ဂျာအိုဖိလစ်ကို အမိဖမ်းဖို့အတွက် ယူနိုက်တက် ခြေလှမ်းပြင်ပြီ

နည်းပြဆီမြွန်နီရဲ့ လက်အောက်မှာ မပျော်မရွှင်ဖြစ်နေပြီး လာမယ့် ဇန်နဝါရီမှာ အသင်းပြောင်းဖို့ စိတ်ကူးနေတဲ့ အက်သလက်တီကို တိုက်စစ်မှူး ဂျာအိုဖိလစ်ရဲ့ အခြေအနေကို မန်ယူက အနီးကပ် စောင့်ကြည့်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲက အရန်ခုံထိုင်ခဲ့ရတဲ့အတွက် နည်းပြ ဆီမြွန်နီရဲ့ အလေးပေးမခံရမှုနဲ့ပတ်သက်လို့ ပေါ်တူဂီ တိုက်စစ်မှူး ဖိလစ်တစ်ယောက် အလိုမကျဖြစ်နေတယ်လို့ ပေါ်တူဂီရုပ်သံ အေဘိုလာရဲ့ အဆိုအရ သိရပါတယ်။ ဖိလစ်နဲ့ပတ်သက်လို့ နည်းပြဆီမြွန်နီ ဦးစားမပေးတော့တာကတော့ သူ့ရဲ့ ဒီရာသီ ခြေစွမ်းကြောင့်ဖြစ်နေပြီး ဒီရာသီမှာ ဖန်တီးမှု ၃ ကြိမ် သာ ပြုလုပ်ထားနိုင်သလို တစ်ဂိုးပဲ သွင်းထားနိုင်တာကြောင့် ဖြစ်ပါတယ်။

ဒါ့ အပြင် အောက်တိုဘာလ ၄ ရက်နေ့မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲထွက်ခွင့်မပေးဘဲ အရန်ခုံမှာထိုင်ခိုင်းထားတဲ့ ဆီမြွန်နီကို ဂျာအိုဖိလစ်တစ် ယောက် စိတ်ကောက်ခဲ့ပြီး ပွဲချိန် မိနစ် ၈၀ ရောက်မှ လူစားဝင်ခွင့်ရခဲ့လို့ ဟန် ရေးပြရုံလောက်ပဲ လုပ်ပြခွင့်ရခဲ့ပါတယ်။ ဒီလိုအခြေအနေကို လေ့ကျက်မိတဲ့ မန်ယူကတော့ ကစားသမားရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီပေါ်တူဂီသားကို ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်း ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ အန်တိုနီကို ယူရို သန်း ၁၀၀ နဲ့ ခေါ်ယူလိုက်တဲ့အတွက်ကြောင့် ဂျာအိုဖိလစ်ကို ခေါ်ယူရေးကိစ္စက နောက်ကို ရောက်သွားခဲ့တာပါ။

လာမယ့် ဇန်နဝါရီမှာတော့ မန်ယူအနေနဲ့ ငွေသုံးဖို့ အစီအစဉ် ရှိချင်မှ ရှိလိမ့်မယ်လို့ နည်းပြတန်ဟတ်ကို အသင်းက ပြောဆိုဖို့ ရှိနေပေမယ့် တစ်ဖက်မှာ ဖိလစ်ကလည်း လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အသင်းကို စွန့်ခွာဖို့အတွက် တောင်းဆိုတော့မယ့် အခြေအနေ မျိုး ရှိနေပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိနေတဲ့ ဖိလစ်ဟာ စပိန်ကလပ်နဲ့အတူ စာချုပ်သက်တမ်း ၄ နှစ်ကျန်နေသေးတာကြောင့် အက်သလက်တီကိုဟာ သူ တို့အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးကစားသမားကို လွယ်လွယ်နဲ့တော့ လက်လွှတ်မှာ မဟုတ်ပါဘူး။

အက်သလက်ဟာ ဂျာအိုဖိလစ်ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ဘင်ဖီကာအသင်းဆီကနေပြီး ယူရို ၁၁၃ သန်းနဲ့ ခေါ်ယူခဲ့ တာဖြစ်ပါတယ်။ ဂျာအိုဖိလစ်ကို ခေါ်ယူလိုနေတဲ့ အသင်းတွေထဲမှာ မန်ယူအပြင် အာဆင်နယ်နဲ့ ချဲလ်ဆီးတို့လည်း ရှိနေတယ်လို့ စပိန်အခြေစိုက် သတင်းတချို့က ဖော်ပြခဲ့ကြပါတယ်။

(Zawgyi)

