ဂိုး တစ်ဂိုးကို ပေါင် ၃ သန်းတန် ကစားသမား

ဆန်းဒါးလန်းတိုက်စစ်မှူးဟောင်းအဆာမိုဂျန်ဟာ တရုတ်စူပါလိဂ်တွင်

ကစားစဉ်အတွင်း တစ်ဂိုးအတွက်ပေါင်၃သန်းနီးပါးရရှိခဲ့ကြောင်းသိရပါတယ်။

ဂါနာသမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားသူအဖြစ်ရပ်တည်နေတဲ့

အဆာမိုဂျန်ဟာတောင်အာဖရိကကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်

ပရီးမီးယားလိဂ်သို့ရောက်လာခဲ့သူဖြစ်ပါတယ်။

ဆန်းဒါးလန်းအသင်းဟာအဆာမိုဂျန်အတွက် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး

ပေါင်၁၃သန်းအထိပေးချေခဲ့ရပြီး ပြိုင်ပွဲစုံ၃၇ပွဲကစားကာ ၁၁ဂိုးသာ

သွင်းယူနိုင်ခဲ့တဲ့နောက် အယ်အိန်းအသင်းထံပြောင်းရွှေ့သွားခဲ့တာပါ။


The Daily Star ရဲ့ဖော်ပြချက်အရ အဆာမိုဂျန်ဟာရှန်ဟိုင်း SIPG မှာ

ကစားခဲ့တဲ့ ၂နှစ်တာကာလအတွင်း ပေါင်၂၃.၆သန်းအထိရရှိခဲ့ပြီး

အော်စကာ၊ ပေါ်လင်ဟိုတို့ကတော့ အခုချိန်ထိကစားနေဆဲပါ။

အဆာမိုဂျန်ဟာတရုတ်စူပါလိဂ်တွင်ကစားပြီးနောက်ယူအေအီး

ကလပ်အယ်အလီဒူဘိုင်းသို့ပြောင်းခဲ့ပြီးယင်းတွင်၁၁ဂိုးသွင်းခဲ့ပါတယ်။

သူဟာ၂၀၁၇ခုနှစ်တွင်တူရကီကလပ်ကေစီရီစပေါ်သို့ပြောင်းခဲ့ပြီး

နောက်ဆုံးကစားခဲ့တဲ့ကလပ်ကဂါနာမှလီဂွန်စီးတီးဖြစ်ပါတယ်။

သူဟာ၂၀၂၀-၂၁ဘောလုံးရာသီအကုန်တွင်စာချုပ်သက်တမ်းတိုးခြင်းမခံရမှုနဲ့အတူ

ကလပ်လက်မဲ့ဖြစ်နေပါတယ်။အဆာမိုဂျန်ဟာ၂၀၁၈ခုနှစ်တုန်းက

ငွေကြေးပြဿနာအကြီးအကျယ်ကြုံခဲ့ဖူးသူဖြစ်ပါတယ်။ ထိုစဉ်ကသူက

သူ့ဘဏ်စာရင်းထဲတွင်ပေါင်၆၀၀မျှသာကျန်တော့ကြောင်းဆိုဖူးပါတယ်။

zawgyi

ဂိုး တစ္ဂိုးကို ေပါင္ ၃ သန္းတန္ ကစားသမား

ဆန္းဒါးလန္းတိုက္စစ္မႉးေဟာင္းအဆာမိုဂ်န္ဟာ တ႐ုတ္စူပါလိဂ္တြင္

ကစားစဥ္အတြင္း တစ္ဂိုးအတြက္ေပါင္၃သန္းနီးပါးရရွိခဲ့ေၾကာင္းသိရပါတယ္။

ဂါနာသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္ရပ္တည္ေနတဲ့

အဆာမိုဂ်န္ဟာေတာင္အာဖရိကကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္

ပရီးမီးယားလိဂ္သို႔ေရာက္လာခဲ့သူျဖစ္ပါတယ္။

ဆန္းဒါးလန္းအသင္းဟာအဆာမိုဂ်န္အတြက္ ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး

ေပါင္၁၃သန္းအထိေပးေခ်ခဲ့ရၿပီး ၿပိဳင္ပြဲစုံ၃၇ပြဲကစားကာ ၁၁ဂိုးသာ

သြင္းယူႏိုင္ခဲ့တဲ့ေနာက္ အယ္အိန္းအသင္းထံေျပာင္းေ႐ႊ႕သြားခဲ့တာပါ။

The Daily Star ရဲ႕ေဖာ္ျပခ်က္အရ အဆာမိုဂ်န္ဟာရွန္ဟိုင္း SIPG မွာ

ကစားခဲ့တဲ့ ၂ႏွစ္တာကာလအတြင္း ေပါင္၂၃.၆သန္းအထိရရွိခဲ့ၿပီး

ေအာ္စကာ၊ ေပၚလင္ဟိုတို႔ကေတာ့ အခုခ်ိန္ထိကစားေနဆဲပါ။

အဆာမိုဂ်န္ဟာတ႐ုတ္စူပါလိဂ္တြင္ကစားၿပီးေနာက္ယူေအအီး

ကလပ္အယ္အလီဒူဘိုင္းသို႔ေျပာင္းခဲ့ၿပီးယင္းတြင္၁၁ဂိုးသြင္းခဲ့ပါတယ္။

သူဟာ၂၀၁၇ခုႏွစ္တြင္တူရကီကလပ္ေကစီရီစေပၚသို႔ေျပာင္းခဲ့ၿပီး

ေနာက္ဆုံးကစားခဲ့တဲ့ကလပ္ကဂါနာမွလီဂြန္စီးတီးျဖစ္ပါတယ္။

သူဟာ၂၀၂၀-၂၁ေဘာလုံးရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းတိုးျခင္းမခံရမႈနဲ႔အတူ

ကလပ္လက္မဲ့ျဖစ္ေနပါတယ္။အဆာမိုဂ်န္ဟာ၂၀၁၈ခုႏွစ္တုန္းက

ေငြေၾကးျပႆနာအႀကီးအက်ယ္ႀကဳံခဲ့ဖူးသူျဖစ္ပါတယ္။ ထိုစဥ္ကသူက

သူ႔ဘဏ္စာရင္းထဲတြင္ေပါင္၆၀၀မွ်သာက်န္ေတာ့ေၾကာင္းဆိုဖူးပါတယ္။