ဂျာမနီကို အပြုတ်ဖြုတ်ပစ်နိုင်တဲ့အခြေအနေကို မထိန်းနိုင်ခဲ့လို့ မကျေမနပ်ဖြစ်နေတဲ့ အင်းနရစ်

ဂျာမနီနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အနိုင်ရဖို့ အခွင့်အရေးတစ်ရပ် ရှိခဲ့ပြီး အခုထက်ပိုကောင်းတဲ့ ရလဒ်မျိုးရအောင် ဂိုးသွင်းခွင့်တွေလည်း ရှိနေလျက်နဲ့ သရေပွဲဖြစ်ခဲ့တာကြောင့်

စပိန်နည်းပြ လူးဝစ်စ် အင်းနရစ်တစ်ယောက် မကျေ မနပ် ဖြစ်ခဲ့ရပါတယ်။ စပိန်နဲ့ ဂျာမနီတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်ဟာ အသင်းကြီးနှစ်သင်း စီးချင်းထိုးတဲ့ ပွဲဖြစ်တာကြောင့် ပြိုင်ဆိုင်မှု

ပြင်းထန်ခဲ့ကြပေမဲ့ ဂိုးဖန်တီးခွင့်တွေ အများကြီး လုပ်နိုင်ခဲ့တာက စပန်းနစ်တွေပဲ ဖြစ်ပါတယ်။ အင်းနရစ်ရဲ့ အဲဒီပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှုလည်း အသာစီးရခဲ့သလို ပွဲချိန် ၆၂ မိနစ်မှာ မိုရာတာရဲ့

သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး အနိုင်ရလဒ် ရလုနီးပါး ဖြစ်နေခဲ့တာပါ။ ဒီပွဲမှာသာ အနိုင်ရခဲ့မယ်ဆိုရင် ဂျာမနီဟာ ပြိုင်ပွဲကနေပြီး ကျိန်း သေ ထွက်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျာမနီဟာ နောက်ပိုင်း ပွဲချိန်တွေ မှာ

လူစားလဲမှုတွေ လုပ်လာပြီးတဲ့နောက် ပွဲချိန် ၈၃ မိနစ်မှာတော့ ချေပဂိုး သွင်းယူနိုင်ခဲ့လို့ လက်ကျန်မျှော်လင့်ချက်ကို အသက်သွင်းနိုင်ခဲ့တာပါ။ ဒါကြောင့် အခုလိုမျိုး အနိုင်ရလဒ်ကို မထိန်းသိမ်းနိုင်ခဲ့တဲ့အတွက်

မကျေနပ်တဲ့ အကြောင်း အင်းနရစ်က ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ ‘’ဂျာမနီလို အသင်းမျိုးနဲ့ ရင်ဆိုင်ကစားပြီး အနိုင်ရဖို့ အခွင့်အရေးလည်း ရှိနေတဲ့ အခိုက်အတန့်ရဲ့ ခံစားမှုဟာ တကယ့်ကို မိုက်တယ်ဗျာ။

နောက်ဆုံး မိနစ်တွေကျမှပဲ အဲဒါကို ဆုံးရှုံးလိုက်ရတယ်။ ဒါပေမဲ့ ၂ ပွဲ ကစားပြီးချိန်မှာ ကျွန်တော်တို့က ဦး ဆောင်သူအဖြစ် ရှိနေဆဲဆိုတာကိုတော့ သိထားရပါမယ်’’ လို့ အင်းနရစ်က ပြောဆိုခဲ့ပါတယ်။

ဒီပွဲမှာ သရေကျခဲ့တဲ့ စပိန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (E) ရဲ့ ထိပ်ဆုံး မှာရှိနေဆဲဖြစ်ပြီး ရမှတ် ၄ မှတ်နဲ့ ဦးဆောင်နေတာကြောင့် နောက်ဆုံးပွဲစဉ်မှာ တစ်မှတ်ရတာနဲ့ နောက်တစ်ဆင့်ကို

တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံး ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်မှာ ဂျပန် ကို စပိန်က ဂိုးပြတ် အနိုင်ယူခဲ့မယ်ဆိုရင်တော့ ဂျာမနီဟာ နောက်တစ်ဆင့် ကို

တက်ရောက်နိုင်ဖို့ အခွင့်အလမ်း ရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စပိန်နဲ့ ဂျပန်တို့ရဲ့ ပွဲစဉ်ရလဒ်ဟာ ဂျာမနီအတွက် အသက်တမျှ အရေးကြီးနေပြီဖြစ် ပါတယ်။

(Zawgyi)

ဂ်ာမနီကို အျပဳတ္ျဖဳတ္ပစ္ႏိုင္တဲ့အေျခအေနကို မထိန္းႏိုင္ခဲ့လို႔ မေက်မနပ္ျဖစ္ေနတဲ့ အင္းနရစ္

