
လီဗာပူးအသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဂိုးသမားအလီဆွန်နဲ့
ကွင်းလယ်လူဖာဘင်ဟိုတို့ဟာ ဝက်ဖို့ဒ်အသင်းနဲ့ကစားမယ့်ပွဲကို
လွဲချော်မှာဖြစ်တယ်လို့ နည်းပြကလော့ပ်က အတည်ပြုပါတယ်။
အဆိုပါကစားသမား၂ဦးလုံးဟာဘရာဇီးအသင်းနဲ့ ဥရုဂွေးအသင်းနဲ့ပွဲမှာ
ပါဝင်ခဲ့ကြပြီး ဖာဘင်ဟိုကပွဲထွက်ခွင့်ရခဲ့ပေမယ့် အလီဆွန်ကအရန်ခုံထိုင်ခဲ့ရတာပါ။
ဝက်ဖို့ဒ်နဲ့ ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ကလော့ပ်က
“ သူတို့နောက်ဆုံးကစားခဲ့တဲ့နိုင်ငံက အနီရောင်အဆင့်သတ်မှတ်ခံထားရတဲ့
ကိုလံဘီယာပါ။ လာမယ့်ကြာသပတေးနေ့မှ ၁၀ရက်ပြည့်မှာပါ။ အဲဒီအခါကျမှ
UK ကိုပြန်ဝင်ရမှာပါ။ အခုကတော့မက်ဒရစ်ကိုတန်းသွားမှာပါ။ တီယာဂို ကတော့
ဘယ်အချိန် ပြန်ကစား ပေးနိုင်မလဲ ဆိုတာ ကျွန်တော် မသိသေးပါဘူး။
သူ့ရဲ့ ဒဏ်ရာဟာ အချိန် အနည်းငယ် ယူနေရပါတယ်။ ဒါဟာ စိတ်ပျက်စရာ ပါပဲ။
ဒါပေမယ့် သူ့ရဲ့ ဒဏ်ရာဟာ ဒီလောက် လျင်မြန်စွာ သက်သာလာဖို့ မရှိဘူး ဆိုတာကို
ကျွန်တော်တို့ ပြီးခဲ့တဲ့ ရက်အနည်းငယ် ကတည်းက သိထားခဲ့ပါတယ်။
ကျွန်တော်တို့ စောင့်သွားရမှာပါ။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး ကလော့ပ်ဟာ အင်္ဂလန် ယူ ၂၁ ကနေ ဒဏ်ရာ ပြဿနာနဲ့
အသင်းကို ပြန်လာခဲ့တဲ့ ကာတစ်ဂျုံးနဲ့ ပတ်သက်ပြီး အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ကို
ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။ ကလော့ပ်က “ကာတစ်ဂျုံးဟာ အင်္ဂလန် ယူ ၂၁ ကနေ
ဒဏ်ရာ ပြဿနာနဲ့ ပြန်လာခဲ့ပါတယ်။ ဒါဟာ မကောင်းပါဘူး။ အင်္ဂလန်နဲ့ ဆက်သွယ်ရတာ
ခက်ခဲပါတယ်။ သူတို့ အန်ဒိုရာနဲ့ ကစားခဲ့ပါတယ်။ ကောင်းပါတယ်။ သူ အဲဒီပွဲမှာ
အရေးပါတဲ့ ကဏ္ဍကနေ ဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဒဏ်ရာနဲ့ ပြန်လာကာ
မနက်ဖြန် ပွဲအတွက် available ဖြစ်မှာ မဟုတ်ပါဘူး။”ဆိုပြီး ပြောပါတယ်။
လီဗာပူးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ တစ်သင်းတည်းသောရှုံးပွဲမရှိ
အသင်းအဖြစ် ရပ်တည်နေပြီး ဦးဆောင်သူချယ်လ်ဆီးအသင်းနဲ့ တစ်မှတ်သာကွာဟနေတာပါ။
zawgyi
