ဂေါင်းကြီးကို အရောင်းစာရင်းထဲ ဗြုန်းစားကြီး ကောက်ထည့်လိုက်တဲ့ တန်ဟတ်

အင်္ဂလန်အခြေစိုက် သတင်းတွေရဲ့ အဆိုအရ မန်ယူနည်းပြ အဲရစ်တန်ဟတ်ဟာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို အရောင်းစာရင်းထဲ ချက်ချင်း

ကောက်ထည့်လိုက်တယ်လို့ သိရပါတယ်။ တန်ဟတ်ရဲ့ လက်အောက်မှာ ငရဲခန်းထဲ ရောက်နေသလို ဖြစ်နေတဲ့ မက်ဂွိုင်းယားဟာ အသင်းခေါင်းဆောင် ရာထူးကို ပြန်ရဖို့အတွက်

အတော်လေးကို ကြိုးစားရုန်းကန်ရဦးမယ့် အခြေ အနေမျိုး ရောက်နေပါတယ်။ ကြားသိရတဲ့ သတင်းတွေအရဆိုရင်တော့ သရဲနီဟာ နည်းပြတန်ဟတ်လိုချင်တဲ့ ကစားသမားတွေ

ဝယ်ပေးနိုင်ဖို့အတွက် ငွေလိုနေတဲ့အတွက် ကစားသမားတွေကို ထုတ်ရောင်းဖို့ အစီအစဉ် ရှိနေပြီ ဆိုတာပါပဲ။ ဒါကြောင့် ပေါင်သန်း ၈၀ အထိ ပေးဝယ်ထားရတဲ့ မက်ဂွိုင်းယားလို

ကစားသမားမျိုးကို ထိုက်သင့်တဲ့ ဈေးနှုန်းမျိုးနဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် မန်ယူက ရောင်းထုတ်ဖို့ရှိနေပြီး အရောင်းစာရင်းထဲမှာ အင်္ဂလန်နောက်ခံလူ ပါဝင်လာမှာ ဖြစ်တယ်လို့ The Guardian

သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မူရင်းပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၈၀ ကိုတော့ လက်ရှိအနေအထားမှာ ဘယ်လိုအသင်းမျိုးကမှ ပေးပြီး ဝယ်မှာတော့ မဟုတ်ပါဘူး။

နောက်တစ်ချက်က ဂေါင်းကြီးရဲ့ လုပ်ခလစာနှုန်းထားဖြစ်ပါတယ်။ လက်စတာ နောက်ခံလူဟောင်းဟာ မန်ယူမှာ တစ်ပတ် လုပ်ခလစာ ပေါင် ၁၉၀၀၀၀ ရနေသူဖြစ်ပြီး အဲဒီလို မြင့်မားတဲ့ လုပ်ခလစာ

နှုန်းထားတစ်ရပ်က တခြားအသင်းတွေကို ဆွဲဆောင်နိုင်ဖို့အတွက်တော့ အတော်လေး ခက်ခဲမယ့် အခြေအနေပါပဲ။ လက်ရှိမှာ နည်းပြတန်ဟတ်ဟာ ဗာရန်းနဲ့ မာတီနက်ဇ် အတွဲကို နံပါတ်တစ်

ဦးစားပေးအနေနဲ့ ရွေးချယ်ထားပေမဲ့ မက်ဂွိုင်းယားကိုလည်း အဆင်သင့်အနေအထားရောက်တဲ့အခါ ဦးစားပေး ရွေးချယ်ဖို့ ရည်မှန်းချက်မျိုးတော့ ရှိနေပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး

ပြန်ကစားရမယ့် နောက်ထပ် ရာသီဝက်ကာလမှ မက်ဂွိုင်းယားအနေနဲ့ ပုံမှန်ခြေစွမ်းအောက် ရောက်နေပြီး အရန်ခုံမှာသာ အချိန်ကုန်နေခဲ့မယ်ဆိုရင်တော့ အင်္ဂလန်သား ရဲ့ အိုးလ်ထရက်ဖို့ဒ်ဇာတ်သိမ်းခန်းက

ပြီးဆုံးဖို့ နီးကပ်လာတော့မှာ ဖြစ်ပါ တယ်။

(Zawgyi)

ေဂါင္းႀကီးကို အေရာင္းစာရင္းထဲ ျဗဳန္းစားႀကီး ေကာက္ထည့္လိုက္တဲ့ တန္ဟတ္

အဂၤလန္အေျခစိုက္ သတင္းေတြရဲ႕ အဆိုအရ မန္ယူနည္းျပ အဲရစ္တန္ဟတ္ ဟာ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကို အေရာင္းစာရင္းထဲ ခ်က္ခ်င္း ေကာက္ထည့္လိုက္တယ္လို႔ သိရပါတယ္။

