ဂိုးသမားမန်ဒီဟာ အလှူပေးနေတာ ဆိုးရွားလွန်းပါတယ်ဆိုပြီး လူမှုကွန်ရက် မှာ ဝေဖန်ခံနေရ

လိဒ်အသင်းကို ၃-၀ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတဲ့ပွဲစဉ်မှာ အမှားလုပ်ခဲ့မိတဲ့ ချဲလ်ဆီးဂိုးသမား အက်ဒဝပ်မန်ဒီကို လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေ ကြမ်းကြမ်းတမ်းတမ်းကို ဝေဖန်ခဲ့ကြပါတယ်။ ချဲလ်ဆီးဟာ နိုင်ပွဲလိုအပ်ချက် မြင့်မားနေတဲ့ အချိန်မှာ အခုလို

ရှုံးပွဲကြုံလိုက်ရတဲ့အတွက် နည်းပြတူချယ် အတွက်ပိုပြီး ဖိအားဝင်စေခဲ့သလို အသင်းအတွက်လည်း အထိနာစေခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အယ်လန်ရုဒ်ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာတော့ ချဲလ်ဆီးဟာ အိမ်ရှင်အသင်းကို ပွဲစဉ်အစပိုင်းမှာ

ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ပွဲချိန် ၃၃ မိနစ်အရောက်မှာတော့ ပွဲစဉ်တစ်ခုလုံးကို အပြောင်းအလဲဖြစ်သွားစေခဲ့တဲ့ ပထမဆုံးသွင်းဂိုးကို ခွင့်ပြုပေးလိုက်ရပါ တယ်။ ဆီနီဂေါဂိုးသမားဖြစ်တဲ့ မန်ဒီဟာ သူ့ဆီ ပြန်ပေးတဲ့ ဘောလုံးကို အသာအယာဖမ်းထိန်းပြီး ပြိုင်ဘက်ကစားသမား

ဘရန်ဒန်အာရွန်ဆွန်ကို လှည့်ထွက်ဖို့ ကြိုးစားခဲ့ပေမယ့် မသပ်မရပ်ဖြစ်သွားခဲ့တာကြောင့် ငြိသွားခဲ့ပြီး လိဒ်တိုက်စစ်မှူးကပဲ ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ထဲကို သွင်းယူခဲ့တာပါ။ ဒါကြောင့် လိဒ်ဟာ ပွဲကို ဦးဆောင်ခွင့်ရသွားခဲ့ပြီး ချဲလ်ဆီးကို စိတ်ဓာတ်ရေး ရာအသာစီးရယူနိုင်ခဲ့တာပဲ

ဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးပရိသတ်တွေ ဟာ ချက်ချင်းဆိုသလိုပဲ လူမှုကွန်ရက်ပေါ်တက်ပြီး သူတို့ရဲ့ ဒေါသကို ပေါက် ကွဲပြခဲ့ကြပါတယ်။ ‘’ဒီဂိုးက မန်ဒီဆီကနေပြီး လာခဲ့တာပါ။ ကျွန်တော် မအံ့ သြပါဘူး။ ယနေ့ခေတ်လို အချိန်အခါမျိုးမှာ ဘောလုံးနဲ့အတူ ပေါ့ပေါ့ပါးပါး လေး

လုပ်နေလို့ မရတော့ပါဘူး’’ ဆိုပြီး ပရိသတ်တစ်ဦးက တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ဒုတိယတစ်ယောက်ကတော့ မန်ဒီရဲ့ အလှူပေးနေတာတွေ က တော်တော်ကို ဆိုးရွားလွန်းပါတယ်’’ လို့ တွစ်တာမှာ ပို့စ်တင်ခဲ့ပါတယ်။ နောက်ထပ်ပရိသတ် တစ်ယောက်ကလည်း

‘’သူတွေးနေတာကို မန်ဒီကိုယ်တိုင်သာပဲ သိမှာပါ။ သူသာ အရေးပါတဲ့ ဖိအားတစ်ရပ်အောက်မှာ ရှိနေခဲ့မယ်ဆိုရင် ဒီလိုမျိုး ဖြစ်ခဲ့မှာ မဟုတ်ပါဘူး’’ လို့ သူများတင်ထားတဲ့ ပို့စ်တစ် ခုမှာ မှတ်ချက်ရေးသားခဲ့ပါတယ်။

ဒီပွဲမှာ ခြင်္သေ့ပြာတွေဟာ သွင်းဂိုးတစ်ဂိုးမှ မရခဲ့ဘဲ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီး နောက်ခံလူ ကူလီဘာလီလည်း နှစ်ဝါ တစ်နီနဲ့ အထုတ်ခံခဲ့ရလို့ ပရိသတ်တွေ ပေါက်ကွဲနေကြတာဖြစ်ပါတယ်။

(zawgyi)

