ဂေါင်းကြီးကို အရှုံးခံပြီးရောင်းဖို့ တောင်းဆိုနေကြ

ဆောက်သမ်တန်နဲ့ ပွဲအပြီးတုန်းက ခြေစွမ်းဆိုးရွားနေဆဲဖြစ်တဲ့ မက်ဂွားရားကို

ယူနိုက်တက် ပရိသတ်များဟာ ထပ်မံဝေဖန်မှုတွေပြုလုပ်သွားခဲ့ပါတယ်။

မက်ဂွားရားဟာ ဘန်လေနဲ့သရေကျခဲ့တဲ့ပွဲမှာ ပေးလိုက်ရတဲ့ ချေပဂိုးအတွက်

တာဝန်မကင်းခဲ့သလို ဆောက်သမ်တန်နဲ့ပွဲမှာလည်း ပြိုင်ဘက်တိုက်စစ်မှူး

ဘရော်ဂျာကို ဂိုးဧရိယာထဲနင်းခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့

ပင်နယ်တီထပ်မပေးခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ပွဲပြီးခါနီးမှာလည်း

ပရိသတ်တွေအကုန် ပွဲကျရမယ့် “No Look Defending” အကွက်ကိုလည်း

မက်ဂွားရားက ပြသသွားခဲ့ပါသေးတယ်။

အသင်းပရိသတ်အချို့ဟာ ရန်းနစ်ခ်အနေနဲ့ အဆင့် (၄) အတွင်းဝင်ချင်တယ်ဆိုရင်

မက်ဂွားရားကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ဖို့ လိုအပ်နေပြီလို့

လူမှုကွန်ယက်ကနေတစ်ဆင့် တိုက်တွန်းပြောဆိုနေကြပါတယ်။

ပရိသတ်တစ်ယောက်ကဆိုရင် “သူ့ကို ရောင်းဖို့လိုအပ်နေပါပြီ။ သူ့အနေနဲ့

ဒီထက် တိုးတက်လာမှာလည်း မဟုတ်တော့ပါဘူး။ အရှုံးခံပြီးသာ

ရောင်းလိုက်ပါတော့”လို့ ရေးသားသလို၊ အခြားယူနိုက်တက်ပရိသတ်တစ်ယောက်ကတော့

“ငါကတော့ လင်ဒီလော့ဖ်ကစားတာကိုပဲ မြင်ချင်ပါတယ်။ မက်ဂွားရားက

မှားပြီးရင်း မှားနေတာပါ။ အသင်းခေါင်းဆောင်လက်ပတ်နဲ့ရော၊ ပွဲထွက်ခွင့်ရဖို့ရော

မထိုက်တန်တော့ပါဘူး” လို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ ဒါ့အပြင်

အခြားသော ပရိသတ်တွေကလည်း “အရိုးသားဆုံးပြောရရင် မက်ဂွားရားက

ကမ္ဘာ့အဆိုးရွားဆုံး နောက်ခံလူတစ်ယောက်ပဲ” “ကျွန်မအဘွားက

အသက် (၁၀၂) နှစ်ရှိပြီ။ ဒါပေမယ့် သူက မက်ဂွားရားထက် မြန်သေးတယ်”လို့

ရေးသားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီအင်္ဂလန်လူမျိုး ဗဟိုနောက်ခံလူအတွက် လက်စတာကို

ပေါင်သန်း (၈၀) ပေးချေပြီး ခေါ်ယူခဲ့ရတာဖြစ်သလို မက်ဂွားရားက

အသင်းကို ရောက်ပြီး အချိန်တိုအတွင်းမှာပဲ အသင်းခေါင်းဆောင် လက်ပတ်ကို

ဆက်ခံခွင့်ရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ လင်ဒီလော့ဖ်ကလည်း မိသားစုကိစ္စ

