ဂေါင်းကြီးကို ကာတာခေါ်သွားရတဲ့အကြောင်း ဆောက်ဂိတ် ရှင်းပြီ

မန်ယူနဲ့အတူ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ နောက်ခံလူ မက်ဂွိုင်း ယားကို အင်္ဂလန်လက်ရွေးစင်အသင်း အပြီးသတ် လူစာရင်းမှာ ရွေးချယ်ခဲ့ တာနဲ့ ပတ်သက်လို့

နည်းပြဆောက်ဂိတ်က ရှင်းချက်ထုတ်လိုက်ပါတယ်။ မန်ယူ အ သင်းခေါင်းဆောင်ဟာ ဒီရာသီမှာ ယူနိုက်တက်နဲ့အတူ ပုံမှန်ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရသူဖြစ်ပြီး

မကြာသေးခင်ကမှ တံကောက်ကြောဒဏ်ရာကနေ ပြန်ပြီး သက်သာလာတဲ့ ကစားသမားဖြစ်ပါတယ်။ မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ

ကစားခဲ့တဲ့ ဂျာမနီနဲ့ ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်း မန်ယူအတွက် ၁၄၂ မိနစ်သာ ပွဲထွက်ခွင့် ရထားပါ တယ်။ နောက်ပြီး ပြီးခဲ့တဲ့ ၁၈ လအတွင်းမှာလည်း

လမ်းပျောက်နေခဲ့တာ ကြောင့် ဘောလုံးရေးရာ ဝေဖန်သူတွေ အပါအဝင် လူအများရဲ့ ပြောဆိုလှောင်ပြောင်မှုကို ခံခဲ့ရသူပါ။ ဒါပေမဲ့ လက်စတာ နောက်ခံလူဟောင်းဟာ

အင်္ဂလန်အတွက်တော့ အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ရှိနေဆဲ ဖြစ်တယ်လို့ ဆောက်ဂိတ်က ဆိုပါတယ်။ ‘’သူက ကျွန်တော်တို့ ဗဟိုနောက်ခံ အကောင်းဆုံး

ကစားသမားတွေထဲက တစ်ယောက်ပါ။ ပြိုင်ပွဲတွေမှာ ပါဝင် ကစားခွင့် ရထားတဲ့ ကစားသမားတွေ ကျွန်တော်တို့အသင်းမှာ ရှိနေတယ်ဆိုတာသိပါတယ်။

သူတို့ရဲ့ အဆင့်ကို သိသလို လိုအပ်တာတွေကိုလည်း သိ ပါတယ်။ ကစားပုံကောင်းနေတဲ့ ကစားသမားတွေလည်း ရှိကြသလို လက်ရှိ အချိန်မှာ ပုံစံကောင်း

ရနေတဲ့ ကစားသမားတွေလည်း ရှိပါတယ်။ အသင်းလူ စာရင်းကို ခေါ်တဲ့နေရာမှာ အဲဒါကို ဟန်ချက်ညီအောင် လုပ်ရပါမယ်။ ကျွန်တော်တို့ဟာ အတွေ့အကြုံ ပိုရင့်တဲ့

နောက်ခံကစားသမားတွေကို ခေါ်ယူ ခဲ့တာပါ။ လက်ရှိအချိန်မှာ လူငယ်ကစားသမားတွေကလည်း ပုံစံကောင်း ရှိနေတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။

ဒါပေမဲ့ သူတို့ဟာ အတွေ့အကြုံရင့်တဲ့ ကစားသမားတစ်ယောက်လောက်တော့ လုံလောက်မှု မရှိဘူးလို့ ကျွန်တော်တို့ ထင်လို့ပါ’’ လို့ ဆောက်ဂိတ်က ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ေဂါင္းႀကီးကို ကာတာေခၚသြားရတဲ့အေၾကာင္း ေဆာက္ဂိတ္ ရွင္းၿပီ

မန္ယူနဲ႔အတူ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနရတဲ့ ေနာက္ခံလူ မက္ဂြိဳင္း ယားကို အဂၤလန္လက္ေ႐ြးစင္အသင္း အၿပီးသတ္ လူစာရင္းမွာ ေ႐ြးခ်ယ္ခဲ့ တာနဲ႔ ပတ္သက္လို႔

