
ပေါင်ခြံဒဏ်ရာကြောင့် ကာဗာနီမပါဝင်နိုင်ခဲ့ပေမယ့်
ယူနိုက်တက်တိုက်စစ်မှာ ရော်နယ်ဒို ၊ဆန်ချို၊ ရပ်ရှ်ဖို့ဒ်တို့ဦးဆောင်လာခဲ့ သလို
နောက်တန်းနဲ့ကွင်းလယ်က ပုံမှန်အတိုင်း အပြောင်းအလဲမရှိ ပွဲထွက်လာခဲ့ပါတယ်။
ဆောက်သမ်တန်အသင်းရဲ့လူစာရင်းဟာလည်း
စပါးကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့ လူစာရင်းအတိုင်း
အပြောင်းအလဲမရှိခဲ့ပါဘူး။
ပွဲအစ (၁၀)မိနစ်ဝန်းကျင် မှာ ရော်နယ်ဒို၊ ဆန်ချိုတို့ရဲ့
ဖိအားပေးတိုက်စစ်ဆင်မှုဟာ ဂိုးရဖို့နီးစပ်ခဲ့ပေမယ့်
ဆောက်သမ်တန်နောက်တန်းက ကာကွယ်နိုင်ခဲ့တာကြောင့်ဂိုးမရရှိခဲ့ပါဘူး။
ပွဲချိန် (၂၁) မိနစ်မှာတော့ ဆောက်သမ်တန်အသင်းရဲ့
ခံစစ်ကနေလွတ်ထွက်သွားတဲ့ ရပ်ရှ်ဖို့ဒ်က ညာခြမ်းကနေ
ဂိုးဧရိယာထဲဆွဲပြေးသွားခဲ့ပြီး တိုက်စစ်မှာ အသင်းလိုက်ပါလာပြီ
းဂိုးရှေ့ရောက်နေတဲ့ ဆန်ချိုဆီကို ဘောလုံးထိုးပေးခဲ့ရာ
ဆန်ချိုက အနီူကပ်အပိုင်သွင်းယူခဲ့တာကြောင့်
ယူနိုက်တက်တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။
ဂိုးပေးလိုက်ရတဲ့ ဆောက်သမ်တန်က ပထမပိုင်းပြီးခါနီးမှာ
ချေပဂိုးရနိုင်မယ်အခွင့်အရေးတွေရခဲ့ပေမယ့်
ဒီဂီယာက နှစ်ကြိမ် လက်စွမ်းပြခဲ့တာကြောင့် ဂိုးမရရှိခဲ့ပါဘူး။
ပထမပိုင်းပြီးခါနီးမှာ နောက်တန်းကနေ ကန်တင်ပေးလိုက်တဲ့
ဘောလုံးကို ရော်နယ်ဒိုကရယူခဲ့ကာ ဘယ်တောင်ပံကနေဆွဲပြေးသွားခဲ့ပြီး
ဂိုးရှေ့ရောက်နေတဲ့ ပေါ့ဂ်ဘာဆီကို ချပေးခဲ့ကာ
ပေါ့ဂ်ဘာက အပိုင်သွင်းယူနိုင်ခဲ့ပေမယ့်
ရော်နယ်ဒိုဘောလုံးစယူခဲ့ချိန်မှာကတည်းက
လူကျွံနေခဲ့တာကြောင့် ဂိုးမရခဲ့ပါဘူး။
ပထမပိုင်းမှာ (၁-ဝ)နဲ့ဦးဆောင်နိုင်ခဲ့တဲ့ယူနိုက်တက်ဟာ
ဒုတိယပိုင်းပြန်စလို (၃)မိနစ်အတွင်းမှာပဲ ချေပဂိုးပြန်ပေးလိုက်ရပါတယ်။