ဂိုးသမားအလီဆြန္နဲ႔ ကြင္းလယ္လူဖာဘင္ဟိုတို႔ဟာ ဝက္ဖို႔ဒ္အသင္းနဲ႔ကစားမယ့္ပြဲကို လြဲေခ်ာ္မွာျဖစ္တယ္လို႔ နည္းျပကေလာ့ပ္က အတည္ျပဳ
လီဗာပူးအသင္းရဲ႕အဓိက ကစားသမားေတြျဖစ္တဲ့ ဂိုးသမားအလီဆြန္နဲ႔
ကြင္းလယ္လူဖာဘင္ဟိုတို႔ဟာ ဝက္ဖို႔ဒ္အသင္းနဲ႔ကစားမယ့္ပြဲကို
လြဲေခ်ာ္မွာျဖစ္တယ္လို႔ နည္းျပကေလာ့ပ္က အတည္ျပဳပါတယ္။
အဆိုပါကစားသမား၂ဦးလုံးဟာဘရာဇီးအသင္းနဲ႔ ဥ႐ုေဂြးအသင္းနဲ႔ပြဲမွာ
ပါဝင္ခဲ့ၾကၿပီး ဖာဘင္ဟိုကပြဲထြက္ခြင့္ရခဲ့ေပမယ့္ အလီဆြန္ကအရန္ခုံထိုင္ခဲ့ရတာပါ။
ဝက္ဖို႔ဒ္နဲ႔ ပြဲစဥ္ မတိုင္မီ သတင္းစာ ရွင္းလင္းပြဲမွာ ကေလာ့ပ္က
“ သူတို႔ေနာက္ဆုံးကစားခဲ့တဲ့ႏိုင္ငံက အနီေရာင္အဆင့္သတ္မွတ္ခံထားရတဲ့
ကိုလံဘီယာပါ။ လာမယ့္ၾကာသပေတးေန႔မွ ၁၀ရက္ျပည့္မွာပါ။ အဲဒီအခါက်မွ
UK ကိုျပန္ဝင္ရမွာပါ။ အခုကေတာ့မက္ဒရစ္ကိုတန္းသြားမွာပါ။ တီယာဂို ကေတာ့
ဘယ္အခ်ိန္ ျပန္ကစား ေပးႏိုင္မလဲ ဆိုတာ ကြၽန္ေတာ္ မသိေသးပါဘူး။
သူ႔ရဲ႕ ဒဏ္ရာဟာ အခ်ိန္ အနည္းငယ္ ယူေနရပါတယ္။ ဒါဟာ စိတ္ပ်က္စရာ ပါပဲ။
ဒါေပမယ့္ သူ႔ရဲ႕ ဒဏ္ရာဟာ ဒီေလာက္ လ်င္ျမန္စြာ သက္သာလာဖို႔ မရွိဘူး ဆိုတာကို
ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့ ရက္အနည္းငယ္ ကတည္းက သိထားခဲ့ပါတယ္။
ကြၽန္ေတာ္တို႔ ေစာင့္သြားရမွာပါ။” လို႔ ဆိုပါတယ္။
ဆက္လက္ၿပီး ကေလာ့ပ္ဟာ အဂၤလန္ ယူ ၂၁ ကေန ဒဏ္ရာ ျပႆနာနဲ႔
အသင္းကို ျပန္လာခဲ့တဲ့ ကာတစ္ဂ်ဳံးနဲ႔ ပတ္သက္ၿပီး အဂၤလန္ ေဘာလုံးအဖြဲ႕ခ်ဳပ္ကို
ေဝဖန္ျပစ္တင္သြားခဲ့ပါတယ္။ ကေလာ့ပ္က “ကာတစ္ဂ်ဳံးဟာ အဂၤလန္ ယူ ၂၁ ကေန
ဒဏ္ရာ ျပႆနာနဲ႔ ျပန္လာခဲ့ပါတယ္။ ဒါဟာ မေကာင္းပါဘူး။ အဂၤလန္နဲ႔ ဆက္သြယ္ရတာ
ခက္ခဲပါတယ္။ သူတို႔ အန္ဒိုရာနဲ႔ ကစားခဲ့ပါတယ္။ ေကာင္းပါတယ္။ သူ အဲဒီပြဲမွာ
အေရးပါတဲ့ က႑ကေန ဝင္ကစားခဲ့ပါတယ္။ ဒါေပမယ့္ သူဟာ ဒဏ္ရာနဲ႔ ျပန္လာကာ
မနက္ျဖန္ ပြဲအတြက္ available ျဖစ္မွာ မဟုတ္ပါဘူး။”ဆိုၿပီး ေျပာပါတယ္။
လီဗာပူးအသင္းအေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ တစ္သင္းတည္းေသာရႈံးပြဲမရွိ
အသင္းအျဖစ္ ရပ္တည္ေနၿပီး ဦးေဆာင္သူခ်ယ္လ္ဆီးအသင္းနဲ႔ တစ္မွတ္သာကြာဟေနတာပါ။