ဂျာစီတွေ ရောင်းပြီး ရောင်းရငွေအားလုံးကို ယူကရိန်းပြည်သူတွေကို ထောက်ပံ့သွားမယ့် ဘရန့်ဖို့ဒ် နဲ့ အေစီမီလန်

ဘရန့်ဖို့ဒ်အသင်းသားတွေဟာ ဘန်လေနဲ့ပွဲစဉ်မတိုင်ခင်မှာ Bee Together ဆိုတဲ့

စာတန်းနဲ့အတူ ယူကရိန်းနိုင်ငံအလံနဲ့ ရေးချယ်ထားတဲ့

အသင်းလိုဂို ပျားပုံပါဝင်တဲ့ အထူးတီရှပ်တွေနဲ့ လေ့ကျင့်နေခဲ့ကြပါတယ်။

အဆိုပါတီရှပ်တွေကို ရောင်းချသွားမှာဖြစ်ပြီး ရောင်းရငွေအားလုံးကို

ယူကရိန်းပြည်သူတွေအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။

စေတနာ အကျိုးပေးတာ ထင်ပါတယ်။ ဘရန့်ဖို့ဒ်တို့

နောက်ကျ သွင်းဂိုးတွေနဲ့ ဘန်လေကို နိုင်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ် အတွက် ဂိုးတွေကို တိုနေး ကသွင်းပေးခဲ့တာ ဖြစ်ပြီး၊

ပထမအလုံးက ပွဲချိန် ၈၅ မိနစ်မှာ ဖြစ်ပြီး၊ ဒုတိယ အလုံးကတော့

ပွဲပြီးခါနီး မိနစ် ၉၀ကျော်လောက်မှာ ပင်နယ်တီကန်သွင်းခဲ့တာပါ။

(၉၀+၂)မိနစ်မှာ ဘန်လေနောက်ခံလူ ကောလင်းစ်

တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

အေစီမီလန်အသင်းဟာလည်း ရုရှားရဲ့ကျူးကျော်စစ်ကြောင့်

ဒုက္ခရောက်နေကြတဲ့ ယူကရိန်းပြည်သူတွေကို ကူညီထောက်ပံ့နိုင်ရေးအတွက်

SPEICIAL EDITION MANCHSTER 2003 FOR UKRAINE လို့

အမည်ပေးထားတဲ့ ဂျာစီကို ရောင်းချဖို့အတွက် ထုတ်ဝေခဲ့ပါတယ်။

၂၀၀၃ ခုနှစ်က အိုးထရက်ဖိုဒ့်မှာ ကျင်းပခဲ့တဲ့ ၂၀၀၂-၀၃ ဘောလုံးရာသီ

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဂျူဗင်တပ်စ်အသင်းကို အနိုင်ရတဲ့ပွဲမှာ

ဝတ်ဆင်ခဲ့တဲ့ ဂျာစီဒီဇိုင်းအတိုင်း ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ ယူကရိန်းတိုက်စစ်မှူး ရှက်ဖ်ချန်ကို အေစီမီလန်တိုက်စစ်မှူးအဖြစ်

ပါဝင်ခဲ့တာကြောင့် သူ့ရဲ့ကျောနံပါတ်ကို ထည့်သွင်းထားခဲ့ပါတယ်။

အဆိုပါဂျာစီတစ်ထည်ကို ယူရို ၅၀ နဲ့ ရောင်းချသွားမှာဖြစ်ပြီး ရောင်းရငွေအားလုံးကို

ယူကရိန်းပြည်သူတွေအတွက် လှူဒါန်းသွားမယ်လို့ ကြေညာထားခဲ့ပါတယ်။

zawgyi

ဂ်ာစီေတြ ေရာင္းၿပီး ေရာင္းရေငြအားလုံးကို ယူကရိန္းျပည္သူေတြကို ေထာက္ပံ့သြားမယ့္ ဘရန႔္ဖို႔ဒ္ နဲ႔ ေအစီမီလန္