အယ်လ်ယွန်နက်ဆီ က ဘယ်တောင်ပံကနေ ချပေးလိုက်တဲ့ဘောလုံးကို
ချီအဒမ်စ်က ဒီဂီယာရဲ့ ဘယ်ဘက် ဂိုးတိုင်ရဲ့ညာဘက် အောက်ခြေထောင့်ကို
ကန်လန့်ဖြတ်ကန်သွင်းသွားခဲ့ကာ ချေပဂိုးရရှိသွားခဲ့ပါတယ်။
နောက်ပိုင်းမှာ နှစ်သင်းလုံး အပိုင်အခွင့်အရေးတွေရခဲ့ပေမယ့်
ဂိုးသမားတွေလကိစွမ်းပြခဲ့ကြတဲ့ပွဲလိုဆိုရမလိုဖြစ်ခဲ့ပြီး ဂိုးထပ်မရတော့ပါဘူး။
နည်းပြ ရန်းနစ်က (၇၆)မိနစ်မှာအီလန်ဂါ၊ (၈၂)မိနစ်မှာ
လင်ဂတ် တို့ကို ထည့်သွင်းကစားခဲ့ပြီးတိုက်စစ်မြှင့်ဖို့ကြိုးစားခဲ့ပေမယ့်
လိုအပ်နေတဲ့ အနိုင်ဂိုးကိုတော့ မရရှိခဲ့ပဲ ပရီးမီးယားလိဂ်နောက်ဆုံး(၂)ပွဲကို
ပုံစံတူအနေအထားနဲ့ (၄)မှတ်ဆုံးရှုံးခဲ့ကာ
ပြိုင်ပွဲစုံနောက်ဆုံးသုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရပါတယ်။
zawgyi
ဂိုးသမားေတြလက္စြမ္းျပခဲ့ၾကတဲ့ပြဲလိုဆိုရမလိုျဖစ္ခဲ့တဲ့ မန္ယူနဲ႔ေဆာက္သမ္တန္
ေပါင္ၿခံဒဏ္ရာေၾကာင့္ ကာဗာနီမပါဝင္ႏိုင္ခဲ့ေပမယ့္
ယူႏိုက္တက္တိုက္စစ္မွာ ေရာ္နယ္ဒို ၊ဆန္ခ်ိဳ၊ ရပ္ရွ္ဖို႔ဒ္တို႔ဦးေဆာင္လာခဲ့ သလို
ေနာက္တန္းနဲ႔ကြင္းလယ္က ပုံမွန္အတိုင္း အေျပာင္းအလဲမရွိ ပြဲထြက္လာခဲ့ပါတယ္။
ေဆာက္သမ္တန္အသင္းရဲ႕လူစာရင္းဟာလည္း
စပါးကို အေဝးကြင္းမွာ အႏိုင္ရရွိခဲ့တဲ့ လူစာရင္းအတိုင္း
အေျပာင္းအလဲမရွိခဲ့ပါဘူး။
ပြဲအစ (၁၀)မိနစ္ဝန္းက်င္ မွာ ေရာ္နယ္ဒို၊ ဆန္ခ်ိဳတို႔ရဲ႕
ဖိအားေပးတိုက္စစ္ဆင္မႈဟာ ဂိုးရဖို႔နီးစပ္ခဲ့ေပမယ့္
ေဆာက္သမ္တန္ေနာက္တန္းက ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ဂိုးမရရွိခဲ့ပါဘူး။
ပြဲခ်ိန္ (၂၁) မိနစ္မွာေတာ့ ေဆာက္သမ္တန္အသင္းရဲ႕
ခံစစ္ကေနလြတ္ထြက္သြားတဲ့ ရပ္ရွ္ဖို႔ဒ္က ညာျခမ္းကေန
