ဂိုးသွင်းမယ့်လူကိုတောင်မမြင်တဲ့ ပီကေးကို ရာမို့စ်နဲ့နှိုင်းမိတာက အမှားပါလို့ ဘာစီလိုနာပရိသတ်တွေ ခနဲ့လိုက်

ပီကေးဟာလက်ရှိဘာစီလိုနာခံစစ်မှူးတွေထဲမှာ ဝါအရင့်ဆုံးဖြစ်ပေမဲ့ အင်တာမီလန်နဲ့ ပွဲစဉ်ဖြစ်ရပ်မှာတော့ စပိန်သားဟာစိတ်ချလို့မရတော့တဲ့ ခံစစ်မှူးဆိုတာကို မြင်သာစေခဲ့ပါတယ်။

ဒမ်ဘီလီရဲ့သွင်းဂိုးနဲ့ပထမပိုင်းကို ဦးဆောင်ခွင့်ရခဲ့ပေမဲ့ ပီကေးရဲ့ မမျှော်လင့်တဲ့ အမှားတစ်ချက်ကြောင့် ချေပဂိုးပြန်ပေးခဲ့ရပြီး ဘာစီလိုနာခံစစ်ဟာ ကသောင်းကနင်းဖြစ်သွားပါတယ်။

ပြိုင်ဘက်ကစားသမား ဘက်စ်တိုနီဖြတ်တင်ဘော ပေးပို့လိုက်ချိန်မှာ ဧရိယာထဲရှိနေတဲ့ ပီကေးက လက်တွေလေပေါ်ထောင်ပြီး အေးဆေးပဲဆိုတဲ့ကိုယ်အမူအယာပြသခဲ့ပေမဲ့ သူ့နောက်မှာ လူကျွံထောက်ချောက် ကိုဖောက်ထွက်ပြီး အသင်းစောင့်နေတဲ့ ဘာရယ်လာက ချေပဂိုးသွင်းသွားခဲ့တာဖြစ်တယ်။

အမှားမကင်းတဲ့ ပီကေးနဲ့ပတ်သတ်လို့ ဘာစီလိုနာပရိတ်သတ်တစ်ယောက် က “သူ့ပုံစံက ညီလေးရေ ငါ့ရဲ့နေ့ရက်တွေကို အမှတ်ရပါစေ” လို့ ထောက်ပြခဲ့သလို အခြားပရိသတ်တွေကလည်း “ဒီထက်ပိုပြီး ဆက်မလုပ်နိုင်တော့ဘူး နားတော့မယ်”၊ “သူ့ကို ရာမို့စ်နဲ့ ခိုင်းနှိုင်းမိတဲ့အတွက် ရီးရဲလ်ပရိသတ်တွေကို တောင်းပန်ချင်တယ်” လို့ တွစ်တာကနေ ဝေဖန်သွားကြပါတယ်။

နာကျင်အချိန်ပိုမှာ လီဝန်ဒေါစကီးချေပဂိုး သွင်းနိုင်ခဲ့ပေမဲ့ ဘာစီလိုနာအတွက်နောက်တစ်ဆင့်မျှော်လင့်ချက်ခပ်​ရေးရေးသာ ရှိပါတော့တယ်။

ဒါနဲ့ပတ်သတ်လို့ နောက်ခံလူ အဲရစ်ဂါစီယာက “မျှော်လင့်ချက်နည်းသွားပေမဲ့ ရှေ့ဆက်သွားရမှာပါပဲ။ ဒီလိုအနေအထားမှာ အမှားတွေကို ခွင့်ပြုရင် ပြိုင်ဘက်ကကျွန်တော်တို့ကို သတ်သွားမှာပါ” လို့ ပွဲအပြီးမှာ ပြောဆိုသွားပါတယ်။

(Zawgyi)

ဂိုးသြင္းမယ့္လူကိုေတာင္မျမင္တဲ့ ပီေကးကို ရာမို႔စ္နဲ႔ႏႈိင္းမိတာက အမွားပါလို႔ ဘာစီလိုနာပရိသတ္ေတြ ခနဲ႔လိုက္

