ဂျာစီချင်းလဲဖို့ မက်ဆီရဲ့တောင်းဆိုမှုကြောင့် အံ့သြတကြီးဖြစ်သွားရတဲ့ လိုင်လီကွင်းလယ်လူ ဂိုမက်စ်

လိုင်လီကွင်းလယ်လူ အိန်ဂျယ်ဂိုမက်စ်ဟာ ပီအက်စ်ဂျီကို ၁-၅ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ

ရွှေဘောလုံးဆု ၇ကြိမ်အထိရရှိထားတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီက

သူနဲ့ ဂျာစီချင်းလဲဖို့ တောင်းဆိုမှုကြောင့် အံ့သြတကြီးဖြစ်သွားခဲ့ပါတယ်။

အဲဒီပွဲမှာ မက်ဆီနဲ့ ဘာပေတို့ ဂိုးသွင်းနိုင်ခဲ့တဲ့အပြင် ကွင်းလယ်လူ ဒါနီလိုက

၂ဂိုးနဲ့ နောက်ခံလူ ကင်ပမ်ဘီတို့ကလည်း ဂိုးတွေ အသီးသီးသွင်းယူခဲ့ပြီး ပီအက်စ်ဂျီလည်း

ဒုတိယနေရာက မာဆေးလ်ကို ၁၃ မှတ်အထိ ဖြတ်ကာ အမှတ်ပေးဇယား ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။

မက်ဆီအနေနဲ့ နွေရာသီကဘာစီလိုနာကနေ အလွတ်ပြောင်းရွှေ့လာပြီးနောက်

ပီအက်စ်ဂျီအတွက် သွင်းယူခဲ့တဲ့ ဒုတိယမြောက် လိဂ်သွင်းဂိုးဖြစ်ပြီး ပွဲအပြီး

ဥမင်လိုဏ်ခေါင်းထဲကနေ လမ်းလျှောက် ပြန်ထွက်လာချိန်မှာ

မက်ဆီက အသက် ၂၁နှစ်အရွယ်ရှိ ဂိုမက်စ်ကို ဂျာစီချင်းလဲဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အစောပိုင်းမှာ ဂိုမက်စ်က အသက် ၃၄နှစ်အရွယ်ရှိ မက်ဆီအနေနဲ့ သူ့ရဲ့ဂျာစီကို ပေးအပြီး

ဒီအတိုင်း ပြန်ထွက်သွားလိမ့်မယ်လို့ ထင်မှတ်ခဲ့ပုံရပါတယ်

ဒါပေမဲ့ မက်ဆီက ဂိုမက်စ်ဆီက ဂျာစီယူဖို့ စောင့်ဆိုင်းနေချိန်မှာတော့

ယူနိုက်တက်ကွင်းလယ်လူဟောင်းလည်း အံ့သြတကြီးနဲ့ သူ့ဂျာစီကို ချွတ်ကာ

မက်ဆီကို ပေးအပ်လိုက်တာဖြစ်ပြီး အဲဒီနောက် နှစ်ယောက်သား ပွေ့ဖက်နှုတ်ဆက်ခဲ့ပါတယ်။

ဂိုမက်စ်ဟာ အသက် ၆ နှစ်အရွယ်မှာ ယူနိုက်တက်ကို ရောက်လာပြီးနောက်

အိုးထရက်ဖို့ဒ်ကလပ်မှာ ၁၄နှစ်ကြာ ကျင်လည်ခဲ့ပြီး လိုင်လီကို ရောက်သွားပေမယ့် ပေါ်တူဂီကလပ်

ဘိုအာဗစ္စတာအသင်းကို အငှားနဲ့ သွားရောက်ကစားခဲ့ပါတယ်။

သူဟာ ဘိုအာဗစ္စတာအသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက်

ယခုရာသီမှာ လိုင်လီအသင်းနဲ့အတူ ၁၆ပွဲကစားခွင့်ရထားပါတယ်။

zawgyi

ဂ်ာစီခ်င္းလဲဖို႔ မက္ဆီရဲ႕ေတာင္းဆိုမႈေၾကာင့္ အံ့ၾသတႀကီးျဖစ္သြားရတဲ့ လိုင္လီကြင္းလယ္လူ ဂိုမက္စ္

