ဂိုးသွင်းကောင်းသလို ဒိုင်ဗင်ထိုးလည်းတော်တဲ့ ဆွန်ဟောင်မင် လှောင်ပြောင်ခံနေရ

စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ဝက်စ်ဟမ်းကို

၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြ
ဂိုးသွင်းနိုင်ခဲ့ပေမယ့် သူ့ရဲ့ဆိုးရွားတဲ့
စွမ်းဆောင်မှုတချို့အတွက်လည်း ပရိသတ်တွေရဲ့
လှောင်ပြောင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
စပါးဟာ ပွဲအစ ၉မိနစ်မှာပဲ ဝက်စ်ဟမ်းနောက်ခံလူ

ဇူးမားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုနဲ့အတူ ဦးဆောင်နိုင်ခဲ့ပြီး
ဆွန်ဟောင်မင်က ဟယ်ရီကိန်းရဲ့ဖန်တီးမှုတွေကနေ
၂ဂိုးသွင်းယူနိုင်ခဲ့ကာ ဝက်စ်ဟမ်းအတွက်
ဘန်ရာမာက ချေပဂိုးတစ်ဂိုးသွင်းယူခဲ့ပါတယ်။
စပါးဟာ ဒီပွဲမှာအနိုင်ရခဲ့တာကြောင့်

ယူနိုက်တက်ကို ကျော်ဖြတ်ကာ အဆင့် ၅ နေရာ
ရောက်လာသလို အဆင့် ၄ နေရာက
အာဆင်နယ်နဲ့ တစ်ပွဲပို ၃ မှတ်အကွာဖြစ်လာပါတယ်။
ဒါပေမဲ့ ဆွန်ဟောင်မင်ဟာ ရှက်စရာကောင်းတဲ့
ဒိုင်ဗင်ထိုး ဟန်ဆောင်အမူပိုမှုကြောင့်

ပရိသတ်တွေရဲ့လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ဆွန်ဟောင်မင်က ထောင့်ကန်ဘောကန်ဖို့
လမ်းလျှောက်သွားစဉ် ဝက်စ်ဟမ်းနောက်ခံလူ
ဇူးမားက ဘောလုံးကန်လိုက်တာ ကျောပေးထးာတဲ့
ဆွန်ဟောင်မင်ရဲ့ခြေထောက်ကို သွားထိပါတယ်။

ဒါကို ဆွန်ဟောင်မင်က ရုပ်ရှင်တွေထဲက
သေနတ်နဲ့အပစ်ခံရလို့ တစ်ဖြည်းဖြည်းဒူးထောက်ရာကနေ
လဲကျသွားသလို လုပ်ပြပြီး မြက်ခင်းပေါ် လှဲချလိုက်ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ပရိသတ်တွေက
လူမှုမီဒီယာမှာ သူတို့ရဲ့အမြင်တွေကို အသီးသီးရေးသားခဲ့ပါတယ်။

”ဒီအပြုအမူအတွက် ဆွန်ဟောင်မင်ထုတ်ပယ်ခံရသင့်ပါတယ်။
ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်ကို
ဘောလုံးက လာထိတာဖြစ်ပြီး ဆွန်ဟောင်မင်ကတော့
သေနတ်နဲ့အပစ်ခံရသလိုမျိုး လဲှချလိုက်တာပါ”
”ဆွန်ဟောင်မင်ရဲ့ ဟန်ဆောင်အမူပိုမှုကတော့

တကယ့်ကို ရှက်စရာကောင်းလှပါတယ်”လို့
ပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။

Zawgyi

ဂိုးသြင္းေကာင္းသလုိ ဒိုင္ဗင္ထုိးလည္းေတာ္တဲ့ ဆြန္ေဟာင္မင္ ေလွာင္ေျပာင္ခံေနရ
စပါးအသင္းတုိက္စစ္မွဴး ဆြန္ေဟာင္မင္ဟာ ၀က္စ္ဟမ္းကို
၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ေျခစြမ္းျပ
ဂိုးသြင္းႏုိင္ခဲ့ေပမယ့္ သူ႕ရဲ႕ဆုိးရြားတ့ဲ
စြမ္းေဆာင္မႈတခ်ိဳ႕အတြက္လည္း ပရိသတ္ေတြရဲ႕

