ဂျာအိုဖိလစ်အတွက် ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို တီကိုနားစွင့်နေပြီး ဇန်နဝါရီမှာအပြောင်းအရွှေ့အပြီးသတ်ဖို့ရှိလာ

အက်သလက်တီကိုအသင်းဟာ ဇန်နဝါရီမှာ တိုက်စစ်မှူးဂျာအိုဖိလစ်ကိုရောင်းချသွားတော့မယ်လို့ သတင်းထွက်လာပါတယ်။ ဒါဟာ မန်ယူအသင်းအတွက်အခွင့်အရေးတစ်

ရပ်ဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ကို အိုးလ်ထရက်ဖို့ဒ်ဆီ အရောက်ခေါ်ယူဖို့တွန်းအားတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ တီကိုဘက်က နည်းပြနဲ့ဆက်ဆံရေးပြိုကွဲနေတဲ့

ဂျာအိုဖိလစ်ကို ရောင်းချဖို့အဆင်သင့်ရှိနေပြီလို့ စပိန်သတင်းစာ Cadena SER ကရေးသားသွားတာ ဖြစ်တယ်။ အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူးဟာ ဘင်ဖီကာကနေ

ပေါင် ၁၁၄ သန်းနဲ့ စပိန်မြေကိုရောက်ရှိလာခဲ့သူဖြစ်ပြီး ဆီမြွန်နီရဲ့နည်းဗျူဟာအောက်မှာ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ခြေစွမ်းမပြသနိုင်ခဲ့ပါဘူး။

ကစားသမား ကိုယ်တိုင်က နည်းပြရဲ့ခံစစ်အသားပေး နည်းစနစ်တွေအပြင် ဒီရာသီမှာမိုရာတာနဲ့ ဂရေ့ဇ်မန်းကိုဦးစားပေးနေတာကြောင့် အနာဂတ်အတွက် စဉ်းစားလာတာဖြစ်တယ်။

စပိန်ကလပ်နဲ့ ၃ရာသီအတွင်း ၁၂၇ ပွဲမှာ ၃၁ဂိုးသာသွင်းနိုင်ခဲ့တဲ့ ဂျာအိုဖိလစ်ခြေစွမ်းကအမြင့်မပျံနိုင်ခဲ့ပါဘူး။ အပြောင်းအရွှေ့သမိုင်းမှာ စတုတ္ထမြောက်ကြေးအမြင့်ဆုံးအဖြစ်နဲ့

အက်သလက်တီကိုရောက်လာခဲ့တဲ့ ဂျာအိုဖိလစ်ရဲ့ရွေးချယ်မှုက စိတ်ပျက်စရာဖြစ်ခဲ့တာပါ။ ဆီမြွန်နီရဲ့အသင်းဟာ ဒီရာသီမှာ ဥရောပပြိုင်ပွဲကိုလက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်သလို

လာလီဂါမှာလည်းအခြေအနေကောင်းမရှိလို့ အသင်းနဲ့အဆင်မပြေတဲ့ ပေါ်တူဂီကြယ်ပွင့်ကို​အမြန်ဆုံးရောင်းချလိုက်တာက အကောင်းဆုံးဖြစ်မယ်လို့ယူဆနေတာဖြစ်တယ်။

စပိန်မီဒီယာတွေကတော့ ဆီမြွန်နီနဲ့ ဂျာအိုဖိလစ်ရဲ့ဆက်ဆံရေးကို ‘ပြန်လည်ပြင်ဆင်လို့မရသော’ အဖြစ်ဖော်ပြခဲ့ပြီး မန်ယူသာကမ်းလှမ်းရင် ရောင်းချမယ်လို့သိရပါတယ်။

ယူနိုက်တက်ဘက်က ဂျာအိုဖိလစ်ကို အကြိမ်ပေါင်းအများကြီး စိတ်ဝင်စားမှုပြသခဲ့သလို လာမယ့်စျေးကွက်အဖွင့်မှာ

သူ့ရဲ့အပြောင်းအရွှေ့ထဲကိုသေချာပေါက်ဝင်လာဦးမယ်လို့ စပိန်မီဒီယာတွေကယုံကြည်နေပါတယ်။

(Zawgyi)

ဂ်ာအိုဖိလစ္အတြက္ ယူႏိုက္တက္ရဲ႕ကမ္းလွမ္းမႈကို တီကိုနားစြင့္ေနၿပီး ဇန္နဝါရီမွာအေျပာင္းအေ႐ႊ႕အၿပီးသတ္ဖို႔ရွိလာ

