ဂုရုကြီး အင်္ဂလန် လင်းမူကတော့ နှောက်ပြီ

ခန့်မှန်းချက်တွေပြုလုပ်ရာမှာ အများစုက ပြောင်းပြန်ဖြစ်လို့

ပရိသတ်တွေအကြားမှာ အင်္ဂလန်လင်းမူလို့ နာမည်ကြီးတဲ့ လီဗာပူး၊

နယူးကာဆယ်၊ မန်ယူနဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ကတော့

အာဂျင်တီးနားသားနည်းပြ ပိုချက်တီနိုအနေနဲ့ မန်ယူကို ပြောင်းရွေ့သင့်ကြောင်း၊

ပီအက်စ်ဂျီထက်စာပါက မန်ယူမှာ ပိုချက်တီနို ပိုမိုအောင်မြင်မှူ ရနိုင်ကြောင်း

သုံးသပ် ပြောကြားလိုက်ပါတယ်။ မန်စီးတီး ၂-၁ ပီအက်စ်ဂျီတို့ရဲ့

ချန်ပီယံလိဂ်ပွဲကို BT Sport ရုပ်သံလိုင်းအတွက် မန်ယူနောက်ခံလူဟောင်း

ရီယိုဖာဒီနန်နဲ့အတူ ပွဲသုံးသပ်ဝေဖန်သူပြုလုပ်ခဲ့တဲ့ မိုက်ကယ်အိုဝင်က

မန်ယူကခေါ်ယူဖို့ကြိုးစားနေတဲ့ ပိုချက်တီနိုနဲ့ ပတ်သက်ပြီး မှတ်ချက်ချခဲ့တာပါ။

ပီအက်စ်ဂျီမှာ မက်ဆီ၊ နေမာ၊ ဘာပေတို့လို နာမည်ကြီး ကစားသမား ၃ ဦးရှိနေပြီး

ပါရမီရှင်တွေမို့ လူစာရင်းကနေ ချန်ထားလို့ မရကြောင်း၊

ဒါပေမယ့် လက်ရှိကစားပုံနဲ့ ချန်ပီယံလိဂ်ဖလားကို ပီအက်စ်ဂျီ မရနိုင်ကြောင်း၊

မန်ယူမှာဆို ပိုချက်တီနို ပိုပြီး အောင်မြင်မှုရနိုင်မှာ ဖြစ်ကြောင်း

အိုဝင်က သုံးသပ်သွားတာပါ။ ရီယိုဖာဒီနန်ကတော့ ပီအက်စ်ဂျီအသင်း

ခံစစ်ကစားနေရချိန်မှာ ကွင်းလယ်စက်ဝိုင်းစည်းအနားမှာ လမ်းလျောက်နေကြတဲ့

မက်ဆီ၊ နေမာ၊ ဘာပေတို့ရဲ့ ခံစစ်ပိုင်းကို မကူညီခဲ့ကြမှုကို ထောက်ပြခဲ့ပြီး

အဲ့ဒိလို အခြေအနေမျိုးတွေနဲ့ အောင်မြင်မှုဆုဖလားတွေကို

ပီအက်စ်ဂျီရမှာ မဟုတ်ဘူးလို့ သုံးသပ်ခဲ့ပါတယ်။ မန်ယူဟာ ပိုချက်တီနိုကို

ခေါ်ယူဖို့ကြိုးစားနေသလို ပီအက်စ်ဂျီတာဝန်ရှိသူတွေဘက်ကလည်း

အဲ့ဒိသတင်းတွေကို စိတ်ပျက်နေပြီး ခြေဦးသန်းလာတဲ့ မန်ယူရဲ့

လှုပ်ရှားမှုတွေကို ဟန့်တားထားပြီလို့ သတင်းတွေက ဖော်ပြကြပါတယ်။

မန်ယူဟာ ပိုချက်တီနိုကိုခေါ်ယူနိုင်ဖို့ လာမယ့်နွေရာသီအထိ

စောင့်ဆိုင်းရမှာဖြစ်ပြီး လိုက်ဇစ်၊ရှော်ကေး၊ ဟော့ဖန်ဟိမ်း၊ ဟန်နိုဗာ၊

စတုဂတ်တို့ကို တာဝန်ယူခဲ့ဖူးတဲ့ ဂျာမန်သားနည်းပြ ရန်နစ်၊ ဘီလ်ဘာအိုနဲ့

ဘာစီလိုနာနည်းပြဟောင်း ဗဲလ်ဗာဒီ၊ ဒေါ့မန်နည်းပြဟောင်း ဖာဗရီ၊

လိုင်လီ၊ ရိုးမား၊ မာဆေးလ်နဲ့ လိုင်ယွန်နည်းပြဟောင်း ရူဒီဂါဆီယာ၊

ရှက်တာဒိုးနက်နဲ့ ရိုးမားနည်းပြဟောင်း ပေါ်လိုဖွန်ဆီကာတို့ ၅ ဦးကို

ရာသီကုန်အထိနည်းပြပေးဖို့ ကမ်းလှမ်းဆက်သွယ် ကြိုးစားနေတယ်လို့

သတင်းတွေက ဖော်ပြကြပါတယ်။

zawgyi


ပီအက်စ်ဂျီထက် မန်ယူနဲ့ဆို ပိုချက်တီနို ပိုအောင်မြင်လိမ့်မယ်လို့ အင်္ဂလန် လင်းမူ ပြောပြီ




























