ဂျရတ်က သူ့ကိုလှောင်ပြောင်နေကြတဲ့ အဲဗာတန်ပရိသတ်တွေဘက်ကို သနားတဲ့ပုံစံနဲ့လှည့်ကြည့်ပြီး မထိတထိပြုံးပြကာ တုံ့ပြန်ခဲ့

အက်စ်တွန်ဗီလာအသင်းနည်းပြ စတီဗင်ဂျရတ်ဟာ

အဲဗာတန်ကို ၁-၀ နဲ့နိုင်ခဲ့တဲ့အဝေးကွင်းပွဲမှာ ပြိုင်ဘက်အိမ်ရှင်ပရိသတ် တွေကို

သနားသလိုကြည့်ပြီး မထိတထိပြုံးပြကာတုံ့ပြန်ခဲ့ပေမယ့်

သူ့လုပ်ရပ်ကိုသဘောကျနေတဲ့ သူတွေရှိနေတယ်လို့သိရပါ တယ်။

ဒီပွဲရဲ့ပထမပိုင်းပြီးကာနီးလေးမှာ ဘူအန်ဒီယာကဂိုးသွင်းယူနိုင်ခဲ့ပြီး

ဒီဂိုးဟာ ဗီလာအတွက်တစ်လုံးတည်းသော အနိုင်ဂိုးလည်းဖြစ်ခဲ့ရပါတယ်။

ပထမပိုင်းပြီးလို့ အဝတ်လဲခန်းထဲဝင်ဖို့ကွင်းထဲမှာဖြတ်လျှောက်နေတုန်း

ဂျရတ်ကသူ့ကိုလှောင် ပြောင်နေကြတဲ့ အဲဗာတန်ပရိသတ်တွေဘက်ကို

သနားတဲ့ပုံစံနဲ့လှည့်ကြည့်ပြီး မထိတထိပြုံးပြကာ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဂျရတ်ဟာဒီပွဲမှာ အဲဗာတန်ရဲ့ပြိုင်ဘက်ဖြစ်ခဲ့တဲ့အပြင်

လီဗာပူးနဲ့သူဆက်နွယ်ခဲ့မှုနဲ့ မာဆေးဆိုက်ဒါဘီမှာ

အဲဗာတန်အတွက် အကြီးမားဆုံးသောရန်သူတော်တွေထဲကတစ်ဦးလည်းဖြစ်ခဲ့လို့

အဲဗာတန်ပရိသတ်တွေရဲ့ပစ်မှတ်ထားခြင်းကိုခံခဲ့ရတာပါ။

ဒါကြောင့်လည်းတွစ်တာပေါ်မှာ ဂျရတ်ရဲ့ပြုမူပုံနဲ့ပတ်သက်ပြီး

သဘောကျတဲ့မှတ်ချက်တွေထွက်လာခဲ့တာပါ။

တစ်ဦးက” ငါ ဒီဘဲကိုတကယ်ချစ်မိသွားပြီ” လို့ဆိုခဲ့ပြီး

နောက်တစ်ဦးကလည်း” သိပ်ကိုထူးခြားလွန်းတဲ့

အဲဗာတန်ဒေသခံသားကြီး” လို့ ရေးသားခဲ့ပါတယ်။

နောက်ထပ်ပို့စ်တွေမှာ” လီဗာပူးပရိသတ်တော့မဟုတ်ပေမယ့်

ဒီဘဲသွေးအေးပြနေတာ မိုက်တယ်”၊

”ဘယ်လိုနည်းပြမျိုးလဲ” လို့ဆိုခဲ့ကြပါတယ်။

ဗီလာဟာဒီဇင်ဘာ ၁၄ ကနောက်ပိုင်း ပရီးမီးယားလိဂ်မှာ

ပထမဆုံးနိုင်ပွဲကိုရယူ နိုင်ခဲ့တာလည်းဖြစ်လို့

အမှတ်ပေးဇယားမှာအဆင့် ၁၀ အထိတက်လှမ်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့်သူတို့ရဲ့အနီးစပ်ဆုံးပြိုင်ဘက် ဖြစ်တဲ့ လက်စတာက ၂ ပွဲကစားဖို့

ကျန်ရှိနေသေးပြီးအဲဒီထဲကတစ်ပွဲနိုင်တာနဲ့

ဗီလာကိုကျော်တက်မှာဖြစ်ပါတယ်။

အဲဗာတန် ကတော့ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်ရှုံးနိမ့်မှုနဲ့အတူ

အဆင့် ၁၆ အထိကျဆင်းသွားခဲ့ပါတယ်။

zawgyi

ဂ်ရတ္က သူ႔ကိုေလွာင္ေျပာင္ေနၾကတဲ့ အဲဗာတန္ပရိသတ္ေတြဘက္ကို သနားတဲ့ပုံစံနဲ႔လွည့္ၾကည့္ၿပီး မထိတထိၿပဳံးျပကာ တုံ႔ျပန္ခဲ့