အက္သလက္တီကိုအသင္းဟာ ဇန္နဝါရီမွာ တိုက္စစ္မႉးဂ်ာအိုဖိလစ္ကိုေရာင္းခ်သြားေတာ့မယ္လို႔ သတင္းထြက္လာပါတယ္။ ဒါဟာ မန္ယူအသင္းအတြက္အခြင့္အေရးတစ္ ရပ္ျဖစ္ၿပီး

ေပၚတူဂီၾကယ္ပြင့္ကို အိုးလ္ထရက္ဖို႔ဒ္ဆီ အေရာက္ေခၚယူဖို႔တြန္းအားတစ္ရပ္ ျဖစ္လာခဲ့ပါတယ္။ တီကိုဘက္က နည္းျပနဲ႔ဆက္ဆံေရးၿပိဳကြဲေနတဲ့ ဂ်ာအိုဖိလစ္ကို ေရာင္းခ်ဖို႔

အဆင္သင့္ရွိေနၿပီလို႔ စပိန္သတင္းစာ Cadena SER ကေရးသားသြားတာ ျဖစ္တယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ဘင္ဖီကာကေန ေပါင္ ၁၁၄ သန္းနဲ႔

စပိန္ေျမကိုေရာက္ရွိလာခဲ့သူျဖစ္ၿပီး ဆီႁမြန္နီရဲ႕နည္းဗ်ဴဟာေအာက္မွာ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ထိုက္တန္တဲ့ေျခစြမ္းမျပသႏိုင္ခဲ့ပါဘူး။

ကစားသမား ကိုယ္တိုင္က နည္းျပရဲ႕ခံစစ္အသားေပးနည္းစနစ္ေတြအျပင္ ဒီရာသီမွာမိုရာတာနဲ႔ ဂေရ႕ဇ္မန္းကိုဦးစားေပးေနတာေၾကာင့္ အနာဂတ္အတြက္စဥ္းစားလာတာျဖစ္တယ္။

စပိန္ကလပ္နဲ႔ ၃ရာသီအတြင္း ၁၂၇ ပြဲမွာ ၃၁ဂိုးသာသြင္းႏိုင္ခဲ့တဲ့ ဂ်ာအိုဖိလစ္ေျခစြမ္းကအျမင့္မပ်ံႏိုင္ခဲ့ပါဘူး။ အေျပာင္းအေ႐ႊ႕သမိုင္းမွာ စတုတၳေျမာက္ေၾကးအျမင့္ဆုံးအျဖစ္နဲ႔

အက္သလက္တီကိုေရာက္လာခဲ့တဲ့ ဂ်ာအိုဖိလစ္ရဲ႕ေ႐ြးခ်ယ္မႈကစိတ္ပ်က္စရာျဖစ္ခဲ့တာပါ။ ဆီႁမြန္နီရဲ႕အသင္းဟာ ဒီရာသီမွာ ဥေရာပၿပိဳင္ပြဲကိုလက္ျပႏႈတ္ဆက္ခဲ့ရၿပီျဖစ္သလို

လာလီဂါမွာလည္းအေျခအေနေကာင္းမရွိလို႔ အသင္းနဲ႔အဆင္မေျပတဲ့ ေပၚတူဂီၾကယ္ပြင့္ကို​အျမန္ဆုံးေရာင္းခ်လိုက္ကအေကာင္းဆုံးျဖစ္မယ္လို႔ယူဆေန တာျဖစ္တယ္။

စပိန္မီဒီယာေတြကေတာ့ ဆီႁမြန္နီနဲ႔ ဂ်ာအိုဖိလစ္ရဲ႕ဆက္ဆံေရးကို ‘ျပန္လည္ျပင္ဆင္လို႔မရေသာ’ အျဖစ္ေဖာ္ျပခဲ့ၿပီး မန္ယူသာကမ္းလွမ္းရင္ေရာင္းခ် မယ္လို႔သိရပါတယ္။

ယူႏိုက္တက္ဘက္က ဂ်ာအိုဖိလစ္ကို အႀကိမ္ေပါင္းအမ်ားႀကီး စိတ္ဝင္စားမႈျပသခဲ့သလို လာမယ့္ေစ်းကြက္အဖြင့္မွာ သူ႔ရဲ႕အေျပာင္းအေ႐ႊ႕ထဲကိုေသခ်ာေပါက္ဝင္လာဦးမယ္လို႔

စပိန္မီဒီယာေတြကယုံၾကည္ေနပါတယ္။