
မန်စီးတီးအသင်းဂိုးသမား အီဒါဆန် ဟာနော်ဝစ်ချ်နဲ့ပွဲမှာ
ဘာမှသိပ်မလှုပ်ရှားလိုက်ရလို့ ပျင်းလာတဲ့အတွက်
ကွင်းလယ်ကို ခဏတာတက်ကစားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီပွဲမှာမန်စီးတီးဟာ အဝေးကွင်းကစားရတာဖြစ်ပေမယ့်
နော်ဝစ်ချ် ကို သက်သောင့်သက်သာနဲ့
အသာစီးက ကစားပြီး ၄-၀ နဲ့အနိုင်ရခဲ့ပါတယ်။
မန်စီးတီးအတွက်ဂိုးတွေကို စတာလင်းက ဟက် ထရစ်သွင်းယူပေးခဲ့ပြီး
နောက်တစ်ဂိုးကိုတော့ ဖိုလ်ဒန်က ရယူပေးခဲ့တာပါ။
ဒါကြောင့်မန်စီးတီးဟာ အမှတ်ပေးဇယားကို
၁၂ မှတ်အသာနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။
အိစ်အန်ဂလီယာ ကွင်းမှာကစားခဲ့တဲ့ဒီပွဲမှာ
မန်စီးတီးကသာလွှမ်းမိုးနိုင်ခဲ့တဲ့အတွက်
အီဒါဆန် ဟာဘာမှသိပ်မလှုပ်ရှားလိုက်ရဘဲ
ကာကွယ်မှု ၃ ကြိမ်သာပြုလုပ်ခဲ့ရတာပါ။
ဒါကြောင့်လည်း သူ့ရဲ့ပျင်းရိလာ မှုကို ကုစားနိုင်ဖို့အတွက်
အီဒါဆန် ဟာဒုတိယပိုင်းမှာ ကွင်းလယ်ဗဟိုကိုတက်ကစားဖို့
ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
အဲဒီဘရာဇီးသားဟာ အရင်ကတည်းက သူ့ဂိုးပေါက်ကနေရှေ့ကိုတက်ကာ
ပြိုင်ဘက်တိုက်စစ်ကို ဟန့်တားတဲ့သူအဖြစ်နာ မည်ကြီးနေတာပါ။
သူဟာပွဲချိန် ၅၈ မိနစ်မှာ ကွင်းလယ်ကိုတက်လာပြီး
ဘောလုံးအပေးအယူအနည်းငယ်ပြုလုပ်ပြီးနောက်
ဖိုလ်ဒန်ကို ဘောလုံးပေးခဲ့ကာ သူ့ဂိုးပေါက်ဆီကိုပြန်သွားခဲ့ပါတယ်။
သူကွင်းလယ်ကိုတက်ကစားမှုဟာ ဘယ်လောက်မှ မကြာလိုက်ပေမယ့်
ပရိသတ်တွေတော့ သူ့ရဲ့တည်ငြိမ်စွာနဲ့
ဘောလုံးအပေးအယူလုပ်သွားမှုကိုကြည့်ပြီး သဘောကျခဲ့ကြ ပါတယ်။
ဂိုးသမားတစ်ယောက်အတွက် ကွင်းထဲကအခြားသော ကစားဖော်တွေလိုမျိုး
ကွင်းလယ်အထိတက်ပြီး ဘောလုံး ဖြန့်ဝေပေးမှုဟာ
အိပ်မက်လိုသာဖြစ်ပေမယ့် အီဒါဆန် ကတော့
ဒါကိုသက်သောင့်သက်သာလုပ်ပြသွားတာပါ။
သူအခုလို လုပ်တာဟာ ဒါပထမဆုံးအကြိမ်တော့မဟုတ်ဘဲ
၂၀၁၈-၁၉ ဘောလုံးရာတုန်းက ဝုဗ်နဲ့ပွဲမှာလည်း အခုလိုလုပ်ပြခဲ့ပါသေး တယ်။
အီဒါဆန် ဟာဘရာဇီးဂန္ထဝင်ဖြစ်တဲ့ ရိုဂျီရီယိုစီနီ ကိုအားကျကာ
ကြီးပြင်းလာသူဖြစ်ပြီး ဂိုးသမားမဖြစ်ခင်က
နောက် ခံလူတစ်ဦးအဖြစ် ကစားခဲ့သေးသူဖြစ်ပါတယ်။
မန်စီးတီးအတွက် outfield ကစားသမားအဖြစ်(ဂိုးသမားမဟုတ်)
ကစား ရရင် တိုက်စစ်မှူးနေရာမဟုတ်ဘဲ ဒီဘရူနီ လိုနေရာမျိုးမှာ
ကစားချင်တယ်လို့ သူကပြောခဲ့ဘူးပါတယ်။
zawgyi