လိဒ္အသင္းကို ၃-၀ ဂိုးနဲ႔ အရွက္တကြဲ ရႈံးနိမ့္ခဲ့ရတဲ့ပြဲစဥ္မွာ အမွားလုပ္ခဲ့မိတဲ့ ခ်ဲလ္ဆီးဂိုးသမား အက္ဒဝပ္မန္ဒီကို လူမႈကြန္ရက္ေပၚမွာ ပရိသတ္ေတြ ၾကမ္းၾကမ္းတမ္းတမ္းကို ေဝဖန္ခဲ့ၾကပါတယ္။ ခ်ဲလ္ဆီးဟာ ႏိုင္ပြဲလိုအပ္ခ်က္ ျမင့္မားေနတဲ့ အခ်ိန္မွာ အခုလို ရႈံးပြဲႀကဳံလိုက္ရတဲ့

အတြက္ နည္းျပတူခ်ယ္ အတြက္ပိုၿပီး ဖိအားဝင္ေစခဲ့သလို အသင္းအတြက္လည္း အထိနာေစခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ အယ္လန္႐ုဒ္ကြင္းႀကီးမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အဆိုပါပြဲစဥ္မွာေတာ့ ခ်ဲလ္ဆီးဟာ အိမ္ရွင္အသင္းကို ပြဲစဥ္အစပိုင္းမွာ ဖိအားေပးကစားႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္ ၃၃

မိနစ္အေရာက္မွာေတာ့ ပြဲစဥ္တစ္ခုလုံးကို အေျပာင္းအလဲျဖစ္သြားေစခဲ့တဲ့ ပထမဆုံးသြင္းဂိုးကို ခြင့္ျပဳေပးလိုက္ရပါ တယ္။ ဆီနီေဂါဂိုးသမားျဖစ္တဲ့ မန္ဒီဟာ သူ႔ဆီ ျပန္ေပးတဲ့ ေဘာလုံးကို အသာအယာဖမ္းထိန္းၿပီး ၿပိဳင္ဘက္ကစားသမား ဘရန္ဒန္အာ႐ြန္ဆြန္ကို လွည့္ထြက္ဖို႔

ႀကိဳးစားခဲ့ေပမယ့္ မသပ္မရပ္ျဖစ္သြားခဲ့တာေၾကာင့္ ၿငိသြားခဲ့ၿပီး လိဒ္တိုက္စစ္မႉးကပဲ ဂိုးသမားမရွိေတာ့တဲ့ ဂိုးေပါက္ထဲကို သြင္းယူခဲ့တာပါ။ ဒါေၾကာင့္ လိဒ္ဟာ ပြဲကို ဦးေဆာင္ခြင့္ရသြားခဲ့ၿပီး ခ်ဲလ္ဆီးကို စိတ္ဓာတ္ေရး ရာအသာစီးရယူႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ ခ်ဲလ္ဆီးပရိသတ္ေတြ ဟာ ခ်က္ခ်င္းဆိုသလိုပဲ လူမႈကြန္ရက္ေပၚတက္ၿပီး သူတို႔ရဲ႕ ေဒါသကို ေပါက္ ကြဲျပခဲ့ၾကပါတယ္။ ‘’ဒီဂိုးက မန္ဒီဆီကေနၿပီး လာခဲ့တာပါ။ ကြၽန္ေတာ္ မအံ့ ၾသပါဘူး။ ယေန႔ေခတ္လို အခ်ိန္အခါမ်ိဳးမွာ ေဘာလုံးနဲ႔အတူ ေပါ့ေပါ့ပါး

ပါး ေလး လုပ္ေနလို႔ မရေတာ့ပါဘူး’’ ဆိုၿပီး ပရိသတ္တစ္ဦးက တြစ္တာမွာ ေရးသားခဲ့ပါတယ္။ ဒုတိယတစ္ေယာက္ကေတာ့ မန္ဒီရဲ႕ အလႉေပးေနတာေတြ က ေတာ္ေတာ္ကို ဆိုး႐ြားလြန္းပါတယ္’’ လို႔ တြစ္တာမွာ ပို႔စ္တင္ခဲ့ပါတယ္။ ေနာက္ထပ္ပရိသတ္ တစ္ေယာက္ကလည္း ‘’သူေတြးေနတာကို မန္ဒီကိုယ္တိုင္သာပဲ သိမွာပါ။ သူသာ အေရးပါတဲ့ ဖိအားတစ္ရပ္ေအာက္မွာ ရွိေနခဲ့မယ္ဆိုရင္ ဒီလိုမ်ိဳး ျဖစ္ခဲ့မွာ မဟုတ္ပါ

ဘူး’’ လို႔ သူမ်ားတင္ထားတဲ့ ပို႔စ္တစ္ ခုမွာ မွတ္ခ်က္ေရးသားခဲ့ပါတယ္။ ဒီပြဲမွာ ျခေသၤ့ျပာေတြဟာ သြင္းဂိုးတစ္ဂိုးမွ မရခဲ့ဘဲ အရွက္တကြဲ ရႈံးနိမ့္ခဲ့ရတာျဖစ္ၿပီး ေနာက္ခံလူ ကူလီဘာလီလည္း ႏွစ္ဝါ တစ္နီနဲ႔ အထုတ္ခံခဲ့ရလို႔ ပရိသတ္ေတြ ေပါက္ကြဲေနၾကတာျဖစ္ပါတယ္။