ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲ အပိုင်ကန်သွင်းခွင့်ရတာတောင် လွဲဖြစ်အောင်လွဲလိုက်သေးတဲ့ ဂရစ်ဇ်မန်း

ပြင်သစ်တိုက်စစ်မှူး အန်တိုနီဂရစ်ဇ်မန်းဟာ ယမန်နေ့ညက

ခရိုအေးရှားနဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာ
ဂိုးသမားမရှိတော့တဲ့ဂိုးပေါက်ထဲ ကန်သွင်းခွင့်
ရတာတောင် လွဲဖြစ်အောင်လွဲလိုက်ပါသေးတယ်။
ဒီနှစ်သင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲ
မကျေပွဲအဖြစ် ခရိုအေးရှားမြေမှာ ရင်ဆိုင်ခဲ့ကြတာဖြစ်ပြီး

ပြင်သစ်အတွက် ကွင်းလယ်လူ ရာဘီယော့က
ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် ခရိုအေးရှားတိုက်စစစ်မှူး
ကရာမာရစ်က ပင်နယ်တီကနေ ချေပဂိုးသွင်းယူခဲ့ပါတယ်။
ဒါပေမဲ့ ပြင်သစ်အသင်းအတွက် ၁၀၄ပွဲကစား
၄၂ ဂိုးသွင်းယူထားတဲ့ ဂရစ်ဇ်မန်းဟာ

ပွဲပြီးခါနီးမှာ အသင်းအတွက် အနိုင်ဂိုး
သွင်းယူနိုင်ဖို့ မဟာအခွင့်အရေးရခဲ့ပါတယ်။
ခရိုအေးရှားအသင်း အနိုင်ဂိုးရဖို့ ဖိအားပေးနေတုန်း
တန်ပြန်တိုက်စစ် ပေါက်ထွက်သွားပြီး ခရိုအေးရှားနောက်ခံလူ
နောက်ပြန်ပေးတာ လွဲချော်သွားရာကနေ

တိုက်စစ်မှူး ဂရစ်ဇ်မန်း ပြေးလိုက်သွားပြီး
ရှေ့ထွက်လာတဲ့ ဂိုးသမား ဖျက်ထုတ်တာလည်း
ဂရစ်ဇ်မန်းနဲ့ပဲထိကာ ဧရိယာထဲ ရောက်သွားပါတယ်။
ဒီအချိန်မှာ ဂရစ်ဇ်မန်းဟာ သူအားသန်တဲ့
ဘယ်ခြေနဲ့ ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ထဲ

အသာကန်သွင်းလိုက်ပေမယ့် အံ့အားသင့်စရာ
ကောင်းလောက်အောင် အတော်လေးလွဲချော်သွားပါတယ်။
သူ့ရဲ့ကန်သွင်းချက် အားပျော့သွားတာ
လက်သင့်လို့ရပေမယ့် အနီးကပ်ကန်သွင်းချက်
ဂိုးပေါက်နဲ့လွဲတာကတော့ အတော်လေးပြောစရာဖြစ်သွားပါတယ်။

”၂၀၁၆ ဂရစ်ဇ်မန်းဆိုရင် ဒီလိုဘယ်လွဲလိမ့်မလဲ။
အခုကျတော့ ဂရစ်ဇ်မန်း ဗားရှင်းအသစ်ဖြစ်နေပြီလေ”
”ဂရစ်ဇ်မန်းရဲ့လွဲချော်မှုက ယုံနိုင်စရာတောင်မရှိဘူး”
”ဂရစ်ဇ်မန်းရဲ့ လွဲချော်မှုကို ကြည့်ရင်
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းမှာ

ပါဝင်ခွင့်မရသင့်ဘူးဆိုတာ သိသာပါတယ်”လို့
ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။
ဂရစ်ဇ်မန်းဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့
ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ပြင်သစ်အသင်းရဲ့
အဓိကကြယ်ပွင့်ဖြစ်ခဲ့ပြီး သူကိုယ်တိုင်လည်း

ပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။
ဘာစီလိုနာကို ယူရိုသန်း ၁၂၀ နဲ့ ရောက်လာပြီးနောက်
ခက်ခဲတဲ့ကာလကို ဖြတ်သန်းခဲ့ရပြီး
အရင်ခြေစွမ်းပြန်ရဖို့ အက်သလက်ကို
အငှားနဲ့ ပြန်ရောက်လာခဲ့ပါတယ်။

ဒါပေမဲ့ ဆိုစီဒက်တိုက်စစ်မှူးဟောင်း
ဂရစ်ဇ်မန်းဟာ ယခုရာသီ လာလီဂါမှာ
၂၆ပွဲကစား ၃ဂိုးပဲ သွင်းယူနိုင်ခဲ့ပြီး
သူ့အသင်းပရိသတ်တွေရဲ့လှောင်ပြောင်မှုတောင် ခံခဲ့ရပါတယ်။

Zawgyi

ဂိုးသမားမရွိတဲ့ ဂိုးေပါက္ထဲ အပိုင္ကန္သြင္းခြင့္ရတာေတာင္ လဲြျဖစ္ေအာင္လြဲလိုက္ေသးတဲ့ ဂရစ္ဇ္မန္း
ျပင္သစ္တိုက္စစ္မွဴး အန္တိုနီဂရစ္ဇ္မန္းဟာ ယမန္ေန႔ညက
ခ႐ိုေအးရွားနဲ႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ ေနးရွင္းလိဂ္ပြဲမွာ