တန္ဟတ္ရဲ႕ လက္ေအာက္မွာ ငရဲ ခန္းထဲ ေရာက္ေနသလို ျဖစ္ေနတဲ့ မက္ဂြိဳင္းယားဟာ အသင္းေခါင္းေဆာင္ ရာထူးကို ျပန္ရဖို႔အတြက္ အေတာ္ေလးကို ႀကိဳးစား႐ုန္းကန္ရဦးမယ့္

အေျခ အေနမ်ိဳး ေရာက္ေနပါတယ္။ ၾကားသိရတဲ့ သတင္းေတြအရဆိုရင္ေတာ့ သရဲ နီဟာ နည္းျပတန္ဟတ္လိုခ်င္တဲ့ ကစားသမားေတြ ဝယ္ေပးႏိုင္ဖို႔အတြက္ ေငြလိုေနတဲ့အတြက္

ကစားသမားေတြကို ထုတ္ေရာင္းဖို႔ အစီအစဥ္ ရွိေနၿပီ ဆိုတာပါပဲ။ ဒါေၾကာင့္ ေပါင္သန္း ၈၀ အထိ ေပးဝယ္ထားရတဲ့ မက္ဂြိဳင္းယား လို ကစားသမားမ်ိဳးကို ထိုက္သင့္တဲ့ ေဈးႏႈန္း မ်ိဳးနဲ႔

ကမ္းလွမ္းလာခဲ့မယ္ဆို ရင္ မန္ယူက ေရာင္းထုတ္ဖို႔ရွိေနၿပီး အေရာင္းစာရင္းထဲမွာ အဂၤလန္ေနာက္ခံလူ ပါဝင္လာမွာ ျဖစ္တယ္လို႔ The Guardian သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ဒါေပမဲ့ သူ႔ရဲ႕ မူရင္းေျပာင္းေ႐ႊ႕ေၾကးျဖစ္တဲ့ ေပါင္သန္း ၈၀ ကိုေတာ့ လက္ရွိအေနအထားမွာ ဘယ္လိုအသင္းမ်ိဳးကမွ ေပးၿပီး ဝယ္မွာေတာ့ မဟုတ္ပါဘူး။ ေနာက္တစ္ခ်က္က ေဂါင္းႀကီးရဲ႕

လုပ္ခလစာႏႈန္းထားျဖစ္ပါတယ္။ လက္စတာ ေနာက္ခံလူေဟာင္းဟာ မန္ယူမွာ တစ္ပတ္ လုပ္ခလစာ ေပါင္ ၁၉၀၀၀၀ ရေနသူျဖစ္ၿပီး အဲဒီလို ျမင့္မားတဲ့ လုပ္ခလစာ ႏႈန္းထားတစ္ရပ္က တျခားအသင္းေတြကို

ဆြဲေဆာင္ႏိုင္ဖို႔အတြက္ေတာ့ အေတာ္ေလး ခက္ခဲမယ့္ အေျခအေနပါပဲ။ လက္ရွိမွာ နည္းျပတန္ဟတ္ဟာ ဗာရန္းနဲ႔ မာတီနက္ဇ္ အတြဲကို နံပါတ္တစ္ ဦးစားေပးအေနနဲ႔ ေ႐ြးခ်ယ္ထားေပမဲ့

မက္ဂြိဳင္းယားကိုလည္း အဆင္သင့္အေနအထားေရာက္တဲ့အခါ ဦးစားေပး ေ႐ြးခ်ယ္ဖို႔ ရည္မွန္းခ်က္ မ်ိဳးေတာ့ ရွိေနပါတယ္။ ဒါေပမဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ျပန္ကစားရမယ့္ ေနာက္ထပ္

ရာသီဝက္ကာလမွ မက္ဂြိဳင္းယားအေနနဲ႔ ပုံမွန္ေျခစြမ္းေအာက္ ေရာက္ေနၿပီး အရန္ခုံမွာသာ အခ်ိန္ကုန္ေနခဲ့မယ္ဆိုရင္ေတာ့ အဂၤလန္သား ရဲ႕ အိုးလ္ထရက္ဖို႔ဒ္ဇာတ္သိမ္းခန္းက ၿပီးဆုံးဖို႔

နီးကပ္လာေတာ့မွာ ျဖစ္ပါ တယ္။