ပီေကးဟာလက္ရွိဘာစီလိုနာခံစစ္မႉးေတြထဲမွာ ဝါအရင့္ဆုံးျဖစ္ေပမဲ့ အင္တာမီလန္နဲ႔ ပြဲစဥ္ျဖစ္ရပ္မွာေတာ့ စပိန္သားဟာစိတ္ခ်လို႔မရေတာ့တဲ့ ခံစစ္မႉးဆိုတာကို ျမင္သာေစခဲ့ပါတယ္။

ဒမ္ဘီလီရဲ႕သြင္းဂိုးနဲ႔ပထမပိုင္းကို ဦးေဆာင္ခြင့္ရခဲ့ေပမဲ့ ပီေကးရဲ႕ မေမွ်ာ္လင့္တဲ့ အမွားတစ္ခ်က္ေၾကာင့္ ေခ်ပဂိုးျပန္ေပးခဲ့ရၿပီး ဘာစီလိုနာခံစစ္ဟာ ကေသာင္းကနင္းျဖစ္သြားပါတယ္။

ၿပိဳင္ဘက္ကစားသမား ဘက္စ္တိုနီျဖတ္တင္ေဘာ ေပးပို႔လိုက္ခ်ိန္မွာ ဧရိယာထဲရွိေနတဲ့ ပီေကးက လက္ေတြေလေပၚေထာင္ၿပီး ေအးေဆးပဲဆိုတဲ့ကိုယ္အမူအယာျပသခဲ့ေပမဲ့ သူ႔ေနာက္မွာ လူကြၽံေထာက္ေခ်ာက္ ကိုေဖာက္ထြက္ၿပီး အသင္းေစာင့္ေနတဲ့ ဘာရယ္လာက ေခ်ပဂိုးသြင္းသြားခဲ့တာျဖစ္တယ္။

အမွားမကင္းတဲ့ ပီေကးနဲ႔ပတ္သတ္လို႔ ဘာစီလိုနာပရိတ္သတ္တစ္ေယာက္ က “သူ႔ပုံစံက ညီေလးေရ ငါ့ရဲ႕ေန႔ရက္ေတြကို အမွတ္ရပါေစ” လို႔ ေထာက္ျပခဲ့သလို အျခားပရိသတ္ေတြကလည္း “ဒီထက္ပိုၿပီး ဆက္မလုပ္ႏိုင္ေတာ့ဘူး နားေတာ့မယ္”၊ “သူ႔ကို ရာမို႔စ္နဲ႔ ခိုင္းႏႈိင္းမိတဲ့အတြက္ ရီးရဲလ္ပရိသတ္ေတြကို ေတာင္းပန္ခ်င္တယ္” လို႔ တြစ္တာကေန ေဝဖန္သြားၾကပါတယ္။

နာက်င္အခ်ိန္ပိုမွာ လီဝန္ေဒါစကီးေခ်ပဂိုး သြင္းႏိုင္ခဲ့ေပမဲ့ ဘာစီလိုနာအတြက္ေနာက္တစ္ဆင့္ေမွ်ာ္လင့္ခ်က္ခပ္​ေရးေရးသာ ရွိပါေတာ့တယ္။ ဒါနဲ႔ပတ္သတ္လို႔ ေနာက္ခံလူ အဲရစ္ဂါစီယာက “ေမွ်ာ္လင့္ခ်က္နည္းသြားေပမဲ့ ေရွ႕ဆက္သြားရမွာပါပဲ။ ဒီလိုအေနအထားမွာ အမွားေတြကို ခြင့္ျပဳရင္ ၿပိဳင္ဘက္ကကြၽန္ေတာ္တို႔ကို သတ္သြားမွာပါ” လို႔ ပြဲအၿပီးမွာ ေျပာဆိုသြားပါတယ္။