ေလွာင္ေျပာင္မႈနဲ႔ ရင္ဆိုင္ေနရပါတယ္။
စပါးဟာ ပြဲအစ ၉မိနစ္မွာပဲ ၀က္စ္ဟမ္းေနာက္ခံလူ
ဇူးမားရဲ႕ ကိုယ့္ဂိုးကုိယ္သြင္းမႈနဲ႔အတူ ဦးေဆာင္ႏိုင္ခဲ့ၿပီး
ဆြန္ေဟာင္မင္က ဟယ္ရီကိန္းရဲ႕ဖန္တီးမႈေတြကေန
၂ဂိုးသြင္းယူႏိုင္ခဲ့ကာ ၀က္စ္ဟမ္းအတြက္

ဘန္ရာမာက ေခ်ပဂိုးတစ္ဂိုးသြင္းယူခဲ့ပါတယ္။
စပါးဟာ ဒီပြဲမွာအႏိုင္ရခဲ့တာေၾကာင့္
ယူႏုိက္တက္ကို ေက်ာ္ျဖတ္ကာ အဆင့္ ၅ ေနရာ
ေရာက္လာသလုိ အဆင့္ ၄ ေနရာက
အာဆင္နယ္နဲ႔ တစ္ပြဲပုိ ၃ မွတ္အကြာျဖစ္လာပါတယ္။

ဒါေပမဲ့ ဆြန္ေဟာင္မင္ဟာ ရွက္စရာေကာင္းတဲ့
ဒုိင္ဗင္ထိုး ဟန္ေဆာင္အမူပိုမႈေၾကာင့္
ပရိသတ္ေတြရဲ႕ေလွာင္ေျပာင္မႈနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။
ဆြန္ေဟာင္မင္က ေထာင့္ကန္ေဘာကန္ဖုိ႔
လမ္းေလွ်ာက္သြားစဥ္ ၀က္စ္ဟမ္းေနာက္ခံလူ

ဇူးမားက ေဘာလုံးကန္လုိက္တာ ေက်ာေပးထးာတဲ့
ဆြန္ေဟာင္မင္ရဲ႕ေျခေထာက္ကို သြားထိပါတယ္။
ဒါကို ဆြန္ေဟာင္မင္က ရုပ္ရွင္ေတြထဲက
ေသနတ္နဲ႔အပစ္ခံရလုိ႔ တစ္ျဖည္းျဖည္းဒူးေထာက္ရာကေန
လဲက်သြားသလုိ လုပ္ျပၿပီး ျမက္ခင္းေပၚ လွဲခ်လုိက္ပါတယ္။

ဒီျဖစ္ရပ္နဲ႔ပတ္သက္လုိ႔ ပရိသတ္ေတြက
လူမႈမီဒီယာမွာ သူတုိ႔ရဲ႕အျမင္ေတြကို အသီးသီးေရးသားခဲ့ပါတယ္။
”ဒီအျပဳအမူအတြက္ ဆြန္ေဟာင္မင္ထုတ္ပယ္ခံရသင့္ပါတယ္။
ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမားတစ္ေယာက္ကို
ေဘာလုံးက လာထိတာျဖစ္ၿပီး ဆြန္ေဟာင္မင္ကေတာ့

ေသနတ္နဲ႔အပစ္ခံရသလုိမ်ိဳး လဲွခ်လိုက္တာပါ”
”ဆြန္ေဟာင္မင္ရဲ႕ ဟန္ေဆာင္အမူပိုမႈကေတာ့
တကယ့္ကို ရွက္စရာေကာင္းလွပါတယ္”လုိ႔
ပရိသတ္ေတြက အသီးသီးေရးသားခဲ့ပါတယ္။