ဂီရောက်ကို အံ့အားသင့်ဖွယ်အငှားစာချုပ်နဲ့ခေါ်ယူဖို့ ယူနိုက်တက် ပြင်ဆင်လာ

ယူနိုက်တက်အသင်းဟာ တိုက်စစ်လိုအပ်ချက်အတွက် အာဆင်နယ်နဲ့

ချဲလ်ဆီးကစားသမားဟောင်း ဂီရောက်ကို မထင်မှတ်ဘဲ

ခေါ်ယူလိမ့်မယ်လို့ သတင်းထွက်လာပြန်ပါတယ်။

အသက် ၃၆ နှစ်အရွယ် ဂီရောက်ဟာ ၂၀၂၁ မှာ အေစီမီလန်ကို

ပြောင်းရွှေ့ခဲ့ပြီးနောက် ထိပ်တန်းခြေစွမ်းပြန်ရခဲ့ပြီး အသင်းနဲ့အတူ

အမှတ်ပေးချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့တာဖြစ်တယ်။ ဒီရာသီ စီးရီးအေ

၁၉ ပွဲမှာ အေစီမီလန်အတွက် ၉ ဂိုးသွင်းထားတဲ့ ဂီရောက်ဟာ

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းသမိုင်းတစ်လျှောက်

ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့တာပါ။

ဂီရောက်ဟာ ရာသီကုန်မှာ အေစီမီလန်နဲ့စာချုပ်သက်တမ်း

ကုန်ဆုံးတော့မှာဖြစ်ပြီး မီလန်ကလပ်ဘက်က စာချုပ်သစ်ကမ်းလှမ်းမှု

မရှိသေးပါဘူး။ တန်ဟတ်ဟာ ကမ္ဘာ့ဖလားမတိုင်ခင်ကတည်းက

ရော်နယ်ဒိုနေရာအစားထိုးဖို့အတွက် တိုက်စစ်မှူးသစ်တစ်ဦး

ရှာဖွေနေပြီး ရေတိုအငှားစာချုပ်နဲ့ခေါ်ယူဖို့အဓိက

ထားနေတာဖြစ်တယ်။ ပြီးခဲ့တဲ့နွေဈေးကွက်မှာ

ကစားသမားသစ်တွေအတွက် ပေါင် ၂၂၇ သန်းသုံးခဲ့တဲ့

ယူနိုက်တက်ဟာ ဇန်နဝါရီမှာငွေးကြေးစိုက်ထုတ်ဖို့

အင်အားမရှိတာကြောင့် ဂီရောက်ရဲ့အပြောင်းအရွှေ့ကို

မျက်စိကျလာတာပါ။ ပြင်သစ်သတင်းစာ Foot Mercato ရဲ့

အဆိုအရတော့ ယူနိုက်တက်ဘက်က ဂီရောက်ကိုအငှားနဲ့သာ

ခေါ်ယူလိုတာကြောင့် တိုးတက်မှုသိပ်မရှိသေးဘူးလို့ သိရပါတယ်။

The Times သတင်းစာကတော့ အေစီမီလန်ဟာ ပြင်သစ်

တိုက်စစ်မှူးကိုသက်တမ်းတိုးဖို့မလွယ်ကြောင်းရေးသားထားသလို

တကယ်လို့ ယူနိုက်တက်ဘက်က ၁၂လ ထက်ပိုတဲ့ကမ်းလှမ်းမှုမျိုး

လုပ်လာခဲ့ရင် ဂီရောက်ဟာ အင်္ဂလန်ပြန်လာဖို့စဉ်းစားလိမ့်မယ်လို့

သိရပါတယ်။ ဂီရောက်ဟာ အာဆင်နယ်ကစားသမားဘ၀

၆ နှစ်ကြာမှာ ပြိုင်ပွဲစုံ ၁၀၅ ဂိုးသွင်းယူခဲ့ပြီး ချဲလ်ဆီးကစားသမားဘ၀

၃ နှစ်အတွင်းမှာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်အပါအဝင်

ဆုဖလား ၃လုံး အထိပိုင်ဆိုင်ခဲ့ပါတယ်။

zawgyi

ဂီေရာက္ကို အံ့အားသင့္ဖြယ္အငွားစာခ်ဳပ္နဲ႔ေခၚယူဖို႔ ယူႏိုက္တက္ ျပင္ဆင္လာ

ယူႏိုက္တက္အသင္းဟာ တိုက္စစ္လိုအပ္ခ်က္အတြက္ အာဆင္နယ္နဲ႔

ခ်ဲလ္ဆီးကစားသမားေဟာင္း ဂီေရာက္ကို မထင္မွတ္ဘဲ

ေခၚယူလိမ့္မယ္လို႔ သတင္းထြက္လာျပန္ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ ဂီေရာက္ဟာ ၂၀၂၁ မွာ ေအစီမီလန္ကို

ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ထိပ္တန္းေျခစြမ္းျပန္ရခဲ့ၿပီး အသင္းနဲ႔အတူ

အမွတ္ေပးခ်န္ပီယံဆုဆြတ္ခူးႏိုင္ခဲ့တာျဖစ္တယ္။ ဒီရာသီ စီးရီးေအ

၁၉ ပြဲမွာ ေအစီမီလန္အတြက္ ၉ ဂိုးသြင္းထားတဲ့ ဂီေရာက္ဟာ

ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျပင္သစ္အသင္းသမိုင္းတစ္ေလွ်ာက္

ထာဝရဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ႏိုင္ခဲ့တာပါ။

ဂီေရာက္ဟာ ရာသီကုန္မွာ ေအစီမီလန္နဲ႔စာခ်ဳပ္သက္တမ္း

ကုန္ဆုံးေတာ့မွာျဖစ္ၿပီး မီလန္ကလပ္ဘက္က စာခ်ဳပ္သစ္ကမ္းလွမ္းမႈ

မရွိေသးပါဘူး။ တန္ဟတ္ဟာ ကမာၻ႔ဖလားမတိုင္ခင္ကတည္းက

ေရာ္နယ္ဒိုေနရာအစားထိုးဖို႔အတြက္ တိုက္စစ္မႉးသစ္တစ္ဦး

ရွာေဖြေနၿပီး ေရတိုအငွားစာခ်ဳပ္နဲ႔ေခၚယူဖို႔အဓိက

ထားေနတာျဖစ္တယ္။ ၿပီးခဲ့တဲ့ေႏြေဈးကြက္မွာ

ကစားသမားသစ္ေတြအတြက္ ေပါင္ ၂၂၇ သန္းသုံးခဲ့တဲ့

ယူႏိုက္တက္ဟာ ဇန္နဝါရီမွာေငြးေၾကးစိုက္ထုတ္ဖို႔

အင္အားမရွိတာေၾကာင့္ ဂီေရာက္ရဲ႕အေျပာင္းအေ႐ႊ႕ကို

မ်က္စိက်လာတာပါ။ ျပင္သစ္သတင္းစာ Foot Mercato ရဲ႕

အဆိုအရေတာ့ ယူႏိုက္တက္ဘက္က ဂီေရာက္ကိုအငွားနဲ႔သာ

ေခၚယူလိုတာေၾကာင့္ တိုးတက္မႈသိပ္မရွိေသးဘူးလို႔ သိရပါတယ္။

The Times သတင္းစာကေတာ့ ေအစီမီလန္ဟာ ျပင္သစ္

တိုက္စစ္မႉးကိုသက္တမ္းတိုးဖို႔မလြယ္ေၾကာင္းေရးသားထားသလို

တကယ္လို႔ ယူႏိုက္တက္ဘက္က ၁၂လ ထက္ပိုတဲ့ကမ္းလွမ္းမႈမ်ိဳး

လုပ္လာခဲ့ရင္ ဂီေရာက္ဟာ အဂၤလန္ျပန္လာဖို႔စဥ္းစားလိမ့္မယ္လို႔

သိရပါတယ္။ ဂီေရာက္ဟာ အာဆင္နယ္ကစားသမားဘ၀

၆ ႏွစ္ၾကာမွာ ၿပိဳင္ပြဲစုံ ၁၀၅ ဂိုးသြင္းယူခဲ့ၿပီး ခ်ဲလ္ဆီးကစားသမားဘ၀

၃ ႏွစ္အတြင္းမွာ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္အပါအဝင္

ဆုဖလား ၃လုံး အထိပိုင္ဆိုင္ခဲ့ပါတယ္။