





ပထမပိုင်းပွဲကစားချိန်အတွင်း တောင်ကိုရီးယားကို ၄ဂိုးပြတ်ဖြိုခွင့်းခဲ့ရာမှာ
နည်းပြတီတီနဲ့ ဘရာဇီးအသင်းသားတွေဘက်က လေးစားမှုကင်းမဲ့စွာ





ကခုန်နေခဲ့တယ်လို့ ယူနိုက်တက်ကွင်းလယ်လူဟောင်း ရွိုင်ကိန်းက
ရှုံ့ချလိုက်ပါတယ်။ ဆမ်ဘာတွေဟာ ကာတာကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့
ရေပန်းစားနေသလို ကွာတားဖိုင်နယ်မှာ ခရိုအေးရှားနဲ့ရင်ဆိုင်ရဖို့ရှိနေပါတယ်။





ရွိုင်ကိန်းကတော့ တောင်ကိုရီးယားဘက်ကိုဂိုးသွင်းပြီး လှိုက်လှိုက်လှဲလှဲ
အောင်ပွဲခံနေကြတဲ့ ဘရာဇီးကစားသမားတွေရဲ့တုံ့ပြန်ပုံကို သဘောမကျခဲ့ပါဘူး။





နေမာနဲ့ ဗင်နီစီယက်စ်တို့လိုကစားသမားတွေဟာ ပွဲချိန် ၁၃ မိနစ်လောက်အတွင်း
သူတို့ရဲ့သွင်းဂိုးတွေအတွက် ကခုန်ပြီးအောင်ပွဲခံခဲ့သလို ရစ်ချာလီဆန်
တတိယဂိုးသွင်းလိုက်ချိန်မှာတော့ စပါးတိုက်စစ်မှူးဟာ နည်းပြတီတီနဲ့အတူ





နည်းစနစ်ဧရိယာထဲမှာ လက်ချင်းချိတ်ပြီးကခုန်နေခဲ့တာဖြစ်တယ်။
ဒီပွဲစဉ်ကို ITV ရုပ်သံကနေတင်ဆက်သူအဖြစ်ပါဝင်ခဲ့တဲ့ ရွိုင်ကိန်းဟာ





ပထမပိုင်းအပြီးဆွေးနွေးခန်းမှာ ဘရာဇီးအသင်းသားတွေလုပ်ရပ်ကို
ပြစ်တင်သွားခဲ့တာဖြစ်တယ်။ “ငါကြည့်ပြီး ယုံတောင်မယုံနိုင်ဘူး။
ဒီလောက်ကြီး ကနေတာမျိုးမမြင်ဖူးဘူး။ အကပြိုင်ပွဲကြည့်နေရသလိုပဲ။





ဂိုးသွင်းတိုင်း ဒီလိုလုပ်နေတာက မခန့်လေးစားရာကျပါတယ်။
အဖွင့်ဂိုးအတွက်တော့ ဘာပဲလုပ်လုပ်စိတ်မဝင်စားပါဘူး၊





ဒါပေမဲ့ အချိန်တိုင်းကြီးတော့မဟုတ်သေးပါဘူး။ ဒါက လေးစားမှု
ကင်းမဲ့လွန်းပါတယ်။ သူတို့ရဲ့နည်းပြတောင်ပါလိုက်သေးတယ်။
ဒါမျိုးတော့ ကျွန်တော်မကြိုက်ပါဘူး” လို့ ရွိုင်ကိန်းက ဝေဖန်ခဲ့ပါတယ်။





ရိန်းဂျားစ်အသင်းဂန္တဝင်အယ်လ်လီမက်ကွိုက်ကတော့ ဘရာဇီးရဲ့
အောင်ပွဲခံပုံနဲ့ပတ်သတ်လို့ဝေဖန်ခဲ့တဲ့ရွိုင်ကိန်းနဲ့အမြင်မတူခဲ့ပါဘူး။





zawgyi
ဂိုးသြင္းတိုင္းကခုန္ေနတဲ့ ဘရာဇီးအသင္းသားေတြရဲ႕ေအာင္ပြဲခံပုံက မခန႔္ေလးစားလုပ္သလိုျဖစ္ခဲ့တယ္လို႔ ႐ြိဳင္ကိန္း ေဝဖန္





