ဂိုးအပေါ် ၂ပွဲနဲ့ ဘော်ဒီအောက် ၂ပွဲရွေးပေးချင်တယ်

အဖြေရှာကြည့်မိတဲ့ စနေည စီးရီးအေ အမေးပုစ္ဆာ (ကောင်းပိုင်)

အမ်ပိုလီ 🆚 ဖီအိုရင်တီးနား

အဝေးကွင်းစွာပေမယ့် အိမ်ကွင်းမှာ အမ်ပိုလီကိုစိတ်ချလို့မရဘူး။ ဒီရာသီ

အိမ်ကွင်း ၇ပွဲမှာ ၅ပွဲတောင်ရှုံးခဲ့တာပါ။ ဒါပေမဲ့ အမ်ပိုလီတိုက်စစ်ကတော့

ဂျူဗင်တပ်ထက်တောင် ၁ဂိုးပိုသွင်းထားပြီး ဇယားအောက်ဆုံး ၁၀သင်းထဲမှာ

ဆက်ဆူအိုလိုနဲ့အတူ တိုက်စစ်အကောင်းဆုံးပါပဲ။ ဖီအိုရင်တီးနားကလည်း

အိမ်ကွင်းနိုင်ပွဲဆက်နေပေမယ့် အဝေးကွင်း ၃ပွဲဆက်ရှုံးခဲ့ရာမှာ ၁ဂိုးမှမသွင်း

နိုင်ခဲ့ဘူး။ အဲဒီလို အဝေးကွင်းမှာဂိုးရဖို့ရုန်းကန်နေရပေမယ့်ဗလာဟိုဗစ်

ဦးဆောင်တဲ့တိုက်စစ်က ဘယ်အသင်းကိုမဆိုဂိုးသွင်းနိုင်စွမ်းရှိပါတယ်။

ဘော်ဒီရွေးရခက်နေတာမို့ ဂိုးအပေါ်ရွေးပေးချင်ပါတယ်။

ရွေးချယ်မှု – ဂိုးအပေါ်

ဆမ်ဒိုးရီးယား 🆚 ဗီရိုနာ

ဆမ်ဒိုးရီးယားကွင်းမှာတောင် ဗီရိုနာက ပြားစွန်းပြန်ပေးထားရတယ်။ ဗီရိုနာက

နောက်ဆုံး ၁၀ပွဲမှာ ၁ပွဲသာရှုံးခဲ့သလို ရပ်တည်မှုအဆင့်လည်း ၇နေရာတောင်

သာနေတာမို့အခုလိုပြန်ပေးထားရတာပါ။ ဒါပေမဲ့ ဒီပွဲမှာ ကြေးကိုပဲအဓိက

ကြည့်လို့မရဘူး။ ဗီရိုနာကြွေတက်နေတယ်ဆိုပေမယ့် ဒီရာသီအဝေးကွင်

းနိုင်ပွဲမရသေးသလို ပြီးခဲ့တဲ့ရာသီကိုပါထည့်တွက်ရင် အဝေးကွင်း ၁၀ပွဲ

ဆက်နိုင်ပွဲပျောက်ခဲ့တာပါ။ ဆမ်ဒိုးရီးယားကွင်းမှာ ဗီရိုနာနိုင်ပွဲမရတာကလည်း

၂၅ပွဲတောင်ရှိပါပြီ။ ပြီးခဲ့တဲ့အပတ်ကနိုင်ပွဲပြန်ရထားတဲ့ ဆမ်ဒိုးရီးယား

မနိုင်တောင် သရေတော့ရမှာပါ။

ရွေးချယ်မှု – ဆမ်ဒိုးရီးယား

ဂျူဗင်တပ် 🆚 အတ္တလန္တာ

စီးရီးအေမှာ ၂ပွဲဆက်ပေးဂိုးမရှိနိုင်ပွဲ ပြန်ရထားပေမယ့်ဂျူဗင်တပ်မှာအားနည်း

ချက်တွေရှိနေဆဲပါ။ ချဲလ်ဆီးကိုပူပူ နွေးနွေး ၄ဂိုးပြတ်ရှုံးခဲ့သလို ဆက်ဆူအိုလိုနဲ့

အမ်ပိုလီကိုလည်း အိမ်ကွင်းမှာရှုံးထားပါတယ်။ ဂျူဗင်တပ်တိုက်
စစ်က ထိပ်ဆုံး ၁၀သင်းထဲမှာလည်း သွင်းဂိုးအနည်းဆုံးပါပဲ။ အတ္တလန္တာက

ခံစစ်စိတ်မချရပေမယ့် ပြီးခဲ့တဲ့ရာသီ
တိုက်စစ်စွမ်းဆောင်ရည်မျိုးပြန်ရနေပြီး ပြိုင်ပွဲစုံ ၇ပွဲဆက်ရှုံးပွဲမရှိရာမှာ တစ်ပွဲ

အနည်းဆုံး ၂ဂိုးသွင်းနိုင်တာ ၆ပွဲရှိခဲ့ပါတယ်။ အင်တာနဲ့ အေစီမီလန်ပြီးရင်လည်း

အတ္တလန္တာတိုက်စစ်က သွင်းဂိုးအများဆုံးပါပဲ။ ဒီရာသီအဝေးကွင်းရလဒ်

အကောင်းဆုံး အတ္တလန္တာ အမှတ်ခွဲယူနိုင်မှာပါ။

ရွေးချယ်မှု – အတ္တလန္တာ

ဗီနီဇီယာ 🆚 အင်တာမီလန်

အင်တာအတွက် လွယ်မယောင်နဲ့ခက်မယ့်ပွဲပါ။ ဗီနီဇီယာက နောက်ပိုင်းခြေမှန်

နေပြီး ၃ပွဲဆက်ရှုံးပွဲမရှိခဲ့ပါဘူး။ ရိုးမားကိုနိုင်ထားသလို ဘိုလော့ဂ်နာကွင်းမှ

ာနိုင်ခဲ့တာကိုကြည့်ရင်လည်း ဗီနီဇီယာရဲ့မာကျောမှုကိုအတိုင်းသားတွေ့ရမှာပါ။

အင်တာကလည်း အေစီမီလန်နဲ့ နာပိုလီကို ဖိအားဆက်ပေးဖို့အတွက် နိုင်ပွဲတွေ

လိုနေဆဲပါ။ ဒါပေမဲ့ နည်းပြအင်ဇာဂီရဲ့ အလှည့်ကျလူထုတ်ပုံက တစ်ပွဲမဟုတ်

တစ်ပွဲ ဒုက္ခပေးနိုင်ပါတယ်။ခံကန်အားကောင်းတဲ့ဗီနီဇီယာကွင်းမှာ အင်တာ

၂ဂိုးပြတ်ဖို့ရုန်းကန်ရမှာပါ။ ဗီနီဇီယာလည်း ၁ဂိုးလောက်ရနိုင်တာမို့ ဂိုးအပေါ်

ကြိုက်ပါတယ်။

ရွေးချယ်မှု – ဂိုးအပေါ်