အက္စ္တြန္ဗီလာအသင္းနည္းျပ စတီဗင္ဂ်ရတ္ဟာ

အဲဗာတန္ကို ၁-၀ နဲ႔ႏိုင္ခဲ့တဲ့အေဝးကြင္းပြဲမွာ ၿပိဳင္ဘက္အိမ္ရွင္ပရိသတ္ ေတြကို

သနားသလိုၾကည့္ၿပီး မထိတထိၿပဳံးျပကာတုံ႔ျပန္ခဲ့ေပမယ့္

သူ႔လုပ္ရပ္ကိုသေဘာက်ေနတဲ့ သူေတြရွိေနတယ္လို႔သိရပါ တယ္။

ဒီပြဲရဲ႕ပထမပိုင္းၿပီးကာနီးေလးမွာ ဘူအန္ဒီယာကဂိုးသြင္းယူႏိုင္ခဲ့ၿပီး

ဒီဂိုးဟာ ဗီလာအတြက္တစ္လုံးတည္းေသာ အႏိုင္ဂိုးလည္းျဖစ္ခဲ့ရပါတယ္။

ပထမပိုင္းၿပီးလို႔ အဝတ္လဲခန္းထဲဝင္ဖို႔ကြင္းထဲမွာျဖတ္ေလွ်ာက္ေနတုန္း

ဂ်ရတ္ကသူ႔ကိုေလွာင္ ေျပာင္ေနၾကတဲ့ အဲဗာတန္ပရိသတ္ေတြဘက္ကို

သနားတဲ့ပုံစံနဲ႔လွည့္ၾကည့္ၿပီး မထိတထိၿပဳံးျပကာ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ဂ်ရတ္ဟာဒီပြဲမွာ အဲဗာတန္ရဲ႕ၿပိဳင္ဘက္ျဖစ္ခဲ့တဲ့အျပင္

လီဗာပူးနဲ႔သူဆက္ႏြယ္ခဲ့မႈနဲ႔ မာေဆးဆိုက္ဒါဘီမွာ

အဲဗာတန္အတြက္ အႀကီးမားဆုံးေသာရန္သူေတာ္ေတြထဲကတစ္ဦးလည္းျဖစ္ခဲ့လို႔

အဲဗာတန္ပရိသတ္ေတြရဲ႕ပစ္မွတ္ထားျခင္းကိုခံခဲ့ရတာပါ။

ဒါေၾကာင့္လည္းတြစ္တာေပၚမွာ ဂ်ရတ္ရဲ႕ျပဳမူပုံနဲ႔ပတ္သက္ၿပီး

သေဘာက်တဲ့မွတ္ခ်က္ေတြထြက္လာခဲ့တာပါ။

တစ္ဦးက” ငါ ဒီဘဲကိုတကယ္ခ်စ္မိသြားၿပီ” လို႔ဆိုခဲ့ၿပီး

ေနာက္တစ္ဦးကလည္း” သိပ္ကိုထူးျခားလြန္းတဲ့

အဲဗာတန္ေဒသခံသားႀကီး” လို႔ ေရးသားခဲ့ပါတယ္။

ေနာက္ထပ္ပို႔စ္ေတြမွာ” လီဗာပူးပရိသတ္ေတာ့မဟုတ္ေပမယ့္

ဒီဘဲေသြးေအးျပေနတာ မိုက္တယ္”၊

”ဘယ္လိုနည္းျပမ်ိဳးလဲ” လို႔ဆိုခဲ့ၾကပါတယ္။

ဗီလာဟာဒီဇင္ဘာ ၁၄ ကေနာက္ပိုင္း ပရီးမီးယားလိဂ္မွ

ာပထမဆုံးႏိုင္ပြဲကိုရယူ ႏိုင္ခဲ့တာလည္းျဖစ္လို႔

အမွတ္ေပးဇယားမွာအဆင့္ ၁၀ အထိတက္လွမ္းႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္သူတို႔ရဲ႕အနီးစပ္ဆုံးၿပိဳင္ဘက္ ျဖစ္တဲ့ လက္စတာက ၂ ပြဲကစားဖို႔

က်န္ရွိေနေသးၿပီးအဲဒီထဲကတစ္ပြဲႏိုင္တာနဲ႔

ဗီလာကိုေက်ာ္တက္မွာျဖစ္ပါတယ္။

အဲဗာတန္ ကေတာ့ပရီးမီးယားလိဂ္မွာ ၃ ပြဲဆက္ရႈံးနိမ့္မႈနဲ႔အတူ

အဆင့္ ၁၆ အထိက်ဆင္းသြားခဲ့ပါတယ္။