ဂိုးသမားမရွိေတာ့တဲ့ဂိုးေပါက္ထဲ ကန္သြင္းခြင့္
ရတာေတာင္ လဲြျဖစ္ေအာင္လဲြလိုက္ပါေသးတယ္။
ဒီႏွစ္သင္းဟာ ၂၀၁၈ ကမၻာ့ဖလားဗိုလ္လုပြဲ
မေက်ပြဲအျဖစ္ ခ႐ိုေအးရွားေျမမွာ ရင္ဆိုင္ခဲ့ၾကတာျဖစ္ၿပီး
ျပင္သစ္အတြက္ ကြင္းလယ္လူ ရာဘီေယာ့က

ဦးေဆာင္ဂိုးသြင္းယူခဲ့ေပမယ့္ ခ႐ိုေအးရွားတိုက္စစစ္မွဴး
ကရာမာရစ္က ပင္နယ္တီကေန ေခ်ပဂိုးသြင္းယူခဲ့ပါတယ္။
ဒါေပမဲ့ ျပင္သစ္အသင္းအတြက္ ၁၀၄ပြဲကစား
၄၂ ဂိုးသြင္းယူထားတဲ့ ဂရစ္ဇ္မန္းဟာ
ပြဲၿပီးခါနီးမွာ အသင္းအတြက္ အႏိုင္ဂိုး

သြင္းယူႏိုင္ဖို႔ မဟာအခြင့္အေရးရခဲ့ပါတယ္။
ခ႐ိုေအးရွားအသင္း အႏိုင္ဂိုးရဖို႔ ဖိအားေပးေနတုန္း
တန္ျပန္တိုက္စစ္ ေပါက္ထြက္သြားၿပီး ခ႐ိုေအးရွားေနာက္ခံလူ
ေနာက္ျပန္ေပးတာ လြဲေခ်ာ္သြားရာကေန
တိုက္စစ္မွဴး ဂရစ္ဇ္မန္း ေျပးလိုက္သြားၿပီး

ေရွ႕ထြက္လာတဲ့ ဂိုးသမား ဖ်က္ထုတ္တာလည္း
ဂရစ္ဇ္မန္းနဲ႔ပဲထိကာ ဧရိယာထဲ ေရာက္သြားပါတယ္။
ဒီအခ်ိန္မွာ ဂရစ္ဇ္မန္းဟာ သူအားသန္တဲ့
ဘယ္ေျခနဲ႔ ဂိုးသမားမရွိေတာ့တဲ့ ဂိုးေပါက္ထဲ
အသာကန္သြင္းလိုက္ေပမယ့္ အံ့အားသင့္စရာ

ေကာင္းေလာက္ေအာင္ အေတာ္ေလးလြဲေခ်ာ္သြားပါတယ္။
သူ႕ရဲ႕ကန္သြင္းခ်က္ အားေပ်ာ့သြားတာ
လက္သင့္လို႔ရေပမယ့္ အနီးကပ္ကန္သြင္းခ်က္
ဂိုးေပါက္နဲ႔လြဲတာကေတာ့ အေတာ္ေလးေျပာစရာျဖစ္သြားပါတယ္။
”၂၀၁၆ ဂရစ္ဇ္မန္းဆိုရင္ ဒီလိုဘယ္လဲြလိမ့္မလဲ။

အခုက်ေတာ့ ဂရစ္ဇ္မန္း ဗားရွင္းအသစ္ျဖစ္ေနၿပီေလ”
”ဂရစ္ဇ္မန္းရဲ႕လြဲေခ်ာ္မႈက ယုံႏိုင္စရာေတာင္မရွိဘူး”
”ဂရစ္ဇ္မန္းရဲဲ႕ လြဲေခ်ာ္မႈကို ၾကည့္ရင္
၂၀၂၂ ကမၻာ့ဖလားၿပိဳင္ပြဲ၀င္ ျပင္သစ္အသင္းမွာ
ပါ၀င္ခြင့္မရသင့္ဘူးဆိုတာ သိသာပါတယ္”လို႔

ပရိသတ္ေတြက အသီးသီးေရးသားခဲ့ၾကပါတယ္။
ဂရစ္ဇ္မန္းဟာ အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့တဲ့
ယူ႐ို ၂၀၁၆ ၿပိဳင္ပြဲမွာ ဒုတိယရခဲ့တဲ့ ျပင္သစ္အသင္းရဲ႕
အဓိကၾကယ္ပြင့္ျဖစ္ခဲ့ၿပီး သူကိုယ္တိုင္လည္း
ၿပိဳင္ပြဲရဲ႕ဂိုးသြင္းအမ်ားဆုံးကစားသမားျဖစ္ခဲ့ပါတယ္။

ဘာစီလိုနာကို ယူ႐ိုသန္း ၁၂၀ နဲ႔ ေရာက္လာၿပီးေနာက္
ခက္ခဲတဲ့ကာလကို ျဖတ္သန္းခဲ့ရၿပီး
အရင္ေျခစြမ္းျပန္ရဖို႔ အက္သလက္ကို
အငွားနဲ႔ ျပန္ေရာက္လာခဲ့ပါတယ္။
ဒါေပမဲ့ ဆိုစီဒက္တိုက္စစ္မွဴးေဟာင္း

ဂရစ္ဇ္မန္းဟာ ယခုရာသီ လာလီဂါမွာ
၂၆ပြဲကစား ၃ဂိုးပဲ သြင္းယူႏိုင္ခဲ့ၿပီး
သူ႕အသင္းပရိသတ္ေတြရဲ႕ေလွာင္ေျပာင္မႈေတာင္ ခံခဲ့ရပါတယ္။