ေဆာက္ဂိတ္က ရွင္းခ်က္ထုတ္လိုက္ပါတယ္။ မန္ယူ အ သင္းေခါင္းေဆာင္ဟာ ဒီရာသီမွာ ယူႏိုက္တက္နဲ႔အတူ ပုံမွန္ပြဲကစားခြင့္ရဖို႔ ႐ုန္းကန္ေနရသူျဖစ္ၿပီး မၾကာေသးခင္ကမွ

တံေကာက္ေၾကာဒဏ္ရာကေန ျပန္ၿပီး သက္သာလာတဲ့ ကစားသမားျဖစ္ပါတယ္။ မက္ဂြိဳင္းယားဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၆ ရက္ေန႔မွာ ကစားခဲ့တဲ့ ဂ်ာမနီနဲ႔ ပြဲစဥ္မွာ ဒဏ္ရာရခဲ့တာ

ျဖစ္ၿပီး အဲဒီေနာက္ပိုင္း မန္ယူအတြက္ ၁၄၂ မိနစ္သာ ပြဲထြက္ခြင့္ ရထားပါ တယ္။ ေနာက္ၿပီး ၿပီးခဲ့တဲ့ ၁၈ လအတြင္းမွာလည္း လမ္းေပ်ာက္ေနခဲ့တာ ေၾကာင့္

ေဘာလုံးေရးရာ ေဝဖန္သူေတြ အပါအဝင္ လူအမ်ားရဲ႕ ေျပာဆို ေလွာင္ေျပာင္မႈကို ခံခဲ့ရသူပါ။ ဒါေပမဲ့ လက္စတာ ေနာက္ခံလူေဟာင္းဟာ အဂၤလန္အတြက္ေတာ့

အေရးပါတဲ့ ကစားသမားတစ္ေယာက္အျဖစ္ ရွိေနဆဲ ျဖစ္တယ္လို႔ ေဆာက္ဂိတ္က ဆိုပါတယ္။ ‘’သူက ကြၽန္ေတာ္တို႔ ဗဟို ေနာက္ခံ အေကာင္းဆုံး ကစားသမားေတြထဲက တစ္ေယာက္ပါ။

ၿပိဳင္ပြဲေတြမွာ ပါဝင္ ကစားခြင့္ ရထားတဲ့ ကစားသမားေတြ ကြၽန္ေတာ္တို႔အသင္းမွာ ရွိေနတယ္ဆို တာ သိပါတယ္။ သူတို႔ရဲ႕ အဆင့္ကို သိသလို လိုအပ္တာေတြကိုလည္း သိ ပါတယ္။

ကစားပုံေကာင္းေနတဲ့ ကစားသမားေတြလည္း ရွိၾကသလို လက္ရွိ အခ်ိန္မွာ ပုံစံေကာင္း ရေနတဲ့ ကစားသမားေတြလည္း ရွိပါတယ္။ အသင္းလူ စာရင္းကို ေခၚတဲ့ေနရာမွာ

အဲဒါကို ဟန္ခ်က္ညီေအာင္ လုပ္ရပါမယ္။ ကြၽန္ ေတာ္တို႔ဟာ အေတြ႕အႀကဳံ ပိုရင့္တဲ့ ေနာက္ခံကစားသမားေတြကို ေခၚယူ ခဲ့တာပါ။ လက္ရွိအခ်ိန္မွာ လူငယ္ကစားသမားေတြကလည္း

ပုံစံေကာင္း ရွိ ေနတယ္လို႔ ကြၽန္ေတာ္တို႔ ထင္ပါတယ္။ ဒါေပမဲ့ သူတို႔ဟာ အေတြ႕အႀကဳံရင့္ တဲ့ ကစားသမားတစ္ေယာက္ေလာက္ေတာ့ လုံေလာက္မႈ မရွိဘူးလို႔

ကြၽန္ ေတာ္တို႔ ထင္လို႔ပါ’’ လို႔ ေဆာက္ဂိတ္က ေျပာဆိုသြားခဲ့ပါတယ္။