ဂျာစီရောင်းချနိုင်မှုမှာ မက်ဆီရဲ့ ထာဝရရောင်းအားအကောင်းဆုံးစံချိန်ကိုကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ပျော်တယ်လို့ ရော်နယ်ဒို ဝန်ခံ

ယူနိုက်တက်ကို တကျော့ပြန် ပြောင်းရွှေ့လာတဲ့အချိန်မှာ မက်ဆီရဲ့ပီအက်စ်ဂျီ အသင်းဂျာစီရောင်းချနိုင်မှုအားကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက်ဝမ်းသာမိခဲ့တယ်လို့

ရော်နယ်ဒိုကဝန်ခံလိုက်ပါတယ်။ ပီးယာ့စ်မော်ဂန်နဲ့ TalkTV အင်တာဗျူးမှာ ဒီအကြောင်းအရာကို ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ဒါဟာ ပေါ်တူဂီတိုက်စစ်မှူးကို ဘယ်လောက်အထိလူကြိုက်များသလဲဆိုတာကို

မြင်သာသွားစေခဲ့ပါတယ်။ အင်တာဗျူးအစီအစဉ်မှာ ပီးယာ့စ်မော်ဂန်က “ယူနိုက်တက်နဲ့ တကျော့ပြန်လက်မှတ်ထိုးပြီး ၂၄နာရီအတွင်းမှာ အဖြစ်အပျက်နှစ်ခုရှိခဲ့တယ်။ တစ်ခုက…၂၄နာရီအတွင်း

ဂျာစီရောင်းချနိုင်မှုမှာ ထာဝရရောင်းအားအကောင်းဆုံး စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့တယ်။ မက်ဆီဆိုတဲ့ကောင်လေးကို အနိုင်ယူခဲ့တာအတွက် မင်းပျော်နေခဲ့လား” လို့ မေးမြန်းလိုက်ပါတယ်။

ရော်နယ်ဒိုက(ရယ်လျက်) “ငါပျော်တာပေါ့။ ခင်ဗျားတို့သိတဲ့အတိုင်း ကျွန်တော်ကစံချိန်တွေနောက်ကို မလိုက်ဘူး၊ စံချိန်တွေက ကျွန်တော့်နောက်ကို လိုက်နေတာ။ နောက်တစ်ခုကတော့ ကျွန်တော့်စာအုပ်ပါ” လို့

ပြန်ဖြေခဲ့ပါတယ်။ ဆက်လက်ပြီး ပီယာ့စ်မော်ဂန်က “နောက်တစ်ခုကတော့ ယူနိုက်တက်တွစ်တာမှာ မင်းကလပ်ကိုပြန်ရောက်လာပြီလို့ အသိပေးလိုက်တဲ့ ပို့စ်က တွစ်တာသမိုင်းမှာ Like အများဆုံးဖြစ်ခဲ့တယ်”

လို့ပြောဆိုလိုက်ချိန်မှာတော့ ရော်နယ်ဒိုက “ငါမင်းကိုပြောခဲ့သလိုပဲ ဒါဟာဘယ်သူမှမျှော်လင့်မထားတဲ့ အခိုက်အတန့်ကောင်းတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ၇၂နာရီအတွင်း ကျွန်တော့်ရဲ့အမြင်တွေ

ပြောင်းလဲသွားခဲ့လို့ပဲဖြစ်တယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။ ပြိုင်ဘက်မက်ဆီရဲ့ ဂျာစီရောင်းအားထက်ပိုပြီး သာလွန်ခဲ့တာဟာ ရော်နယ်ဒိုအတွက်တော့ ကျေနပ်စရာအလွန်ကောင်းခဲ့ပြီး

တကယ်တမ်းမှာ CR7 ကိုအားပေးတဲ့အမာခံပရိသတ်ပိုများတယ်ဆိုတာကို ဒီမှတ်တမ်းက မီးမောင်းထိုးပြလိုက်သလိုဖြစ်ခဲ့ပါတယ်။

(Zawgyi)

ဂ်ာစီေရာင္းခ်ႏိုင္မႈမွာ မက္ဆီရဲ႕ ထာဝရေရာင္းအားအေကာင္းဆုံးစံခ်ိန္ကိုေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့အတြက္ ေပ်ာ္တယ္လို႔ ေရာ္နယ္ဒို ဝန္ခံ

