ဂျက်ဂရီလစ်ရှ်ရဲ့သရုပ်ဆောင်ချက်က အိုလံပစ်ဒိုင်ဗင်သမား တွမ်ဒါလေနဲ့တူတယ်လို့ ရွိုင်ကိန်း ပြောဆို

ဗီလာနဲ့ပွဲစဉ်မှာ မန်စီးတီးအသင်း ပင်နယ်တီကန်ခွင့်ရအောင်ကြိုးစားပြသွားခဲ့တဲ့

ဂျက်ဂရီလစ်ရှ်ကိုတော့ ယူနိုက်တက်ကွင်းလယ်လူဟောင်း ရွိုင်ကိန်းက

Sky Sports ရုပ်သံကတစ်ဆင့် အိုလံပစ်ဒိုင်ဗင်သမား တွမ်ဒါလေနဲ့ခိုင်းနှိုင်း

လှောင်ပြောင်သွားခဲ့ပါတယ်။ ဂျက်ဂရီလစ်ရှ်ဟာ ပြိုင်ဘက်ကစားသမား

ဂျာကော့ရမ်ဆေးနဲ့အနည်းငယ်သာထိခိုက်မိခဲ့ပေမဲ့ မြက်ခင်းပေါ်ကိုအလှပဆုံး

လှဲချခဲ့သလို ပထမပိုင်းပြီးဆုံးခါနီးမှာ မန်စီးတီးအသင်း ပင်နယ်တီကန်ခွင့်ရအောင်

စွမ်းဆောင်ပေးခဲ့တာဖြစ်တယ်။ ဒီပင်နယ်တီကိုတော့ မာရက်ဇ်ကဝင်အောင်ကန်ပြီး

ပထမပိုင်းမှာတင်ပြိုင်ဘက်ကို ၃ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။

ရွိုင်ကိန်းကတော့ ဂရီလစ်ရှ်ကိုအတော်လေးစားသွားတဲ့ပုံပေါက်ခဲ့သလို

ပထမပိုင်းအပြီး Sky Sports ရုပ်သံဆွေးနွေးခန်းမှာတော့ “မင်း ပင်နယ်တီပေးကိုပေးရမှာပဲ၊

ဂျက်ဂရီလစ်ရှ်ကအရမ်းကိုစမတ်ကျတယ်။ ရမ်ဆေးရဲ့ခုခံကာကွယ်မှုက

အရမ်းကိုနုံအခဲ့တဲ့အတွက် သူ့ကိုဖမ်းမိသလိုမျိုးဖြစ်သွားတယ်။

ဂျက်က သူ့ကိုယ်သူ အခြားအရာတွေထက်ပိုကန်ပြလိုက်တယ်။

သူက တွမ်ဒါလေနဲ့ပိုတူပေမယ့် အရမ်းပါးနပ်ခဲ့တာကြောင့် ဒါက ပင်နယ်တီဖြစ်သင့်ပါတယ်။

သူဖြတ်ဝင်လိုက်ပြီး ဘာလုပ်ရမယ်ဆိုတာကို အတိအကျသိတယ်၊

ကွင်းလယ်ဒိုင်ကိုတော့ ပင်နယ်တီပေးဖို့ကလွဲပြီး ရွေးချယ်စရာ

မရှိလောက်အောင်ကိုလုပ်ပြနိုင်ခဲ့တယ်” လို့ ချီးကျူးသွားခဲ့တာဖြစ်တယ်။

zawgyi

ဂ်က္ဂရီလစ္ရွ္ရဲ႕သ႐ုပ္ေဆာင္ခ်က္က အိုလံပစ္ဒိုင္ဗင္သမား တြမ္ဒါေလနဲ႔တူတယ္လို႔ ႐ြိဳင္ကိန္း ေျပာဆို

ဗီလာနဲ႔ပြဲစဥ္မွာ မန္စီးတီးအသင္း ပင္နယ္တီကန္ခြင့္ရေအာင္ႀကိဳးစားျပသြားခဲ့တဲ့

ဂ်က္ဂရီလစ္ရွ္ကိုေတာ့ ယူႏိုက္တက္ကြင္းလယ္လူေဟာင္း ႐ြိဳင္ကိန္းက

Sky Sports ႐ုပ္သံကတစ္ဆင့္ အိုလံပစ္ဒိုင္ဗင္သမား တြမ္ဒါေလနဲ႔ခိုင္းႏႈိင္း

ေလွာင္ေျပာင္သြားခဲ့ပါတယ္။ ဂ်က္ဂရီလစ္ရွ္ဟာ ၿပိဳင္ဘက္ကစားသမား

ဂ်ာေကာ့ရမ္ေဆးနဲ႔အနည္းငယ္သာထိခိုက္မိခဲ့ေပမဲ့ ျမက္ခင္းေပၚကိုအလွပဆုံး

လွဲခ်ခဲ့သလို ပထမပိုင္းၿပီးဆုံးခါနီးမွာ မန္စီးတီးအသင္း ပင္နယ္တီကန္ခြင့္ရေအာင္

စြမ္းေဆာင္ေပးခဲ့တာျဖစ္တယ္။ ဒီပင္နယ္တီကိုေတာ့ မာရက္ဇ္ကဝင္ေအာင္ကန္ၿပီး

ပထမပိုင္းမွာတင္ၿပိဳင္ဘက္ကို ၃ဂိုးျပတ္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

႐ြိဳင္ကိန္းကေတာ့ ဂရီလစ္ရွ္ကိုအေတာ္ေလးစားသြားတဲ့ပုံေပါက္ခဲ့သလို

ပထမပိုင္းအၿပီး Sky Sports ႐ုပ္သံေဆြးေႏြးခန္းမွာေတာ့ “မင္း ပင္နယ္တီေပးကိုေပးရမွာပဲ၊

ဂ်က္ဂရီလစ္ရွ္ကအရမ္းကိုစမတ္က်တယ္။ ရမ္ေဆးရဲ႕ခုခံကာကြယ္မႈက

အရမ္းကိုႏုံအခဲ့တဲ့အတြက္ သူ႔ကိုဖမ္းမိသလိုမ်ိဳးျဖစ္သြားတယ္။

ဂ်က္က သူ႔ကိုယ္သူ အျခားအရာေတြထက္ပိုကန္ျပလိုက္တယ္။

သူက တြမ္ဒါေလနဲ႔ပိုတူေပမယ့္ အရမ္းပါးနပ္ခဲ့တာေၾကာင့္ ဒါက ပင္နယ္တီျဖစ္သင့္ပါတယ္။

သူျဖတ္ဝင္လိုက္ၿပီး ဘာလုပ္ရမယ္ဆိုတာကို အတိအက်သိတယ္၊

ကြင္းလယ္ဒိုင္ကိုေတာ့ ပင္နယ္တီေပးဖို႔ကလြဲၿပီး ေ႐ြးခ်ယ္စရာ

မရွိေလာက္ေအာင္ကိုလုပ္ျပႏိုင္ခဲ့တယ္” လို႔ ခ်ီးက်ဴးသြားခဲ့တာျဖစ္တယ္။