
ပြီးခဲ့တဲ့စနေညက ကစားခဲ့တဲ့အူဒီးနိစ်နဲ့ပွဲမှာ အေစီမီလန်အတွက် နာကျင်အချိန်ပိုမှာ
ဘိုင်စကယ်ကစ်နဲ့ ချေပဂိုးသွင်းပေးနိုင်ခဲ့တာကြောင့် အီဘရာဟီမိုဗစ်ဟာ
၂၁ ရာစုအတွင်း ဥရောပထိပ်တန်းလိဂ် ၅ ရပ်မှာ ဂိုး ၃၀၀ ပြည့်သွင်းနိုင်တဲ့
တတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။
သူ့ကိုယ်သူ နတ်ဘုရားလို့ တင်စားလေ့ရှိတဲ့ ၄၀ အရွယ် အဲဒီဆွီဒင်ဝါရင့်တိုက်စစ်မှုးဟာ
စီရော်နယ်ဒိုနဲ့မက်ဆီတို့ရဲ့စံချိန်မှတ်တမ်းကို လိုက်မီခဲ့တာပါ။
မိုဗစ်အနေနဲ့ သူ့ရဲ့ကစားသမားဘဝမှာ စုစုပေါင်း လိဂ်သွင်းဂိုး ၄၀၄ ဂိုးသွင်းနိုင်ခဲ့ပြီး
အဲဒါဟာ ဆွီဒင်ကလပ်မယ်လ်မိုအတွက် ၁၆ ဂိုး၊ နယ်သာလန်ကလပ်အေဂျက်အတွက်
၃၅ ဂိုးနဲ့ မေဂျာလိဂ်ကလပ်အယ်လ်အေဂလက်ဆီအတွက် ၅၃ ဂိုးတို့ပါဝင်ပါတယ်။
သူဟာ ဥရောပထိပ်တန်းလိဂ် ၅ ရပ်ထဲမှာတော့ ဂျူဗင်တပ်အတွက် ၂၃ ဂိုး၊
အင်တာမီလန်အတွက် ၅၇ ဂိုး၊ အေစီမီလန်အတွက် ၇၄ ဂိုး၊ မန်ယူအတွက် ၁၇ ဂိုး၊
ဘာစီလိုနာအတွက် ၁၆ ဂိုးနဲ့ ပီအက်စ်ဂျီအတွက် ၁၁၃ ဂိုးသွင်းပေးနိုင်ခဲ့တာပါ။
ဥရောပအသင်းကြီးများစွာအတွက် အဲဒီလိုဂိုးသွင်းနိုင်ခဲ့တာကြောင့်
ထိပ်တန်းလိဂ်သွင်းဂိုး ၃၀၀ ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း မိုဗစ်ဟာ မဟာ့မဟာဂိုးသွင်းစက်တွေဖြစ်ကြတဲ့
စီရော်နယ်ဒိုနဲ့မက်ဆီတို့ရဲ့နောက်မှာ အများကြီကျန်နေသေးတာပါ။
မန်ယူကြယ်ပွင့်စီရော်နယ်ဒိုက ဥရောပထိပ်တန်းလိဂ် ၅ ရပ်မှာ ၄၈၃ ဂိုးသွင်းယူထားပြီး
ပီအက်စ်ဂျီက မက်ဆီကတော့ ၄၇၅ ဂိုးသွင်းထားတာပါ။
အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီမှာ အေစီမီလန်ကို တစ်ကျော့ပြန်
ရောက်လာခဲ့တာဖြစ်ပြီး ဒီရာသီ မီလန်မြို့ခံအသင်းအတွက်
ပြိုင်ပွဲအရပ်ရပ် ၁၄ ပွဲမှာ ၇ ဂိုးသွင်းယူပေးထားပါတယ်။
အေစီမီလန်ဟာ အူဒီးနိစ်ကို သရေသာကစားနိုင်ခဲ့ပေမယ့်လည်း
စနေညပွဲတွေအပြီးမှာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်နေဆဲပါပဲ။
zawgyi
ဂိုး ၃၀၀ ျပည့္ မိုဗစ္
ၿပီးခဲ့တဲ့စေနညက ကစားခဲ့တဲ့အူဒီးနိစ္နဲ႔ပြဲမွာ ေအစီမီလန္အတြက္ နာက်င္အခ်ိန္ပိုမွာ
