ဂိုးသွင်းကောင်းအာဂျင်တီးနားတိုက်စစ်မှုးကို မန်စီးတီးခေါ်ယူ

မန်စီးတီးဟာ အာဂျင်တီးနားကလပ်ရေးဗားပလိတ်တိုက်စစ်မှုး

ဂျူလီယန်အယ်ဗာရက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီလို့

ကစားသမားအပြောင်းအရွှေ့ကျွမ်းကျင်သူ

ဂျာနယ်လစ်ဖာဘရီဇီယိုရိုမာနိုက အတည်ပြုလိုက်ပါတယ်။

၂၁ နှစ်အရွယ် အယ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက

ရေးဗားပလိတ်အသင်းအတွက် ဂိုးသွင်းခြေစွမ်းပြခဲ့တဲ့

ဗဟိုတိုက်စစ်မှုးတစ်ဦးလည်း ဖြစ်ပါတယ်။

မန်စီးတီးဟာ အယ်ဗာရက်ဇ်အတွက် ယူရို ၁၈.၅ သန်းကုန်ကျမှာဖြစ်ပြီး

ဘောနပ်စ်နဲ့အခွန်တွေအတွက်လည်း ထပ်ပေးရမှာပါ။

အယ်ဗာရက်ဇ်ဟာ မန်စီးတီးနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး

လောလောဆယ့် ကစားသမားကို လာမယ့်ဇူလိုင်အထိ

မိခင်ကလပ်မှာပဲ အငှားချထားမှာပါ။

အယ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီအာဂျင်တီးနားလိဂ်က

၄၆ ပွဲမှာ ၂၄ ဂိုးသွင်း၊ ၁၅ ဂိုးဖန်တီးနိုင်ခဲ့ကာ

အဲဒီလိဂ်ရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့တာပါ။

သူဟာ ပြီးခဲ့တဲ့နှစ်မှာ တောင်အမေရိကရဲ့အကောင်းဆုံးသမားလည်းဖြစ်ခဲ့ပြီး

တောင်အမေရိကတစ်နှစ်တာအကောင်းဆုံးအသင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

အဲဒီလိုခြေစွမ်းတွေကြောင့်လည်း အယ်ဗာရက်ဇ်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ

လက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်နေပြီး

အာဂျင်တီးနားအသင်းကြီးအတွက် ၅ ပွဲကစားပေးထားပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကစားမယ့် အာဂျင်တီးနားရဲ့

နောက်ဆုံးလူစာရင်းမှာလည်း ရွေးချယ်ခံထားရပါတယ်။

အယ်ဗာရက်ဇ်ကို မန်စီးတီးအသင်းသမိုင်းတစ်လျှောက်

ဂိုးအများဆုံးသွင်းသူဖြစ်တဲ့ အဂူရိုနဲ့လည်း နှိုင်းယှဉ်ခဲ့ကြတာပါ။

ဒါကြောင့် မန်စီးတီးဟာ အဂူရိုရဲ့နေရာ ဆက်ခံသူကို

ခေါ်ယူနိုင်ခဲ့တာလို့လည်း ဆိုနေကြပါတယ်။

လောလောဆယ်တော့ အယ်ဗာရက်ဇ်ကို ဘောလုံးလောကရဲ့

တောက်ပမယ့်ကြယ်ပွင့်တွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ထားကြတာပါ။

zawgyi

ဂိုးသြင္းေကာင္းအာဂ်င္တီးနားတိုက္စစ္မႈးကို မန္စီးတီးေခၚယူ

မန္စီးတီးဟာ အာဂ်င္တီးနားကလပ္ေရးဗားပလိတ္တိုက္စစ္မႈး

ဂ်ဴလီယန္အယ္ဗာရက္ဇ္ကို ေခၚယူဖို႔ သေဘာတူညီမႈရခဲ့ၿပီလို႔

ကစားသမားအေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူ

ဂ်ာနယ္လစ္ဖာဘရီဇီယို႐ိုမာႏိုက အတည္ျပဳလိုက္ပါတယ္။

၂၁ ႏွစ္အ႐ြယ္ အယ္ဗာရက္ဇ္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက

ေရးဗားပလိတ္အသင္းအတြက္ ဂိုးသြင္းေျခစြမ္းျပခဲ့တဲ့

ဗဟိုတိုက္စစ္မႈးတစ္ဦးလည္း ျဖစ္ပါတယ္။

မန္စီးတီးဟာ အယ္ဗာရက္ဇ္အတြက္ ယူ႐ို ၁၈.၅ သန္းကုန္က်မွာျဖစ္ၿပီး

ေဘာနပ္စ္နဲ႔အခြန္ေတြအတြက္လည္း ထပ္ေပးရမွာပါ။

အယ္ဗာရက္ဇ္ဟာ မန္စီးတီးနဲ႔ ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုမွာျဖစ္ၿပီး

ေလာေလာဆယ့္ ကစားသမားကို လာမယ့္ဇူလိုင္အထိ

မိခင္ကလပ္မွာပဲ အငွားခ်ထားမွာပါ။

အယ္ဗာရက္ဇ္ဟာ ၿပီးခဲ့တဲ့ရာသီအာဂ်င္တီးနားလိဂ္က

၄၆ ပြဲမွာ ၂၄ ဂိုးသြင္း၊ ၁၅ ဂိုးဖန္တီးႏိုင္ခဲ့ကာ

အဲဒီလိဂ္ရဲ႕ဂိုးသြင္းအမ်ားဆုံးကစားသမားျဖစ္ခဲ့တာပါ။

သူဟာ ၿပီးခဲ့တဲ့ႏွစ္မွာ ေတာင္အေမရိကရဲ႕အေကာင္းဆုံးသမားလည္းျဖစ္ခဲ့ၿပီး

ေတာင္အေမရိကတစ္ႏွစ္တာအေကာင္းဆုံးအသင္းမွာလည္း ပါဝင္ခဲ့ပါတယ္။

အဲဒီလိုေျခစြမ္းေတြေၾကာင့္လည္း အယ္ဗာရက္ဇ္ဟာ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ပဲ

လက္ေ႐ြးစင္ကစားသမားတစ္ေယာက္ျဖစ္ေနၿပီး

အာဂ်င္တီးနားအသင္းႀကီးအတြက္ ၅ ပြဲကစားေပးထားပါတယ္။

ကမာၻ႔ဖလားေျခစစ္ပြဲေတြကစားမယ့္ အာဂ်င္တီးနားရဲ႕

ေနာက္ဆုံးလူစာရင္းမွာလည္း ေ႐ြးခ်ယ္ခံထားရပါတယ္။

အယ္ဗာရက္ဇ္ကို မန္စီးတီးအသင္းသမိုင္းတစ္ေလွ်ာက္

ဂိုးအမ်ားဆုံးသြင္းသူျဖစ္တဲ့ အဂူ႐ိုနဲ႔လည္း ႏႈိင္းယွဥ္ခဲ့ၾကတာပါ။

ဒါေၾကာင့္ မန္စီးတီးဟာ အဂူ႐ိုရဲ႕ေနရာ ဆက္ခံသူကို

ေခၚယူႏိုင္ခဲ့တာလို႔လည္း ဆိုေနၾကပါတယ္။

ေလာေလာဆယ္ေတာ့ အယ္ဗာရက္ဇ္ကို ေဘာလုံးေလာကရဲ႕
ေတာက္ပမယ့္ၾကယ္ပြင့္ေတြထဲက တစ္ေယာက္အျဖစ္ သတ္မွတ္ထားၾကတာပါ။