ဂ်ာမနီနဲ႔ တစ္ဂိုးစီ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ အႏိုင္ရဖို႔ အခြင့္အေရးတစ္ရပ္ ရွိခဲ့ၿပီး အခုထက္ပိုေကာင္းတဲ့ ရလဒ္မ်ိဳးရေအာင္ ဂိုးသြင္းခြင့္ေတြလည္း ရွိေနလ်က္နဲ႔ သေရပြဲျဖစ္ခဲ့တာေၾကာင့္ စပိန္နည္းျပ လူးဝစ္စ္

အင္းနရစ္တစ္ေယာက္ မေက် မနပ္ ျဖစ္ခဲ့ရပါတယ္။ စပိန္နဲ႔ ဂ်ာမနီတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္ဟာ အသင္း ႀကီးႏွစ္သင္း စီးခ်င္းထိုးတဲ့ ပြဲျဖစ္တာေၾကာင့္ ၿပိဳင္ဆိုင္မႈ ျပင္းထန္ခဲ့ၾကေပမဲ့ ဂိုးဖန္တီးခြင့္ေတြ

အမ်ားႀကီး လုပ္ႏိုင္ခဲ့တာက စပန္းနစ္ေတြပဲ ျဖစ္ပါတယ္။ အင္းနရစ္ရဲ႕ အဲဒီပြဲစဥ္မွာ ေဘာလုံးပိုင္ဆိုင္မႈလည္း အသာစီးရခဲ့သလို ပြဲခ်ိန္ ၆၂ မိနစ္မွာ မိုရာတာရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး အႏိုင္ရလဒ္ ရလုနီးပါး

ျဖစ္ေနခဲ့တာပါ။ ဒီပြဲမွာသာ အႏိုင္ရခဲ့မယ္ဆိုရင္ ဂ်ာမနီဟာ ၿပိဳင္ပြဲကေနၿပီး က်ိန္း ေသ ထြက္ရေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ဂ်ာမနီဟာ ေနာက္ပိုင္း ပြဲခ်ိန္ေတြ မွာ လူစားလဲမႈေတြ လုပ္လာၿပီးတဲ့ေနာက္

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ေခ်ပဂိုး သြင္းယူႏိုင္ခဲ့လို႔ လက္က်န္ေမွ်ာ္လင့္ခ်က္ကို အသက္သြင္းႏိုင္ခဲ့တာပါ။ ဒါ ေၾကာင့္အခုလိုမ်ိဳး အႏိုင္ရလဒ္ကို မထိန္းသိမ္းႏိုင္ခဲ့တဲ့အတြက္ မေက်နပ္တဲ့ အေၾကာင္း အင္းနရစ္က ပြဲအၿပီးမွာ

ေျပာခဲ့ပါတယ္။ ‘’ဂ်ာမနီလို အသင္းမ်ိဳးနဲ႔ ရင္ဆိုင္ကစားၿပီး အႏိုင္ရဖို႔ အခြင့္အေရးလည္း ရွိေနတဲ့ အခိုက္အတန႔္ရဲ႕ ခံစားမႈဟာ တကယ့္ကို မိုက္တယ္ဗ်ာ။ ေနာက္ဆုံး မိနစ္ေတြက်မွပဲ အဲဒါကို ဆုံးရႈံးလိုက္ရတယ္။

ဒါေပမဲ့ ၂ ပြဲ ကစားၿပီးခ်ိန္မွာ ကြၽန္ေတာ္တို႔က ဦး ေဆာင္သူအျဖစ္ ရွိေနဆဲဆိုတာကိုေတာ့ သိထားရပါမယ္’’ လို႔ အင္းနရစ္က ေျပာဆိုခဲ့ပါတယ္။ ဒီပြဲမွာ သေရက်ခဲ့တဲ့ စပိန္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲ အုပ္စု (E) ရဲ႕

ထိပ္ဆုံး မွာရွိေနဆဲျဖစ္ၿပီး ရမွတ္ ၄ မွတ္နဲ႔ ဦးေဆာင္ေနတာေၾကာင့္ ေနာက္ဆုံးပြဲစဥ္မွာ တစ္မွတ္ရတာနဲ႔ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ေနာက္ဆုံး ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားမယ့္ ပြဲစဥ္မွာ ဂ်ပန္ ကို

စပိန္က ဂိုးျပတ္ အႏိုင္ယူခဲ့မယ္ဆိုရင္ေတာ့ ဂ်ာမနီဟာ ေနာက္တစ္ဆင့္ ကို တက္ေရာက္ႏိုင္ဖို႔ အခြင့္အလမ္း ရွိသြားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္

စပိန္နဲ႔ ဂ်ပန္တို႔ရဲ႕ ပြဲစဥ္ရလဒ္ဟာ ဂ်ာမနီအတြက္ အသက္တမွ် အေရးႀကီးေနၿပီျဖစ္ ပါတယ္။