ဂ်ာအိုဖိလစ္ကို အမိဖမ္းဖို႔အတြက္ ယူႏိုက္တက္တို႔ ေျခလွမ္းျပင္ၿပီ

နည္းျပဆီႁမြန္နီရဲ႕ လက္ေအာက္မွာ မေပ်ာ္မ႐ႊင္ျဖစ္ေနၿပီး လာမယ့္ ဇန္နဝါရီ မွာ အသင္းေျပာင္းဖို႔ စိတ္ကူးေနတဲ့ အက္သလက္တီကို တိုက္စစ္မႉး ဂ်ာအို ဖိလစ္ရဲ႕ အေျခအေနကို မန္ယူက အနီးကပ္ ေစာင့္ၾကည့္ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ၄ ပြဲမွာ ၃ ပြဲက အရန္ခုံထိုင္ခဲ့ရတဲ့ အတြက္ နည္းျပ ဆီ ႁမြန္နီရဲ႕ အေလးေပးမခံရမႈနဲ႔ပတ္သက္လို႔ ေပၚတူဂီ တိုက္စစ္မႉး ဖိလစ္တစ္ ေယာက္ အလိုမက်ျဖစ္ေနတယ္လို႔ ေပၚတူဂီ႐ုပ္သံ ေအဘိုလာရဲ႕ အဆိုအရ သိရပါတယ္။ ဖိလစ္နဲ႔ပတ္သက္လို႔ နည္းျပဆီႁမြန္နီ ဦးစားမေပးေတာ့တာ ကေတာ့ သူ႔ရဲ႕ ဒီရာသီ ေျခစြမ္းေၾကာင့္ျဖစ္ေနၿပီး ဒီရာသီမွာ ဖန္တီးမႈ ၃ ႀကိမ္ သာ ျပဳလုပ္ထားႏိုင္သလို တစ္ဂိုးပဲ သြင္းထားႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။

ဒါ့ အျပင္ ေအာက္တိုဘာလ ၄ ရက္ေန႔မွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပြဲထြက္ခြင့္မေပးဘဲ အရန္ခုံမွာထိုင္ခိုင္းထားတဲ့ ဆီႁမြန္နီကို ဂ်ာအိုဖိလစ္တစ္ ေယာက္ စိတ္ေကာက္ခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၈၀ ေရာက္မွ လူစားဝင္ခြင့္ရခဲ့လို႔ ဟန္ ေရးျပ႐ုံေလာက္ပဲ လုပ္ျပခြင့္ရခဲ့ပါတယ္။ ဒီလိုအေျခအေနကို ေလ့က်က္မိတဲ့ မန္ယူကေတာ့ ကစားသမားရဲ႕ အေျခအေနကို အနီးကပ္ ေစာင့္ၾကည့္ေနၿပီ ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ဒီေပၚတူဂီသားကို ၿပီးခဲ့တဲ့ ေႏြရာသီတုန္းက လည္း ေခၚယူဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။

ဒါေပမဲ့ အန္တိုနီကို ယူ႐ို သန္း ၁၀၀ နဲ႔ ေခၚယူလိုက္တဲ့အတြက္ေၾကာင့္ ဂ်ာအိုဖိလစ္ကို ေခၚယူေရးကိစၥက ေနာက္ ကို ေရာက္သြားခဲ့တာပါ။ လာမယ့္ ဇန္နဝါရီမွာေတာ့ မန္ယူအေနနဲ႔ ေငြသုံးဖို႔ အစီအစဥ္ ရွိခ်င္မွ ရွိလိမ့္မယ္လို႔ နည္းျပတန္ဟတ္ကို အသင္းက ေျပာဆိုဖို႔ ရွိေနေပမယ့္ တစ္ဖက္မွာ ဖိလစ္ကလည္း လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ ကာလမွာ အသင္းကို စြန႔္ခြာဖို႔အတြက္ ေတာင္းဆိုေတာ့မယ့္ အေျခအေန မ်ိဳး ရွိေနပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ရွိေနတဲ့ ဖိလစ္ဟာ စပိန္ကလပ္နဲ႔အတူ စာခ်ဳပ္သက္တမ္း ၄ ႏွစ္က်န္ေနေသးတာေၾကာင့္ အက္သလက္တီကိုဟာ သူ တို႔အသင္းရဲ႕ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးကစားသမားကို လြယ္လြယ္နဲ႔ ေတာ့ လက္လႊတ္မွာ မဟုတ္ပါဘူး။

အက္သလက္ဟာ ဂ်ာအိုဖိလစ္ကို ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္မွာ ဘင္ဖီကာအသင္းဆီကေနၿပီး ယူ႐ို ၁၁၃ သန္းနဲ႔ ေခၚယူခဲ့ တာျဖစ္ပါတယ္။ ဂ်ာအိုဖိလစ္ကို ေခၚယူလိုေနတဲ့ အသင္းေတြထဲမွာ မန္ယူ အျပင္ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတို႔လည္း ရွိေနတယ္လို႔ စပိန္အေျခစိုက္ သတင္းတခ်ိဳ႕က ေဖာ္ျပခဲ့ၾကပါတယ္။