ဂျာမနီနည်းပြထက် အင်္ဂလန်အသင်းနည်းပြဖြစ်လာဖို့ ရာခိုင်နှုန်းပိုများနေတဲ့ ကလော့ပ်

သတင်းတွေရဲ့ဖော်ပြချက်အရ လီဗာပူးအသင်းနည်းပြ

ယာဂင်ကလော့ပ်ဟာ ဂျာမနီအသင်းနည်းပြထက်
အင်္ဂလန်အသင်းနည်းပြဖြစ်လာဖို့ ဖြစ်နိုင်ခြေပိုများနေတယ်လို့ သိရပါတယ်။
ကလော့ပ်ဟာ ၂၀၁၄-၁၅ ရာသီအကုန်မှာ ဒေါ့မွန်အသင်းကနေ
ထွက်ခွာလာပြီးနောက် အကြာကြီးအနားမယူဘဲ
အောက်တိုဘာလမှာ လီဗာပူးနည်းပြအဖြစ်

ရော်ဂျာ်ရဲ့နေရာမှာ အစားထိုးတာဝန်ယူခဲ့ပါတယ်။
သူဟာ လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်ဖလား၊
ချန်ပီယံလိဂ်ဖလား၊ ကာရာဘောင်ဖလားနဲ့
ဖီဖာကလပ်ကမ္ဘာ့ဖလားတွေ ရယူထားပြီး
လက်ရှိစာချုပ်သက်တမ်းက ၂၀၂၄ နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

BILD သတင်းဌာနရဲ့ဖော်ပြချက်အရ ကလော့ပ်ဟာ
လီဗာပူးနဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ မွေးရပ်မြေ
ဂျာမနီအသင်းနည်းပြထက် အင်္ဂလန်အသင်းကို
တာဝန်ယူဖို့ ဖြစ်နိုင်ခြေပိုများနေတယ်လို့ သိရပါတယ်။
မိန့်ဇ်နည်းပြဟောင်း ကလော့ပ်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးမှာ

ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုရဲ့နေရာမှာ
အစားဝင်ဖို့ သတင်းတွေကျယ်ပြန့်စွာထွက်ပေါ်ခဲ့ပေမယ့်
လက်သင့်မခံခဲ့ဘဲ ဘိုင်ယန်နည်းပြဟောင်း ဟန်ဆီဖလစ်က တာဝန်ယူခဲ့ပါတယ်။
ဒါပေမဲ့ ကလော့ပ်ဟာ အင်္ဂလန်အသင်းနည်းပြဖြစ်လာဖို့
ရာခိုင်နှုန်းပိုများနေပြီး အင်္ဂလန်အသင်းသားတွေနဲ့

ဆက်ဆံရေးကောင်းမွန်နေရာမှာ အာနိုးလ်၊
ဟန်ဒါဆန်တို့နဲ့ ပိုမိုရင်းနှီးသူဖြစ်ပါတယ်။
The Athletic သတင်းဌာနမှ သတင်းထောက်
ဂျိမ်းစ်ပီယာ့စ်ရဲ့သတင်းပေးပို့ချက်အရ ကလော့ပ်အနေနဲ့
လာမယ့် ၂နှစ်အတွင်း လီဗာပူးကနေ ထွက်ခွာဖွယ်ရှိနေပြီး

ဘောလုံးလောကကနေ အချိန်အတိုင်းအတာတစ်ခုအထိ
အနားယူမယ်လို့ သူ့မိသားစုကို ကတိပေးထားကြောင်း သိရပါတယ်။

Zawgyi

ဂ်ာမနီနည္းျပထက္ အဂၤလန္အသင္းနည္းျပျဖစ္လာဖို႔ ရာခိုင္ႏႈန္းပိုမ်ားေနတဲ့ ကေလာ့ပ္
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ လီဗာပူးအသင္းနည္းျပ
ယာဂင္ကေလာ့ပ္ဟာ ဂ်ာမနီအသင္းနည္းျပထက္
အဂၤလန္အသင္းနည္းျပျဖစ္လာဖို႔ ျဖစ္ႏိုင္ေျခပိုမ်ားေနတယ္လုိ႔ သိရပါတယ္။
ကေလာ့ပ္ဟာ ၂၀၁၄-၁၅ ရာသီအကုန္မွာ ေဒါ့မြန္အသင္းကေန

ထြက္ခြာလာၿပီးေနာက္ အၾကာႀကီးအနားမယူဘဲ
ေအာက္တိုဘာလမွာ လီဗာပူးနည္းျပအျဖစ္
ေရာ္ဂ်ာ္ရဲ႕ေနရာမွာ အစားထုိးတာ၀န္ယူခဲ့ပါတယ္။
သူဟာ လီဗာပူးနဲ႔အတူ ပရီးမီးယားလိဂ္ဖလား၊
ခ်န္ပီယံလိဂ္ဖလား၊ ကာရာေဘာင္ဖလားနဲ႔

ဖီဖာကလပ္ကမၻာ့ဖလားေတြ ရယူထားၿပီး
လက္ရွိစာခ်ဳပ္သက္တမ္းက ၂၀၂၄ ေႏြရာသီမွာ ကုန္ဆုံးမွာျဖစ္ပါတယ္။
BILD သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ကေလာ့ပ္ဟာ
လီဗာပူးနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးခ်ိန္မွာ ေမြးရပ္ေျမ
ဂ်ာမနီအသင္းနည္းျပထက္ အဂၤလန္အသင္းကုိ

တာ၀န္ယူဖုိ႔ ျဖစ္ႏိုင္ေျခပိုမ်ားေနတယ္လုိ႔ သိရပါတယ္။
မိန္႔ဇ္နည္းျပေဟာင္း ကေလာ့ပ္ဟာ ယူရို ၂၀၂၀ ၿပိဳင္ပြဲအၿပီးမွာ
ဂ်ာမနီအသင္းနည္းျပ ဂ်ိဳအာခ်င္လုိရဲ႕ေနရာမွာ
အစား၀င္ဖို႔ သတင္းေတြက်ယ္ျပန္႔စြာထြက္ေပၚခဲ့ေပမယ့္
လက္သင့္မခံခဲ့ဘဲ ဘုိင္ယန္နည္းျပေဟာင္း ဟန္ဆီဖလစ္က တာ၀န္ယူခဲ့ပါတယ္။

ဒါေပမဲ့ ကေလာ့ပ္ဟာ အဂၤလန္အသင္းနည္းျပျဖစ္လာဖုိ႔
ရာခိုင္ႏႈန္းပိုမ်ားေနၿပီး အဂၤလန္အသင္းသားေတြနဲ႔
ဆက္ဆံေရးေကာင္းမြန္ေနရာမွာ အာႏုိးလ္၊
ဟန္ဒါဆန္တို႔နဲ႔ ပိုမိုရင္းႏွီးသူျဖစ္ပါတယ္။
The Athletic သတင္းဌာနမွ သတင္းေထာက္

ဂ်ိမ္းစ္ပီယာ့စ္ရဲ႕သတင္းေပးပို႔ခ်က္အရ ကေလာ့ပ္အေနနဲ႔
လာမယ့္ ၂ႏွစ္အတြင္း လီဗာပူးကေန ထြက္ခြာဖြယ္ရွိေနၿပီး
ေဘာလုံးေလာကကေန အခ်ိန္အတုိင္းအတာတစ္ခုအထိ
အနားယူမယ္လုိ႔ သူ႕မိသားစုကုိ ကတိေပးထားေၾကာင္း သိရပါတယ္။