ဘရန႔္ဖို႔ဒ္အသင္းသားေတြဟာ ဘန္ေလနဲ႔ပြဲစဥ္မတိုင္ခင္မွာ Bee Together ဆိုတဲ့

စာတန္းနဲ႔အတူ ယူကရိန္းႏိုင္ငံအလံနဲ႔ ေရးခ်ယ္ထားတဲ့

အသင္းလိုဂို ပ်ားပုံပါဝင္တဲ့ အထူးတီရွပ္ေတြနဲ႔ ေလ့က်င့္ေနခဲ့ၾကပါတယ္။

အဆိုပါတီရွပ္ေတြကို ေရာင္းခ်သြားမွာျဖစ္ၿပီး ေရာင္းရေငြအားလုံးကို

ယူကရိန္းျပည္သူေတြအတြက္ လႉဒါန္းသြားမွာျဖစ္ပါတယ္။

ေစတနာ အက်ိဳးေပးတာ ထင္ပါတယ္။ ဘရန႔္ဖို႔ဒ္တို႔

ေနာက္က် သြင္းဂိုးေတြနဲ႔ ဘန္ေလကို ႏိုင္ခဲ့ပါတယ္။

ဘရန႔္ဖို႔ဒ္ အတြက္ ဂိုးေတြကို တိုေနး ကသြင္းေပးခဲ့တာ ျဖစ္ၿပီး၊

ပထမအလုံးက ပြဲခ်ိန္ ၈၅ မိနစ္မွာ ျဖစ္ၿပီး၊ ဒုတိယ အလုံးကေတာ့

ပြဲၿပီးခါနီး မိနစ္ ၉၀ေက်ာ္ေလာက္မွာ ပင္နယ္တီကန္သြင္းခဲ့တာပါ။

(၉၀+၂)မိနစ္မွာ ဘန္ေလေနာက္ခံလူ ေကာလင္းစ္

တိုက္႐ိုက္အနီကတ္ျပ ထုတ္ပယ္ခံခဲ့ရပါတယ္။

ေအစီမီလန္အသင္းဟာလည္း ႐ုရွားရဲ႕က်ဴးေက်ာ္စစ္ေၾကာင့္

ဒုကၡေရာက္ေနၾကတဲ့ ယူကရိန္းျပည္သူေတြကို ကူညီေထာက္ပံ့ႏိုင္ေရးအတြက္

SPEICIAL EDITION MANCHSTER 2003 FOR UKRAINE လို႔

အမည္ေပးထားတဲ့ ဂ်ာစီကို ေရာင္းခ်ဖို႔အတြက္ ထုတ္ေဝခဲ့ပါတယ္။

၂၀၀၃ ခုႏွစ္က အိုးထရက္ဖိုဒ့္မွာ က်င္းပခဲ့တဲ့ ၂၀၀၂-၀၃ ေဘာလုံးရာသီ

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ဂ်ဴဗင္တပ္စ္အသင္းကို အႏိုင္ရတဲ့ပြဲမွာ

ဝတ္ဆင္ခဲ့တဲ့ ဂ်ာစီဒီဇိုင္းအတိုင္း ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။

အဲဒီပြဲစဥ္မွာ ယူကရိန္းတိုက္စစ္မႉး ရွက္ဖ္ခ်န္ကို ေအစီမီလန္တိုက္စစ္မႉးအျဖစ္

ပါဝင္ခဲ့တာေၾကာင့္ သူ႔ရဲ႕ေက်ာနံပါတ္ကို ထည့္သြင္းထားခဲ့ပါတယ္။

အဆိုပါဂ်ာစီတစ္ထည္ကို ယူ႐ို ၅၀ နဲ႔ ေရာင္းခ်သြားမွာျဖစ္ၿပီး ေရာင္းရေငြအားလုံးကို

ယူကရိန္းျပည္သူေတြအတြက္ လႉဒါန္းသြားမယ္လို႔ ေၾကညာထားခဲ့ပါတယ္။