လိုင္လီကြင္းလယ္လူ အိန္ဂ်ယ္ဂိုမက္စ္ဟာ ပီအက္စ္ဂ်ီကို ၁-၅ ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ

ေ႐ႊေဘာလုံးဆု ၇ႀကိမ္အထိရရွိထားတဲ့ ပီအက္စ္ဂ်ီတိုက္စစ္မႉး မက္ဆီက

သူနဲ႔ ဂ်ာစီခ်င္းလဲဖို႔ ေတာင္းဆိုမႈေၾကာင့္ အံ့ၾသတႀကီးျဖစ္သြားခဲ့ပါတယ္။

အဲဒီပြဲမွာ မက္ဆီနဲ႔ ဘာေပတို႔ ဂိုးသြင္းႏိုင္ခဲ့တဲ့အျပင္ ကြင္းလယ္လူ ဒါနီလိုက

၂ဂိုးနဲ႔ ေနာက္ခံလူ ကင္ပမ္ဘီတို႔ကလည္း ဂိုးေတြ အသီးသီးသြင္းယူခဲ့ၿပီး ပီအက္စ္ဂ်ီလည္း

ဒုတိယေနရာက မာေဆးလ္ကို ၁၃ မွတ္အထိ ျဖတ္ကာ အမွတ္ေပးဇယား ထိပ္ဆုံးကေန ဦးေဆာင္ေနပါတယ္။

မက္ဆီအေနနဲ႔ ေႏြရာသီကဘာစီလိုနာကေန အလြတ္ေျပာင္းေ႐ႊ႕လာၿပီးေနာက္

ပီအက္စ္ဂ်ီအတြက္ သြင္းယူခဲ့တဲ့ ဒုတိယေျမာက္ လိဂ္သြင္းဂိုးျဖစ္ၿပီး ပြဲအၿပီး

ဥမင္လိုဏ္ေခါင္းထဲကေန လမ္းေလွ်ာက္ ျပန္ထြက္လာခ်ိန္မွာ

မက္ဆီက အသက္ ၂၁ႏွစ္အ႐ြယ္ရွိ ဂိုမက္စ္ကို ဂ်ာစီခ်င္းလဲဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

အေစာပိုင္းမွာ ဂိုမက္စ္က အသက္ ၃၄ႏွစ္အ႐ြယ္ရွိ မက္ဆီအေနနဲ႔ သူ႔ရဲ႕ဂ်ာစီကို ေပးအၿပီး

ဒီအတိုင္း ျပန္ထြက္သြားလိမ့္မယ္လို႔ ထင္မွတ္ခဲ့ပုံရပါတယ္

ဒါေပမဲ့ မက္ဆီက ဂိုမက္စ္ဆီက ဂ်ာစီယူဖို႔ ေစာင့္ဆိုင္းေနခ်ိန္မွာေတာ့

ယူႏိုက္တက္ကြင္းလယ္လူေဟာင္းလည္း အံ့ၾသတႀကီးနဲ႔ သူ႔ဂ်ာစီကို ခြၽတ္ကာ

မက္ဆီကို ေပးအပ္လိုက္တာျဖစ္ၿပီး အဲဒီေနာက္ ႏွစ္ေယာက္သား ေပြ႕ဖက္ႏႈတ္ဆက္ခဲ့ပါတယ္။

ဂိုမက္စ္ဟာ အသက္ ၆ ႏွစ္အ႐ြယ္မွာ ယူႏိုက္တက္ကို ေရာက္လာၿပီးေနာက္

အိုးထရက္ဖို႔ဒ္ကလပ္မွာ ၁၄ႏွစ္ၾကာ က်င္လည္ခဲ့ၿပီး လိုင္လီကို ေရာက္သြားေပမယ့္ ေပၚတူဂီကလပ္

ဘိုအာဗစၥတာအသင္းကို အငွားနဲ႔ သြားေရာက္ကစားခဲ့ပါတယ္။

သူဟာ ဘိုအာဗစၥတာအသင္းမွာ ေျခစြမ္းျပႏိုင္ခဲ့ၿပီးေနာက္

ယခုရာသီမွာ လိုင္လီအသင္းနဲ႔အတူ ၁၆ပြဲကစားခြင့္ရထားပါတယ္။