ဘိုင္စကယ္ကစ္နဲ႔ ေခ်ပဂိုးသြင္းေပးႏိုင္ခဲ့တာေၾကာင့္ အီဘရာဟီမိုဗစ္ဟာ
၂၁ ရာစုအတြင္း ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္မွာ ဂိုး ၃၀၀ ျပည့္သြင္းႏိုင္တဲ့
တတိယေျမာက္ကစားသမားျဖစ္လာခဲ့ပါတယ္။
သူ႔ကိုယ္သူ နတ္ဘုရားလို႔ တင္စားေလ့ရွိတဲ့ ၄၀ အ႐ြယ္ အဲဒီဆြီဒင္ဝါရင့္တိုက္စစ္မႈးဟာ
စီေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ရဲ႕စံခ်ိန္မွတ္တမ္းကို လိုက္မီခဲ့တာပါ။
မိုဗစ္အေနနဲ႔ သူ႔ရဲ႕ကစားသမားဘဝမွာ စုစုေပါင္း လိဂ္သြင္းဂိုး ၄၀၄ ဂိုးသြင္းႏိုင္ခဲ့ၿပီး
အဲဒါဟာ ဆြီဒင္ကလပ္မယ္လ္မိုအတြက္ ၁၆ ဂိုး၊ နယ္သာလန္ကလပ္ေအဂ်က္အတြက္
၃၅ ဂိုးနဲ႔ ေမဂ်ာလိဂ္ကလပ္အယ္လ္ေအဂလက္ဆီအတြက္ ၅၃ ဂိုးတို႔ပါဝင္ပါတယ္။
သူဟာ ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္ထဲမွာေတာ့ ဂ်ဴဗင္တပ္အတြက္ ၂၃ ဂိုး၊
အင္တာမီလန္အတြက္ ၅၇ ဂိုး၊ ေအစီမီလန္အတြက္ ၇၄ ဂိုး၊ မန္ယူအတြက္ ၁၇ ဂိုး၊
ဘာစီလိုနာအတြက္ ၁၆ ဂိုးနဲ႔ ပီအက္စ္ဂ်ီအတြက္ ၁၁၃ ဂိုးသြင္းေပးႏိုင္ခဲ့တာပါ။
ဥေရာပအသင္းႀကီးမ်ားစြာအတြက္ အဲဒီလိုဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္
ထိပ္တန္းလိဂ္သြင္းဂိုး ၃၀၀ ျပည့္သြားခဲ့တာ ျဖစ္ပါတယ္။
ဒါေပမဲ့လည္း မိုဗစ္ဟာ မဟာ့မဟာဂိုးသြင္းစက္ေတြျဖစ္ၾကတဲ့
စီေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ရဲ႕ေနာက္မွာ အမ်ားႀကီက်န္ေနေသးတာပါ။
မန္ယူၾကယ္ပြင့္စီေရာ္နယ္ဒိုက ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္မွာ ၄၈၃ ဂိုးသြင္းယူထားၿပီး
ပီအက္စ္ဂ်ီက မက္ဆီကေတာ့ ၄၇၅ ဂိုးသြင္းထားတာပါ။
အီဘရာဟီမိုဗစ္ဟာ ၿပီးခဲ့တဲ့ ၂၀၂၀ ဇန္နဝါရီမွာ ေအစီမီလန္ကို တစ္ေက်ာ့ျပန္
ေရာက္လာခဲ့တာျဖစ္ၿပီး ဒီရာသီ မီလန္ၿမိဳ႕ခံအသင္းအတြက္
ၿပိဳင္ပြဲအရပ္ရပ္ ၁၄ ပြဲမွာ ၇ ဂိုးသြင္းယူေပးထားပါတယ္။
ေအစီမီလန္ဟာ အူဒီးနိစ္ကို သေရသာကစားႏိုင္ခဲ့ေပမယ့္လည္း
စေနညပြဲေတြအၿပီးမွာ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ေနဆဲပါပဲ။