ဘာမွသိပ္မလႈပ္ရွားလိုက္ရလို႔ ပ်င္းလာတဲ့အတြက္ ကြင္းလယ္တက္ကစားခဲ့တဲ့ အီဒါဆန္
မန္စီးတီးအသင္းဂိုးသမား အီဒါဆန္ ဟာေနာ္ဝစ္ခ်္နဲ႔ပြဲမွာ
ဘာမွသိပ္မလႈပ္ရွားလိုက္ရလို႔ ပ်င္းလာတဲ့အတြက္
ကြင္းလယ္ကို ခဏတာတက္ကစားဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ သိရပါတယ္။
ဒီပြဲမွာမန္စီးတီးဟာ အေဝးကြင္းကစားရတာျဖစ္ေပမယ့္
ေနာ္ဝစ္ခ်္ ကို သက္ေသာင့္သက္သာနဲ႔
အသာစီးက ကစားၿပီး ၄-၀ နဲ႔အႏိုင္ရခဲ့ပါတယ္။
မန္စီးတီးအတြက္ဂိုးေတြကို စတာလင္းက ဟက္ ထရစ္သြင္းယူေပးခဲ့ၿပီး
ေနာက္တစ္ဂိုးကိုေတာ့ ဖိုလ္ဒန္က ရယူေပးခဲ့တာပါ။
ဒါေၾကာင့္မန္စီးတီးဟာ အမွတ္ေပးဇယားကို
၁၂ မွတ္အသာနဲ႔ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
အိစ္အန္ဂလီယာ ကြင္းမွာကစားခဲ့တဲ့ဒီပြဲမွာ
မန္စီးတီးကသာလႊမ္းမိုးႏိုင္ခဲ့တဲ့အတြက္
အီဒါဆန္ ဟာဘာမွသိပ္မလႈပ္ရွားလိုက္ရဘဲ
ကာကြယ္မႈ ၃ ႀကိမ္သာျပဳလုပ္ခဲ့ရတာပါ။
ဒါေၾကာင့္လည္း သူ႔ရဲ႕ပ်င္းရိလာ မႈကို ကုစားႏိုင္ဖို႔အတြက္
အီဒါဆန္ ဟာဒုတိယပိုင္းမွာ ကြင္းလယ္ဗဟိုကိုတက္ကစားဖို႔
ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။
အဲဒီဘရာဇီးသားဟာ အရင္ကတည္းက သူ႔ဂိုးေပါက္ကေနေရွ႕ကိုတက္ကာ
ၿပိဳင္ဘက္တိုက္စစ္ကို ဟန႔္တားတဲ့သူအျဖစ္နာ မည္ႀကီးေနတာပါ။
သူဟာပြဲခ်ိန္ ၅၈ မိနစ္မွာ ကြင္းလယ္ကိုတက္လာၿပီး
ေဘာလုံးအေပးအယူအနည္းငယ္ျပဳလုပ္ၿပီးေနာက္
ဖိုလ္ဒန္ကို ေဘာလုံးေပးခဲ့ကာ သူ႔ဂိုးေပါက္ဆီကိုျပန္သြားခဲ့ပါတယ္။
သူကြင္းလယ္ကိုတက္ကစားမႈဟာ ဘယ္ေလာက္မွ မၾကာလိုက္ေပမယ့္
ပရိသတ္ေတြေတာ့ သူ႔ရဲ႕တည္ၿငိမ္စြာနဲ႔
ေဘာလုံးအေပးအယူလုပ္သြားမႈကိုၾကည့္ၿပီး သေဘာက်ခဲ့ၾက ပါတယ္။
ဂိုးသမားတစ္ေယာက္အတြက္ ကြင္းထဲကအျခားေသာ ကစားေဖာ္ေတြလိုမ်ိဳး
ကြင္းလယ္အထိတက္ၿပီး ေဘာလုံး ျဖန႔္ေဝေပးမႈဟာ
အိပ္မက္လိုသာျဖစ္ေပမယ့္ အီဒါဆန္ ကေတာ့
ဒါကိုသက္ေသာင့္သက္သာလုပ္ျပသြားတာပါ။
သူအခုလို လုပ္တာဟာ ဒါပထမဆုံးအႀကိမ္ေတာ့မဟုတ္ဘဲ
၂၀၁၈-၁၉ ေဘာလုံးရာတုန္းက ဝုဗ္နဲ႔ပြဲမွာလည္း အခုလိုလုပ္ျပခဲ့ပါေသး တယ္။
အီဒါဆန္ ဟာဘရာဇီးဂႏၴဝင္ျဖစ္တဲ့ ႐ိုဂ်ီရီယိုစီနီ ကိုအားက်ကာ
ႀကီးျပင္းလာသူျဖစ္ၿပီး ဂိုးသမားမျဖစ္ခင္က
ေနာက္ ခံလူတစ္ဦးအျဖစ္ ကစားခဲ့ေသးသူျဖစ္ပါတယ္။
မန္စီးတီးအတြက္ outfield ကစားသမားအျဖစ္(ဂိုးသမားမဟုတ္)
ကစား ရရင္ တိုက္စစ္မႉးေနရာမဟုတ္ဘဲ ဒီဘ႐ူနီ လိုေနရာမ်ိဳးမွာ
ကစားခ်င္တယ္လို႔ သူကေျပာခဲ့ဘူးပါတယ္။