ဂိုးဧရိယာထဲဆြဲေျပးသြားခဲ့ၿပီး တိုက္စစ္မွာ အသင္းလိုက္ပါလာၿပီ
းဂိုးေရွ႕ေရာက္ေနတဲ့ ဆန္ခ်ိဳဆီကို ေဘာလုံးထိုးေပးခဲ့ရာ
ဆန္ခ်ိဳက အႏီူကပ္အပိုင္သြင္းယူခဲ့တာေၾကာင့္
ယူႏိုက္တက္တို႔ ဦးေဆာင္ဂိုး ရရွိသြားခဲ့ပါတယ္။
ဂိုးေပးလိုက္ရတဲ့ ေဆာက္သမ္တန္က ပထမပိုင္းၿပီးခါနီးမွာ
ေခ်ပဂိုးရႏိုင္မယ္အခြင့္အေရးေတြရခဲ့ေပမယ့္
ဒီဂီယာက ႏွစ္ႀကိမ္ လက္စြမ္းျပခဲ့တာေၾကာင့္ ဂိုးမရရွိခဲ့ပါဘူး။
ပထမပိုင္းၿပီးခါနီးမွာ ေနာက္တန္းကေန ကန္တင္ေပးလိုက္တဲ့
ေဘာလုံးကို ေရာ္နယ္ဒိုကရယူခဲ့ကာ ဘယ္ေတာင္ပံကေနဆြဲေျပးသြားခဲ့ၿပီး
ဂိုးေရွ႕ေရာက္ေနတဲ့ ေပါ့ဂ္ဘာဆီကို ခ်ေပးခဲ့ကာ
ေပါ့ဂ္ဘာက အပိုင္သြင္းယူႏိုင္ခဲ့ေပမယ့္
ေရာ္နယ္ဒိုေဘာလုံးစယူခဲ့ခ်ိန္မွာကတည္းက
လူကြၽံေနခဲ့တာေၾကာင့္ ဂိုးမရခဲ့ပါဘူး။
ပထမပိုင္းမွာ (၁-ဝ)နဲ႔ဦးေဆာင္ႏိုင္ခဲ့တဲ့ယူႏိုက္တက္ဟာ
ဒုတိယပိုင္းျပန္စလို (၃)မိနစ္အတြင္းမွာပဲ ေခ်ပဂိုးျပန္ေပးလိုက္ရပါတယ္။
အယ္လ္ယြန္နက္ဆီ က ဘယ္ေတာင္ပံကေန ခ်ေပးလိုက္တဲ့ေဘာလုံးကို
ခ်ီအဒမ္စ္က ဒီဂီယာရဲ႕ ဘယ္ဘက္ ဂိုးတိုင္ရဲ႕ညာဘက္ ေအာက္ေျခေထာင့္ကို
ကန္လန႔္ျဖတ္ကန္သြင္းသြားခဲ့ကာ ေခ်ပဂိုးရရွိသြားခဲ့ပါတယ္။
ေနာက္ပိုင္းမွာ ႏွစ္သင္းလုံး အပိုင္အခြင့္အေရးေတြရခဲ့ေပမယ့္
ဂိုးသမားေတြလကိစြမ္းျပခဲ့ၾကတဲ့ပြဲလိုဆိုရမလိုျဖစ္ခဲ့ၿပီး ဂိုးထပ္မရေတာ့ပါဘူး။
နည္းျပ ရန္းနစ္က (၇၆)မိနစ္မွာအီလန္ဂါ၊ (၈၂)မိနစ္မွာ
လင္ဂတ္ တို႔ကို ထည့္သြင္းကစားခဲ့ၿပီးတိုက္စစ္ျမႇင့္ဖို႔ႀကိဳးစားခဲ့ေပမယ့္
လိုအပ္ေနတဲ့ အႏိုင္ဂိုးကိုေတာ့ မရရွိခဲ့ပဲ ပရီးမီးယားလိဂ္ေနာက္ဆုံး(၂)ပြဲကို
ပုံစံတူအေနအထားနဲ႔ (၄)မွတ္ဆုံးရႈံးခဲ့ကာ
ၿပိဳင္ပြဲစုံေနာက္ဆုံးသုံးပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ခဲ့ရပါတယ္။