ဂိုးမပေးရတဲ့ Clean Sheet ပွဲအရေအတွက် (၁၂)ပွဲအထိရှိလာခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်း

အန်ဒိုရာမြေမှာ ကစားခဲ့ရတဲ့ အင်္ဂလန်အသင်းအနေနဲ့ လူစာရင်းကို

သက်ဆိုင်ရာ လိဂ်အသီးသီးမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေနဲ့

ပွဲထွက်လာခဲ့ပြီး ဒဏ်ရာကြောင့် မပါဘူးလို့ သတင်းထွက်နေတဲ့ ဆာကာ

ပြန်ပါလာသလို ဂိုးသမား ဂျွန်စတုန်းစ်၊ စတုန်းစ်၊ ချေးဝဲလ်၊ ဝါ့ဒ်ပရောက်စ်၊

လင်ဂတ်၊ ဖိုဒန်၊ ဆန်ချိုနဲ့ အေဘရာဟမ်တို့ကို အသုံးပြုပြီး ဟာရီကိန်း၊

စတာလင်၊ ရိုက်စ်၊ ဂရီးလစ်ရှ်၊ မောင့်၊ ဝေါ်လ်ကာတို့လို ကစားသမားတွေကို

အရန်ခုံမှာပဲ ထားခဲ့ပါတယ်။ ပွဲစဉ်ကို ယူကရိန်းအမျိုးသမီးတွေဖြစ်ကြတဲ့

ဒိုင်လူကြီး ကက်ထရီနာ မွန်ဇူးလ်၊ စည်းကြပ်ဒိုင် မာရီနာ စထရီလက်စ်ကာနဲ့

ဆဗစ်လာနာ ဂရုရှ်ကိုတို့က ကိုင်တွယ်သွားခဲ့ကြတာကတော့ ထူးခြားချက်

တစ်ရပ်ဖြစ်ခဲ့ပြီး နိုင်ငံတကာ အမျိုးသားပွဲတွေမှာ ပထမဆုံး

All Women Referee Team လည်း ဖြစ်ခဲ့ပြီး ဖက်ပတ်ကတော့

VAR ဒိုင်အဖြစ် ပါဝင်ခဲ့တာပါ။

အင်္ဂလန်လက်ရွေးစင်အသင်းဟာ အန်ဒိုရာအသင်းအား

(၅-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ (ဥရောပဇုန်) ပွဲစဉ်တွင်

ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း

၎င်းတို့အသင်းရဲ့ ဂိုးမပေးရတဲ့ Clean Sheet ပွဲအရေအတွက်မှာ (၁၂)ပွဲအထိ

ရှိလာခဲ့ကြောင်းသိရပါတယ်။ ဒါကြောင့် အင်္ဂလန်အသင်းအနေနဲ့ ၁၉၆၆ ခုနှစ်၌

ပြက္ခဒိန်တစ်နှစ်အတွင်း Clean Sheet ပွဲ (၁၁)ပွဲရခဲ့တဲ့မှတ်တမ်းကိုကျော်ဖြတ်ကာ

၎င်းတို့လက်ရွေးစင်အသင်း၏ သမိုင်းတစ်လျှောက် နှစ်တစ်နှစ်အတွင်း

Clean Sheet ပွဲအများဆုံးရတဲ့ စံချိန်သစ်ကိုတင်ရှိနိုင်ခဲ့ကြောင်းသိရပါတယ်။

အင်္ဂလန်အသင်းဟာ အုပ်စု(I)မှာ ၇ ပွဲကစား ၆ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၁၉ မှတ်နဲ့

