ဂိုးသွင်းယူနိုင်ဖို့ကြိုးစားရင်း ကိုင်ဟာဗတ်ရဲ့လက်သန်း ဒဏ်ရာရရှိ

ချယ်လ်ဆီးအသင်းမှာ ဒဏ်ရာရ ကစားသမားတွေရှိနေခဲ့တာကြောင့်
နည်းပြတူချယ် အနေနဲ့ ကစားကွက်ပိုင်းကို အပြောင်းအလဲပြုလုပ်ခဲ့ရပြီး

ခံစစ် ၄ ယောက်တန်း ကစားခဲ့ကာ ၄-၂-၃-၁ ပုံစံနဲ့ ကစားခဲ့ သလို
တိုက်စစ်မှာ လူကာကူပြန်ပါလာခဲ့ပြီး ကိုင်ဟာဗက်ဇ်၊ မစ်ဆန်မောင့်၊

ဇီးယက်ချ်တို့နဲ့ တွဲခဲ့ကာ ကွင်းလယ်မှာလည်း ဂျော်ဂျင်ဟို၊

ဆောနီဂွတ်ဇ်တို့အတွဲနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒီပွဲမှာ ချယ်လ်ဆီးအသင်းဟာ
ခြေစွမ်းပိုင်းအသာနဲ့ ပြိုင်ဘက် စပါးအသင်းကို အိမ်ကွင်းမှာ ကစားပြီး

ပွဲအစ ၅ မိနစ်မှာပဲ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပါတယ်။
ဒီဂိုးကိုသွင်းယူခဲ့သူကတော့ တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ပါပဲ။

အလွန်ဆိုရဲ့ ပေးပို့မှုကနေ သူဟာ စပါးနောက်ခံလူ တန်ဂန်ဂါရဲ့

ခံစစ်အမှားကိုအခွင့်ကောင်းယူနိုင်ခဲ့ကာ ဂိုးသမားနဲ့ထောင့်ဖြတ်အတွေ့
ဘယ်ခြေနဲ့ ကန်သွင်းခဲ့တာဖြစ်ပြီး စပါးနောက်ခံလူ ဆန်ချက်ဇ်နဲ့ထိကာ

ဂိုးဝင်သွားခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဟာဗက်ဇ်အတွက်တော့
ဒီဂိုးဟာ အရင်းအနှီးကြီးသွားခဲ့ပါတယ်။ သူဟာ ဂိုးသွင်းယူအပြီး

စပါးဂိုးသမား လိုရစ်ကို ထိခိုက်မိမှာစိုးလို့ ခုန်ကျော်အရှောင်

လိုရစ်နဲ့ငြိကာ မြက်ခင်းပေါ် အကျမတော်ဖြစ်ခဲ့ရာကနေ
ညာဘက်လက်သန်းဟာအရိုးကျိုးသွားခဲ့ကာ

လက်ချောင်း ကွေးကောက်သွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဖော်တွေက
သူ့ကို ဝိုင်းဝန်းဂုဏ်ပြုခဲ့ကြပေမယ့် ဂျာမန်သားလေးကတော့

ဂိုးသွင်းယူရင်း မတော်တဆမှုကြောင့် ရရှိလာတဲ့

လက်ချောင်းဒဏ်ရာကြောင့် မသက်မသာဖြစ်နေခဲ့ပါတယ်။

လက်ချောင်းဒဏ်ရာကို ဆေးကုသမှုခံယူခဲ့ရပြီး နာကျင်နေတဲ့ကြားက
ပထမပိုင်းပြီးတဲ့အထိဆက်ကစားသွားပါတယ်။ ဒုတိယပိုင်းမှာတော့

ဟာဗက်ဇ်ဟာ ဂျာမန်အသင်းဖော် ဝါနာနဲ့ လူစားလဲခဲ့ရပါတယ်။

ဟာဗက်ဇ်ဒဏ်ရာနဲ့ပတ်သက်ပြီး နည်းပြတူချယ်ကလည်း
❝ ဂိုးသွင်းယူနိုင်ဖို့ကြိုးစားရင်း ကိုင်ဟာဗတ်ရဲ့လက်သန်း ဒဏ်ရာရရှိသွားခဲ့တာပါပဲ။

သူက ပထမပိုင်းမှာ လက်ချောင်း ကျိုးသွားတဲ့ ဒဏ်ရာကနေ
နာကျင်မှုကိုခံစားရင်းနဲ့ ပွဲကိုဆက်ကစားခဲ့ပေမယ့်