ယူႏိုက္တက္ကို တေက်ာ့ျပန္ေျပာင္းေ႐ႊ႕လာတဲ့အခ်ိန္မွာ မက္ဆီရဲ႕ပီအက္စ္ဂ်ီ အသင္းဂ်ာစီေရာင္းခ်ႏိုင္မႈအားကို ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့အတြက္ဝမ္းသာမိခဲ့တယ္လို႔ ေရာ္နယ္ဒိုကဝန္ခံလိုက္ပါတယ္။

ပီးယာ့စ္ေမာ္ဂန္နဲ႔ TalkTV အင္တာဗ်ဴးမွာ ဒီအေၾကာင္းအရာကိုထည့္သြင္းေျပာဆိုခဲ့တာျဖစ္ၿပီး ဒါဟာေပၚတူဂီတိုက္စစ္မႉးကိုဘယ္ေလာက္အထိလူႀကိဳက္မ်ားသလဲဆိုတာကို ျမင္သာသြားေစခဲ့ပါတယ္။

အင္တာဗ်ဴးအစီအစဥ္မွာ ပီးယာ့စ္ေမာ္ဂန္က “ယူႏိုက္တက္နဲ႔ တေက်ာ့ျပန္လက္မွတ္ထိုးၿပီး ၂၄နာရီအတြင္းမွာ အျဖစ္အပ်က္ႏွစ္ခုရွိခဲ့တယ္။ တစ္ခုက…၂၄နာရီအတြင္း ဂ်ာစီေရာင္းခ်ႏိုင္မႈမွာ

ထာဝရေရာင္းအားအေကာင္းဆုံး စံခ်ိန္ကိုေက်ာ္ျဖတ္ႏိုင္ခဲ့တယ္။ မက္ဆီဆိုတဲ့ေကာင္ေလးကို အႏိုင္ယူခဲ့တာအတြက္ မင္းေပ်ာ္ေနခဲ့လား” လို႔ ေမးျမန္းလိုက္ပါတယ္။

ေရာ္နယ္ဒိုက(ရယ္လ်က္) “ငါေပ်ာ္တာေပါ့။ ခင္ဗ်ားတို႔သိတဲ့အတိုင္း ကြၽန္ေတာ္ကစံခ်ိန္ေတြေနာက္ကို မလိုက္ဘူး၊ စံခ်ိန္ေတြက ကြၽန္ေတာ့္ေနာက္ကို လိုက္ေနတာ။

ေနာက္တစ္ခုကေတာ့ ကြၽန္ေတာ့္စာအုပ္ပါ” လို႔ ျပန္ေျဖခဲ့ပါတယ္။ ဆက္လက္ၿပီး ပီယာ့စ္ေမာ္ဂန္က “ေနာက္တစ္ခုကေတာ့ ယူႏိုက္တက္တြစ္တာမွာ မင္းကလပ္ကိုျပန္ေရာက္လာၿပီလို႔

အသိေပးလိုက္တဲ့ ပို႔စ္က တြစ္တာသမိုင္းမွာ Like အမ်ားဆုံးျဖစ္ခဲ့တယ္” လို႔ေျပာဆိုလိုက္ခ်ိန္မွာေတာ့ ေရာ္နယ္ဒိုက “ငါမင္းကိုေျပာခဲ့သလိုပဲ ဒါဟာဘယ္သူမွေမွ်ာ္လင့္မထားတဲ့

အခိုက္အတန႔္ေကာင္းတစ္ခုပါ။ ဘာေၾကာင့္လဲဆိုေတာ့ ၇၂နာရီအတြင္း ကြၽန္ေတာ့္ရဲ႕အျမင္ေတြ ေျပာင္းလဲသြားခဲ့လို႔ပဲျဖစ္တယ္” လို႔ တုံ႔ျပန္ခဲ့ပါတယ္။

ၿပိဳင္ဘက္မက္ဆီရဲ႕ ဂ်ာစီေရာင္းအားထက္ပိုၿပီး သာလြန္ခဲ့တာဟာ ေရာ္နယ္ဒိုအတြက္ေတာ့ ေက်နပ္စရာအလြန္ေကာင္းခဲ့ၿပီး တကယ္တမ္းမွာ CR7 ကို

အားေပးတဲ့အမာခံပရိသတ္ပိုမ်ားတယ္ဆိုတာကို ဒီမွတ္တမ္းက မီးေမာင္းထိုးျပလိုက္သလိုျဖစ္ခဲ့ပါတယ္။