ဦးဆောင်နိုင်ခဲ့ပြီး နောက်ထပ် ၃ ပွဲပဲ ကစားဖို့ ကျန်ရှိတော့ချိန်မှာ လွယ်ကူတဲ့

ပြိုင်ဘက်တွေနဲ့ ပွဲစဉ်ရေးဆွဲမှုတွေသာ ကျန်ရှိတော့တာကြောင့် အုပ်စုဗိုလ်အဖြစ်

ခြေစစ်ပွဲအောင်ဖို့ နီးစပ်လာခဲ့ပါပြီ။

zawgyi

ဂိုးမေပးရတဲ့ Clean Sheet ပြဲအေရအတြက္ (၁၂)ပြဲအထိရွိလာခဲ့တဲ့ အဂၤလန္လက္ေ႐ြးစင္အသင္း

အန္ဒိုရာေျမမွာ ကစားခဲ့ရတဲ့ အဂၤလန္အသင္းအေနနဲ႔ လူစာရင္းကို

သက္ဆိုင္ရာ လိဂ္အသီးသီးမွာ ေျခစြမ္းျပေနတဲ့ ကစားသမားေတြနဲ႔

ပြဲထြက္လာခဲ့ၿပီး ဒဏ္ရာေၾကာင့္ မပါဘူးလို႔ သတင္းထြက္ေနတဲ့ ဆာကာ

ျပန္ပါလာသလို ဂိုးသမား ဂြၽန္စတုန္းစ္၊ စတုန္းစ္၊ ေခ်းဝဲလ္၊ ဝါ့ဒ္ပေရာက္စ္၊

လင္ဂတ္၊ ဖိုဒန္၊ ဆန္ခ်ိဳနဲ႔ ေအဘရာဟမ္တို႔ကို အသုံးျပဳၿပီး ဟာရီကိန္း၊

စတာလင္၊ ႐ိုက္စ္၊ ဂရီးလစ္ရွ္၊ ေမာင့္၊ ေဝၚလ္ကာတို႔လို ကစားသမားေတြကို

အရန္ခုံမွာပဲ ထားခဲ့ပါတယ္။ ပြဲစဥ္ကို ယူကရိန္းအမ်ိဳးသမီးေတြျဖစ္ၾကတဲ့

ဒိုင္လူႀကီး ကက္ထရီနာ မြန္ဇူးလ္၊ စည္းၾကပ္ဒိုင္ မာရီနာ စထရီလက္စ္ကာနဲ႔

ဆဗစ္လာနာ ဂ႐ုရွ္ကိုတို႔က ကိုင္တြယ္သြားခဲ့ၾကတာကေတာ့ ထူးျခားခ်က္

တစ္ရပ္ျဖစ္ခဲ့ၿပီး ႏိုင္ငံတကာ အမ်ိဳးသားပြဲေတြမွာ ပထမဆုံး

All Women Referee Team လည္း ျဖစ္ခဲ့ၿပီး ဖက္ပတ္ကေတာ့

VAR ဒိုင္အျဖစ္ ပါဝင္ခဲ့တာပါ။

အဂၤလန္လက္ေ႐ြးစင္အသင္းဟာ အန္ဒိုရာအသင္းအား

(၅-ဝ)ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ (ဥေရာပဇုန္) ပြဲစဥ္တြင္

ဂိုးမေပးရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၿပီးေနာက္ ၂၀၂၁ ခုႏွစ္အတြင္း

၎တို႔အသင္းရဲ႕ ဂိုးမေပးရတဲ့ Clean Sheet ပြဲအေရအတြက္မွာ (၁၂)ပြဲအထိ

ရွိလာခဲ့ေၾကာင္းသိရပါတယ္။ ဒါေၾကာင့္ အဂၤလန္အသင္းအေနနဲ႔ ၁၉၆၆ ခုႏွစ္၌

ျပကၡဒိန္တစ္ႏွစ္အတြင္း Clean Sheet ပြဲ (၁၁)ပြဲရခဲ့တဲ့မွတ္တမ္းကိုေက်ာ္ျဖတ္ကာ

၎တို႔လက္ေ႐ြးစင္အသင္း၏ သမိုင္းတစ္ေလွ်ာက္ ႏွစ္တစ္ႏွစ္အတြင္း

Clean Sheet ပြဲအမ်ားဆုံးရတဲ့ စံခ်ိန္သစ္ကိုတင္ရွိႏိုင္ခဲ့ေၾကာင္းသိရပါတယ္။

အဂၤလန္အသင္းဟာ အုပ္စု(I)မွာ ၇ ပြဲကစား ၆ ပြဲႏိုင္၊ ၁ ပြဲသေရ၊ ရမွတ္ ၁၉ မွတ္နဲ႔

ဦးေဆာင္ႏိုင္ခဲ့ၿပီး ေနာက္ထပ္ ၃ ပြဲပဲ ကစားဖို႔ က်န္ရွိေတာ့ခ်ိန္မွာ လြယ္ကူတဲ့

ၿပိဳင္ဘက္ေတြနဲ႔ ပြဲစဥ္ေရးဆြဲမႈေတြသာ က်န္ရွိေတာ့တာေၾကာင့္ အုပ္စုဗိုလ္အျဖစ္

ေျခစစ္ပြဲေအာင္ဖို႔ နီးစပ္လာခဲ့ပါၿပီ။