ပထမပိုင္းပြဲကစားခ်ိန္အတြင္း ေတာင္ကိုရီးယားကို ၄ဂိုးျပတ္ၿဖိဳခြင့္းခဲ့ရာမွာ
နည္းျပတီတီနဲ႔ ဘရာဇီးအသင္းသားေတြဘက္က ေလးစားမႈကင္းမဲ့စြာ





ကခုန္ေနခဲ့တယ္လို႔ ယူႏိုက္တက္ကြင္းလယ္လူေဟာင္း ႐ြိဳင္ကိန္းက
ရႈံ႕ခ်လိုက္ပါတယ္။ ဆမ္ဘာေတြဟာ ကာတာကမာၻ႔ဖလားမွာ ဗိုလ္စြဲဖို႔
ေရပန္းစားေနသလို ကြာတားဖိုင္နယ္မွာ ခ႐ိုေအးရွားနဲ႔ရင္ဆိုင္ရဖို႔ရွိေနပါတယ္။





႐ြိဳင္ကိန္းကေတာ့ ေတာင္ကိုရီးယားဘက္ကိုဂိုးသြင္းၿပီး လႈိက္လႈိက္လွဲလွဲ
ေအာင္ပြဲခံေနၾကတဲ့ ဘရာဇီးကစားသမားေတြရဲ႕တုံ႔ျပန္ပုံကို သေဘာမက်ခဲ့ပါဘူး။





ေနမာနဲ႔ ဗင္နီစီယက္စ္တို႔လိုကစားသမားေတြဟာ ပြဲခ်ိန္ ၁၃ မိနစ္ေလာက္အတြင္း
သူတို႔ရဲ႕သြင္းဂိုးေတြအတြက္ ကခုန္ၿပီးေအာင္ပြဲခံခဲ့သလို ရစ္ခ်ာလီဆန္
တတိယဂိုးသြင္းလိုက္ခ်ိန္မွာေတာ့ စပါးတိုက္စစ္မႉးဟာ နည္းျပတီတီနဲ႔အတူ





နည္းစနစ္ဧရိယာထဲမွာ လက္ခ်င္းခ်ိတ္ၿပီးကခုန္ေနခဲ့တာျဖစ္တယ္။
ဒီပြဲစဥ္ကို ITV ႐ုပ္သံကေနတင္ဆက္သူအျဖစ္ပါဝင္ခဲ့တဲ့ ႐ြိဳင္ကိန္းဟာ





ပထမပိုင္းအၿပီးေဆြးေႏြးခန္းမွာ ဘရာဇီးအသင္းသားေတြလုပ္ရပ္ကို
ျပစ္တင္သြားခဲ့တာျဖစ္တယ္။ “ငါၾကည့္ၿပီး ယုံေတာင္မယုံႏိုင္ဘူး။
ဒီေလာက္ႀကီး ကေနတာမ်ိဳးမျမင္ဖူးဘူး။ အကၿပိဳင္ပြဲၾကည့္ေနရသလိုပဲ။





ဂိုးသြင္းတိုင္း ဒီလိုလုပ္ေနတာက မခန႔္ေလးစားရာက်ပါတယ္။
အဖြင့္ဂိုးအတြက္ေတာ့ ဘာပဲလုပ္လုပ္စိတ္မဝင္စားပါဘူး၊





ဒါေပမဲ့ အခ်ိန္တိုင္းႀကီးေတာ့မဟုတ္ေသးပါဘူး။ ဒါက ေလးစားမႈ
ကင္းမဲ့လြန္းပါတယ္။ သူတို႔ရဲ႕နည္းျပေတာင္ပါလိုက္ေသးတယ္။
ဒါမ်ိဳးေတာ့ ကြၽန္ေတာ္မႀကိဳက္ပါဘူး” လို႔ ႐ြိဳင္ကိန္းက ေဝဖန္ခဲ့ပါတယ္။





ရိန္းဂ်ားစ္အသင္းဂႏၲဝင္အယ္လ္လီမက္ကြိဳက္ကေတာ့ ဘရာဇီးရဲ႕
ေအာင္ပြဲခံပုံနဲ႔ပတ္သတ္လို႔ေဝဖန္ခဲ့တဲ့႐ြိဳင္ကိန္းနဲ႔အျမင္မတူခဲ့ပါဘူး။