ဂိုးသွင်းစတိုင်သစ်နဲ့ ပွဲခံပြီး We stand together လို့ အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့တဲ့ စီရော်နယ်ဒို

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ရှရစ်ဖ် နဲ့ပွဲမှာအပိတ်ဂိုးသွင်းပြီးနောက် ၎င်းရဲ့ ကျော်ကြားတဲ့ ‘Siuu’အောင်ပွဲခံဟန်နေရာမှာ

စတိုင်အသစ်နဲ့ အစားထိုးပွဲခံခဲ့ပြီး ပရိသတ်တွေက သဘောကျနှစ်သက်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အသင်းရဲ့ တတိယမြောက် ဦးဆောင်ဂိုးကို အနီးကပ် ပိတ်သွင်းမှုနဲ့အတူ သွင်းယူပေးသွားခဲ့တာဖြစ်ပြီး

အဲဗာတန်အသင်းနဲ့ပွဲစဉ်တုန်းက လုပ်ခဲ့တဲ့အောင်ပွဲခံဟန်အတိုင်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပွဲကြည့်စင်ဘက်ကို လက်ညှိုးထိုးခဲ့ပြီးနောက် ဦးခေါင်းကို နောက်ကို လှန်၊

မျက်လုံးကို မှိတ်၊ လက်နှစ်ဖက်ကို ရင်ဘက်ပေါ် ယှက်တင်ပြီး မတ်တပ်ရပ်နေခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ အောင်ပွဲခံဟန်ကို ပရိသတ်တွေက သဘောကျနှစ်သက်ခဲ့ကြပြီး

နောက်ထပ် အထင်ကရ အောင်ပွဲခံဟန်ဖြစ်လာလိမ့်မယ်လို့လည်း ယူဆနေကြပါတယ်။

“ရော်နယ်လ်ဒိုက Siuu ကနေ ဒုတိယမြောက် အကောင်းဆုံးအောင်ပွဲခံဟန်ကို တီထွင်နိုင်ခဲ့ပြီလို့ထင်ပါတယ်။

ဒီအောင်ပွဲခံမှုပုံစံက “စိတ်ရဲ့ အေးချမ်းမှုကိုပြသလိုက်သလိုပါပဲ။ ဒီအောင်ပွဲခံဟန်ကို ကြိုက်တယ်”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး

နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးက “ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဒီ အောင်ပွဲခံဟန်က တကယ်ကို အကြမ်းကြီး”လို့ မှတ်ချက်ပေးထားပါတယ်။

အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့တဲ့ စီရော်နယ်ဒိုက ပွဲအပြီးမှာတော့

“အသင်းရဲ့ နက်ရှိုင်းတဲ့ ကြိုးစားအားထုတ်မှုနဲ့ ပြောင်မြောက်တဲ့ အောင်ပွဲပါ။

ကျွန်တော်တို့ အတူတူ လုပ်ခဲ့ကြတာပါဗျ၊

ယူနိုက်တက်ရေ . ပိုကောင်းတဲ့ နေရာကို အခုဒီကနေပြီး သွားကြရအောင်။”

လို့ ရေးကာ အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့ပါတယ်။

တန်ဟတ် နဲ့ စီရော်နယ်ဒိုကြား အဆင်မပြေမှုတွေ ရှိခဲ့ပေမယ့် နည်းပြအဲရစ်တန်ဟတ်က

ပွဲထွက်ကစားသမားအဖြစ် စီရော်နယ်ဒိုကို အသုံးပြုခဲ့သလို စီရော်နယ်ဒို ကိုယ်တိုင်လည်း အသင်းအတွက် အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။

zawgyi

ဂိုးသြင္းစတိုင္သစ္နဲ႔ ပြဲခံၿပီး We stand together လို႔ အင္စတာဂရမ္မွာ ပို႔စ္တင္ခဲ့တဲ့ စီေရာ္နယ္ဒို