သူရဲ့ဒဏ်ရာအခြေအနေကပိုဆိုးလာတာကြောင့် လူစားလဲလိုက်ရတယ်။

သူ့ရဲ့ဒဏ်ရာက ပြင်းထန်တဲ့ ဒဏ်ရာ ဖြစ်မလားဖို့တော့ မျှော်လင့်ရပါတယ် ❞ လို့
ပွဲပြီးအင်တာဗျူးမှာ မှတ်ချက်ပေး ပြောကြားသွားခဲ့ပါတယ်။


ဒီပွဲမှာ ကွင်းလယ်လူဆောနီဂွတ်ဇ်ရဲ့ အကောင်းဆုံးခြေစွမ်းကို ပြန်မြင်ခဲ့ရသလို

လူကာကူကလည်း ဒီပွဲမှာ အကောင်းဆုံး ကြိုးပမ်းသွားခဲ့တာ တွေ့ရပါတယ်။

စပါးရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ ကိန်း၊ ဆွန်တို့လည်း လူမစုံတဲ့
ချဲလ်ဆီးနောက်တန်းကို ထိုးဖောက်ဖို့ခက်ခဲနေခဲ့သလို စပါးနောက်တန်းကလည်း

ဟာဗက်ဇ်ရဲ့ အတိုးအလှုပ်တွေကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။
ချယ်လ်ဆီးအသင်း အတွက် ဒုတိယမြောက်ဂိုးကိုတော့ ပွဲချိန် ၃၄ မိနစ်မှာရရှိခဲ့တဲ့

ဖရီးကစ်ကန်တင်လိုက်ရာကနေ စပါးနောက်တန်းက ဖြတ်ထုတ်ခဲ့ရာမှာ

စပါးကစားသမား ဘင်ဒေးဗီးစ်နဲ့ထိမိပြီး ကိုယ့်ဂိုးကိုယ်သွင်းမိသွားခဲ့တာပါ။
zawgyi

ဂိုးသြင္းယူႏိုင္ဖို႔ႀကိဳးစားရင္း ကိုင္ဟာဗတ္ရဲ႕လက္သန္း ဒဏ္ရာရရွိ
ခ်ယ္လ္ဆီးအသင္းမွာ ဒဏ္ရာရ ကစားသမားေတြရွိေနခဲ့တာေၾကာင့္

နည္းျပတူခ်ယ္ အေနနဲ႔ ကစားကြက္ပိုင္းကို အေျပာင္းအလဲျပဳလုပ္ခဲ့ရၿပီး

ခံစစ္ ၄ ေယာက္တန္း ကစားခဲ့ကာ ၄-၂-၃-၁ ပုံစံနဲ႔ ကစားခဲ့ သလို
တိုက္စစ္မွာ လူကာကူျပန္ပါလာခဲ့ၿပီး ကိုင္ဟာဗက္ဇ္၊ မစ္ဆန္ေမာင့္၊

ဇီးယက္ခ်္တို႔နဲ႔ တြဲခဲ့ကာ ကြင္းလယ္မွာလည္း ေဂ်ာ္ဂ်င္ဟို၊
ေဆာနီဂြတ္ဇ္တို႔အတြဲနဲ႔ ပြဲထြက္လာခဲ့ပါတယ္။ ဒီပြဲမွာ ခ်ယ္လ္ဆီးအသင္းဟာ

ေျခစြမ္းပိုင္းအသာနဲ႔ ၿပိဳင္ဘက္ စပါးအသင္းကို အိမ္ကြင္းမွာ ကစားၿပီး

ပြဲအစ ၅ မိနစ္မွာပဲ ဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ပါတယ္။
ဒီဂိုးကိုသြင္းယူခဲ့သူကေတာ့ တိုက္စစ္မႉး ကိုင္ဟာဗက္ဇ္ပါပဲ။

အလြန္ဆိုရဲ႕ ေပးပို႔မႈကေန သူဟာ စပါးေနာက္ခံလူ တန္ဂန္ဂါရဲ႕
ခံစစ္အမွားကိုအခြင့္ေကာင္းယူႏိုင္ခဲ့ကာ ဂိုးသမားနဲ႔ေထာင့္ျဖတ္အေတြ႕

ဘယ္ေျခနဲ႔ ကန္သြင္းခဲ့တာျဖစ္ၿပီး စပါးေနာက္ခံလူ ဆန္ခ်က္ဇ္နဲ႔ထိကာ

ဂိုးဝင္သြားခဲ့တာပဲျဖစ္ပါတယ္။ ဒါေပမယ့္ ဟာဗက္ဇ္အတြက္ေတာ့
ဒီဂိုးဟာ အရင္းအႏွီးႀကီးသြားခဲ့ပါတယ္။ သူဟာ ဂိုးသြင္းယူအၿပီး

