်းထောက်
လူကီအက်ဝက်ဒ်က ဖွင့်ချလိုက်ပါတယ်။ အသက် ၁၉နှစ် အရွယ်
ကစားသမားဟာ ကာတာကမ္ဘာ့ဖလားအတောက်ပဆုံး
ခြေစွမ်းပြနိုင်ခဲ့သလို ဒေါ့တ်မန်ရဲ့ အသင်းခေါင်းဆောင်အဖြစ်
ပွဲထွက်ကစားခွင့်ရနေသူဖြစ်တယ်။ ပရီးမီးယားလိဂ်ရဲ့ငွေကြေး
ချမ်းသာတဲ့ကလပ်တွေနဲ့ ရီးရဲလ်တို့က အင်္ဂလန်ကြယ်ပွင့်ကို
ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေရှိနေပါတယ်။ ဘယ်လင်ဂမ်ရဲ့
ကာလတန်ကြေးက ပေါင်သန်း ၁၃၀ အထိရှိနေပေမဲ့ မန်စီးတီး၊
ယူနိုက်တက်၊ ချဲလ်ဆီး၊ ရီးရဲလ်နဲ့ ပီအက်စ်ဂျီတို့ဟာ သတ်မှတ်
ပမာဏကိုပေးချေခေါ်ယူဖို့အဆင်သင့်ရှိနေကြတာဖြစ်တယ်။
အားလုံးထဲမှာတော့ လီဗာပူးနဲ့အသံအကျယ်ဆုံးဖြစ်နေပြီး
တကယ်တမ်းခေါ်ယူမှုမှာတော့ ကြိုးကြာနီတွေဟာ သူတို့ရဲ့
အခါးသီးဆုံးပြိုင်ဘက် ယူနိုက်တက်နဲ့ အပြိုင်လုရဖွယ်ရှိနေတာပါ။
Daily Telegraph ရဲ့သတင်းထောက် လူကီအက်ဝက်ဒ်ကတော့
ယူနိုက်တက်ဟာ လာမယ့်နွေဈေးကွက်မှာ အင်္ဂလန်ကြယ်ပွင့်ကို
ခေါ်ဖို့အတွက် အိတ်သွန်ဖာမှောက်လုပ်ဆောင်လိမ့်မယ်လို့
အသိပေးလိုက်ပါပြီ။ BBC’s Transfer Gossip Daily နဲ့
တွေ့ဆုံမှုမှာ လူကီအက်ဝက်ဒ်က “ယူနိုက်တက်အသင်ဟာ
မီးဖိုချောင်နစ်မြုပ်မှုကိုလုပ်ဖို့ ပိုက်ဆံသာရှိရင် အရာအားလုံးကို
စွန့်ပစ်သွားမှာဖြစ်တယ်။ ပုဂ္ဂိုလ်ရေးအရတော့ သူ့ကို
ပရီးမီးယားလိဂ်မှာမြင်ချင်ပါတယ်၊ သူ့ပတ်ဝန်းကျင်က
လူတွေအားလုံး ပရီးမီးယားလိဂ်မှာမြင်ချင်ကြမှာပါ။
ယူနိုက်တက်ဟာ ဘယ်လင်ဂမ်ပြိုင်ပွဲမှာ အရမ်းတက်ကြွနေတယ်၊
ဒီကိစ္စကိုတည့်တည့်လေးဆက်ကြည့်ကြရအောင်၊
နွေရာသီမှာ ဘယ်လင်ဂမ်အတွက် ယူနိုက်တက်
သေချာပေါက်ဝင်လာမှာပါ” လို့ အသိပေးထားပါတယ်။
zawgyi
ဂျူဒီဘယ်လင်ဂမ် ကိုရဖို့အတွက် ယူနိုက်တက်အိတ်သွန်ဖာမှောက်လုပ်လိမ့်မယ်လို့ နာမည်ကြီးသတင်းထောက်တစ်ဦး ဖွင့်ဟလာ