ဂိုးမရှိသရေကျခဲ့တဲ့ပွဲမတိုင်ခင် ယူကရိန်းကို ထောက်ခံတဲ့ ငြိမ်းချမ်းရေးဆိုင်းဘုတ် ပြသခဲ့တဲ့ ယူနိုက်တက်နဲ့ ဝက်ဖို့ဒ်

ယူနိုက်တက်နဲ့ ဝက်ဖို့ဒ်အသင်းတို့ဟာ ဂိုးမရှိသရေကျခဲ့ဲတဲ့

ပွဲမတိုင်ခင် ရုရှားနိုင်ငံရဲ့ ကျူးကျော်စစ်ဒဏ် ခံစားနေရတဲ့
ယူကရိန်းနိုင်ငံကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့
ကွင်းထဲမှာ နှစ်ဘက်အသင်းသားတွေ ငြိမ်းချမ်းရေးဆိုင်းဘုတ်
ကိုင်ကာ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။
ငြိမ်းချမ်းရေးဆိုတဲ့စာသားကို ဘာသာစကား

၆ မျိုးနဲ့ ရေးသားထားတာဖြစ်ပြီး ယူနိုက်တက်ယာယီနည်းပြ
ရန်းနစ်ရဲ့ အိုင်ဒီယာဖြစ်ကြောင်း သိရပါတယ်။


အဲဒီမှာ ရန်းနစ်က အလယ်မှာ အဲဒီဆိုင်းဘုတ်ကိုင်ကာ

နှစ်ဘက်အသင်းသားတွေက ဝန်းရံခဲ့တာဖြစ်ပြီး
ဝက်ဖို့ဒ်အသင်းကလည်း အဲဒီလှုပ်ရှားမှုမှာ
တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။
ရုရှားစစ်တပ်ဟာ မြို့တော် ကိယက်ဗ်အပါအဝင်
ယူကရိန်းမြို့တွေကို ပစ်မှတ်ထား တိုက်ခိုက်နေပြီး

လေယာဉ်ပစ်ဒုံးကျည်တွေ၊ မြေပြင်ပစ်ဒုံးကျည်တွေနဲ့
တိုက်ခိုက်နေတာဖြစ်ပြီး ကြည်းကြောင်း၊ ရေကြောင်း
လေကြောင်းတွေနဲ့အတူ တစ်ပြိုင်တည်းပူးပေါင်းတိုက်ခိုက်နေတာပါ။
ယူကရိန်းကျန်းမာရေးဝန်ကြီးရဲ့ အတည်ပြုချက်အရ
ရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့် လူပေါင်း

၂၀၀ နီးပါး သေဆုံးခဲ့ရပြီးဖြစ်သလို
ထိခိုက်ဒဏ်ရာရသူကလည်း ၁၀၀၀ ကျော်နေပြီလို့ သိရပါတယ်။


ရန်းနစ်ဟာ နိုဝင်ဘာလအတွင်း ယူနိုက်တက်ကို

မရောက်ခင် လိုကိုမိုတစ်မော်စကိုအသင်းမှာ
ဒါရိုက်တာအဖြစ် ၆လကြာ
တာဝန်ယူခဲ့တာဖြစ်ပြီး ယူကရိန်းနိုင်ငံရဲ့ဖြစ်ရပ်က
တကယ့်ကို ဝမ်းနည်းစရာကောင်းကြောင်း
အစောပိုင်းက ပြောခဲ့ပါတယ်။

ယူနိုက်တက်ကလည်း ယူကရိန်းနိုင်ငံကို
စစ်ရေးအရဝင်ရောက်ကျူးကျော်ခဲ့တဲ့
ရုရှားသမ္မတ ပူတင်ရဲ့ဆုံးဖြတ်ချက်ကို
တုံ့ပြန်တဲ့အနေနဲ့ ရုရှားလေကြောင်းလိုင်း
Aeroflot နဲ့ ပေါင်သန်း ၄၀တန်

စပွန်ဆာစာချုပ်ကို အဆုံးသတ်ခဲ့ပြီးဖြစ်ပါတယ်။