ရှိနေတာကြောင့် အသင်းရဲ့နောက်တန်းမှာ ဗာရန်းနဲ့မက်ဂွားရားကိုသာ

ဦးစားပေး အသုံးပြုနေရပါတယ်။

Zawgyi

ေဂါင္းႀကီးကို အရႈံးခံၿပီးေရာင္းဖို႔ ေတာင္းဆိုေနၾက

ေဆာက္သမ္တန္နဲ႔ ပြဲအၿပီးတုန္းက ေျခစြမ္းဆိုး႐ြားေနဆဲျဖစ္တဲ့ မက္ဂြားရားကို

ယူႏိုက္တက္ ပရိသတ္မ်ားဟာ ထပ္မံေဝဖန္မႈေတြျပဳလုပ္သြားခဲ့ပါတယ္။

မက္ဂြားရားဟာ ဘန္ေလနဲ႔သေရက်ခဲ့တဲ့ပြဲမွာ ေပးလိုက္ရတဲ့ ေခ်ပဂိုးအတြက္

တာဝန္မကင္းခဲ့သလို ေဆာက္သမ္တန္နဲ႔ပြဲမွာလည္း ၿပိဳင္ဘက္တိုက္စစ္မႉး

ဘေရာ္ဂ်ာကို ဂိုးဧရိယာထဲနင္းခဲ့ေပမယ့္ ကံေကာင္းေထာက္မစြာနဲ႔

ပင္နယ္တီထပ္မေပးခဲ့ရတာျဖစ္ပါတယ္။ ဒါ့အျပင္ ပြဲၿပီးခါနီးမွာလည္း

ပရိသတ္ေတြအကုန္ ပြဲက်ရမယ့္ “No Look Defending” အကြက္ကိုလည္း

မက္ဂြားရားက ျပသသြားခဲ့ပါေသးတယ္။

 

အသင္းပရိသတ္အခ်ိဳ႕ဟာ ရန္းနစ္ခ္အေနနဲ႔ အဆင့္ (၄) အတြင္းဝင္ခ်င္တယ္ဆိုရင္

မက္ဂြားရားကို ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ဖို႔ လိုအပ္ေနၿပီလို႔

လူမႈကြန္ယက္ကေနတစ္ဆင့္ တိုက္တြန္းေျပာဆိုေနၾကပါတယ္။

ပရိသတ္တစ္ေယာက္ကဆိုရင္ “သူ႔ကို ေရာင္းဖို႔လိုအပ္ေနပါၿပီ။ သူ႔အေနနဲ႔

ဒီထက္ တိုးတက္လာမွာလည္း မဟုတ္ေတာ့ပါဘူး။ အရႈံးခံၿပီးသာ

ေရာင္းလိုက္ပါေတာ့”လို႔ ေရးသားသလို၊ အျခားယူႏိုက္တက္ပရိသတ္တစ္ေယာက္ကေတာ့

“ငါကေတာ့ လင္ဒီေလာ့ဖ္ကစားတာကိုပဲ ျမင္ခ်င္ပါတယ္။ မက္ဂြားရားက

မွားၿပီးရင္း မွားေနတာပါ။ အသင္းေခါင္းေဆာင္လက္ပတ္နဲ႔ေရာ၊ ပြဲထြက္ခြင့္ရဖို႔ေရာ

မထိုက္တန္ေတာ့ပါဘူး” လို႔ တြစ္တာေပၚမွာ ေရးသားခဲ့ပါတယ္။ ဒါ့အျပင္

အျခားေသာ ပရိသတ္ေတြကလည္း “အ႐ိုးသားဆုံးေျပာရရင္ မက္ဂြားရားက

ကမာၻ႔အဆိုး႐ြားဆုံး ေနာက္ခံလူတစ္ေယာက္ပဲ” “ကြၽန္မအဘြားက

အသက္ (၁၀၂) ႏွစ္ရွိၿပီ။ ဒါေပမယ့္ သူက မက္ဂြားရားထက္ ျမန္ေသးတယ္”လို႔

ေရးသားသြားခဲ့တာပဲ ျဖစ္ပါတယ္။

 

ယူႏိုက္တက္ဟာ ဒီအဂၤလန္လူမ်ိဳး ဗဟိုေနာက္ခံလူအတြက္ လက္စတာကို

ေပါင္သန္း (၈၀) ေပးေခ်ၿပီး ေခၚယူခဲ့ရတာျဖစ္သလို မက္ဂြားရားက

အသင္းကို ေရာက္ၿပီး အခ်ိန္တိုအတြင္းမွာပဲ အသင္းေခါင္းေဆာင္ လက္ပတ္ကို

ဆက္ခံခြင့္ရရွိခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ လင္ဒီေလာ့ဖ္ကလည္း မိသားစုကိစၥ

ရွိေနတာေၾကာင့္ အသင္းရဲ႕ေနာက္တန္းမွာ ဗာရန္းနဲ႔မက္ဂြားရားကိုသာ

ဦးစားေပး အသုံးျပဳေနရပါတယ္။