စပါးဂိုးသမား လိုရစ္ကို ထိခိုက္မိမွာစိုးလို႔ ခုန္ေက်ာ္အေရွာင္
လိုရစ္နဲ႔ၿငိကာ ျမက္ခင္းေပၚ အက်မေတာ္ျဖစ္ခဲ့ရာကေန

ညာဘက္လက္သန္းဟာအ႐ိုးက်ိဳးသြားခဲ့ကာ

လက္ေခ်ာင္း ေကြးေကာက္သြားခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းေဖာ္ေတြက
သူ႔ကို ဝိုင္းဝန္းဂုဏ္ျပဳခဲ့ၾကေပမယ့္ ဂ်ာမန္သားေလးကေတာ့

ဂိုးသြင္းယူရင္း မေတာ္တဆမႈေၾကာင့္ ရရွိလာတဲ့
လက္ေခ်ာင္းဒဏ္ရာေၾကာင့္ မသက္မသာျဖစ္ေနခဲ့ပါတယ္။

လက္ေခ်ာင္းဒဏ္ရာကို ေဆးကုသမႈခံယူခဲ့ရၿပီး နာက်င္ေနတဲ့ၾကားက

ပထမပိုင္းၿပီးတဲ့အထိဆက္ကစားသြားပါတယ္။ ဒုတိယပိုင္းမွာေတာ့
ဟာဗက္ဇ္ဟာ ဂ်ာမန္အသင္းေဖာ္ ဝါနာနဲ႔ လူစားလဲခဲ့ရပါတယ္။

ဟာဗက္ဇ္ဒဏ္ရာနဲ႔ပတ္သက္ၿပီး နည္းျပတူခ်ယ္ကလည္း
❝ ဂိုးသြင္းယူႏိုင္ဖို႔ႀကိဳးစားရင္း ကိုင္ဟာဗတ္ရဲ႕လက္သန္း ဒဏ္ရာရရွိသြားခဲ့တာပါပဲ။

သူက ပထမပိုင္းမွာ လက္ေခ်ာင္း က်ိဳးသြားတဲ့ ဒဏ္ရာကေန

နာက်င္မႈကိုခံစားရင္းနဲ႔ ပြဲကိုဆက္ကစားခဲ့ေပမယ့္
သူရဲ႕ဒဏ္ရာအေျခအေနကပိုဆိုးလာတာေၾကာင့္ လူစားလဲလိုက္ရတယ္။

သူ႔ရဲ႕ဒဏ္ရာက ျပင္းထန္တဲ့ ဒဏ္ရာ ျဖစ္မလားဖို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္ ❞ လို႔
ပြဲၿပီးအင္တာဗ်ဴးမွာ မွတ္ခ်က္ေပး ေျပာၾကားသြားခဲ့ပါတယ္။

ဒီပြဲမွာ ကြင္းလယ္လူေဆာနီဂြတ္ဇ္ရဲ႕ အေကာင္းဆုံးေျခစြမ္းကို ျပန္ျမင္ခဲ့ရသလို

လူကာကူကလည္း ဒီပြဲမွာ အေကာင္းဆုံး ႀကိဳးပမ္းသြားခဲ့တာ ေတြ႕ရပါတယ္။
စပါးရဲ႕ တိုက္စစ္မႉးေတြျဖစ္တဲ့ ကိန္း၊ ဆြန္တို႔လည္း လူမစုံတဲ့

ခ်ဲလ္ဆီးေနာက္တန္းကို ထိုးေဖာက္ဖို႔ခက္ခဲေနခဲ့သလို စပါးေနာက္တန္းကလည္း
ဟာဗက္ဇ္ရဲ႕ အတိုးအလႈပ္ေတြကို မထိန္းခ်ဳပ္ႏိုင္ခဲ့ပါဘူး။

ခ်ယ္လ္ဆီးအသင္း အတြက္ ဒုတိယေျမာက္ဂိုးကိုေတာ့ ပြဲခ်ိန္ ၃၄ မိနစ္မွာရရွိခဲ့တဲ့

ဖရီးကစ္ကန္တင္လိုက္ရာကေန စပါးေနာက္တန္းက ျဖတ္ထုတ္ခဲ့ရာမွာ
စပါးကစားသမား ဘင္ေဒးဗီးစ္နဲ႔ထိမိၿပီး ကိုယ့္ဂိုးကိုယ္သြင္းမိသြားခဲ့တာပါ။