ယူႏိုက္တက္တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ရွရစ္ဖ္ နဲ႔ပြဲမွာအပိတ္ဂိုးသြင္းၿပီးေနာက္ ၎ရဲ႕ ေက်ာ္ၾကားတဲ့ ‘Siuu’ေအာင္ပြဲခံဟန္ေနရာမွာ

စတိုင္အသစ္နဲ႔ အစားထိုးပြဲခံခဲ့ၿပီး ပရိသတ္ေတြက သေဘာက်ႏွစ္သက္ခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ အသင္းရဲ႕ တတိယေျမာက္ ဦးေဆာင္ဂိုးကို အနီးကပ္ ပိတ္သြင္းမႈနဲ႔အတူ သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး

အဲဗာတန္အသင္းနဲ႔ပြဲစဥ္တုန္းက လုပ္ခဲ့တဲ့ေအာင္ပြဲခံဟန္အတိုင္း ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ပြဲၾကည့္စင္ဘက္ကို လက္ညႇိဳးထိုးခဲ့ၿပီးေနာက္ ဦးေခါင္းကို ေနာက္ကို လွန္၊

မ်က္လုံးကို မွိတ္၊ လက္ႏွစ္ဖက္ကို ရင္ဘက္ေပၚ ယွက္တင္ၿပီး မတ္တပ္ရပ္ေနခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ ေအာင္ပြဲခံဟန္ကို ပရိသတ္ေတြက သေဘာက်ႏွစ္သက္ခဲ့ၾကၿပီး

ေနာက္ထပ္ အထင္ကရ ေအာင္ပြဲခံဟန္ျဖစ္လာလိမ့္မယ္လို႔လည္း ယူဆေနၾကပါတယ္။

“ေရာ္နယ္လ္ဒိုက Siuu ကေန ဒုတိယေျမာက္ အေကာင္းဆုံးေအာင္ပြဲခံဟန္ကို တီထြင္ႏိုင္ခဲ့ၿပီလို႔ထင္ပါတယ္။

ဒီေအာင္ပြဲခံမႈပုံစံက “စိတ္ရဲ႕ ေအးခ်မ္းမႈကိုျပသလိုက္သလိုပါပဲ။ ဒီေအာင္ပြဲခံဟန္ကို ႀကိဳက္တယ္”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ၿပီး

ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးက “ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ဒီ ေအာင္ပြဲခံဟန္က တကယ္ကို အၾကမ္းႀကီး”လို႔ မွတ္ခ်က္ေပးထားပါတယ္။

အသင္းအတြက္ အႏိုင္ဂိုးတစ္ဂိုးကို သြင္းယူေပးခဲ့တဲ့ စီေရာ္နယ္ဒိုက ပြဲအၿပီးမွာေတာ့

“အသင္းရဲ႕ နက္ရႈိင္းတဲ့ ႀကိဳးစားအားထုတ္မႈနဲ႔ ေျပာင္ေျမာက္တဲ့ ေအာင္ပြဲပါ။

ကြၽန္ေတာ္တို႔ အတူတူ လုပ္ခဲ့ၾကတာပါဗ်၊

ယူႏိုက္တက္ေရ . ပိုေကာင္းတဲ့ ေနရာကို အခုဒီကေနၿပီး သြားၾကရေအာင္။”

လို႔ ေရးကာ အင္စတာဂရမ္မွာ ပို႔စ္တင္ခဲ့ပါတယ္။

တန္ဟတ္ နဲ႔ စီေရာ္နယ္ဒိုၾကား အဆင္မေျပမႈေတြ ရွိခဲ့ေပမယ့္ နည္းျပအဲရစ္တန္ဟတ္က

ပြဲထြက္ကစားသမားအျဖစ္ စီေရာ္နယ္ဒိုကို အသုံးျပဳခဲ့သလို စီေရာ္နယ္ဒို ကိုယ္တိုင္လည္း အသင္းအတြက္ အေကာင္းဆုံးကစားႏိုင္ခဲ့ပါတယ္။