ဂိုးပြတ်အနိုင်ယူဖို့ လိုအပ်နေတဲ့ ရိန်းဂျားစ်နဲ့ပွဲမှာ ဟာလန်း ပြန်ပါလာဖွယ်ရှိ

ရိန်းဂျားစ်အသင်းဟာ ဒေါ့မွန်နဲ့ ကစားရမယ့် ယူရိုပါလိဂ်

ရှုံးထွက် Play-offs ဒု-အကျော့ပွဲအတွက် တစ်ပန်းသာနေတာမှန်ပေမယ့်
အခုထွက်ပေါ်လာတဲ့သတင်းတွေအရ ဒေါ့မွန်အသင်းမှာ
အဓိကတိုက်စစ်မှူး ဟာလန်း ဒု-အကျော့မှာ
ုပြန်လည်ပါဝင်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။


ဟာလန်းဟာ ပ-အကျော့ပွဲစဉ်အဖြစ် ရိန်းဂျားစ်ကို
၂-၄ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ မပါနိုင်ခဲ့ဘဲ
ပွဲကြည့်စင်ကနေသာ အသင်းရဲ့ဂိုးပြတ်အရှုံးကို
ထိုင်ကြည့်နေခဲ့ရပေမယ့် ဂျာမန်မီဒီယာ

Revier Sport ရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ
ရိန်းဂျားစ်နဲ့ကစားရမယ့် အဝေးကွင်းပွဲမှာ
ဟာလန်း ပြန်ပါလာနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
ဒေါ့မွန်အသင်းဟာ တနင်္ဂနွေနေ့က ဂလာဘတ်ကို
၆-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် အသင်းသားတွေကို

တစ်ရက် ခွင့်ပေးလိုက်ပေမယ့် တနင်္လာနေ့က
ပြုလုပ်တဲ့ ထရိန်နင်မှာ ဟာလန်းက
အရန်အသင်းသားတွေနဲ့အတူ ထရိန်နင်
ဆင်းခဲ့ပြီး ယခုအခါ ဂလပ်စဂိုသွားမယ့်
အသင်းနဲ့အတူ သူလည်း ခရီးထွက်ခွာဖွယ်ရှိနေပါတယ်။


ဟာလန်းဟာ လွန်ခဲ့တဲ့တစ်လတိတိက
ဟော့ဖန်ဟိမ်းကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ
ကြွက်သားဒဏ်ရာရရှိခဲ့ပြီးနောက်

အနားယူနေရတာဖြစ်ပြီး သူ့အနေနဲ့
ယခုရာသီမှာ ဒေါ့မွန်နဲ့ နော်ဝေအသင်းတို့အတွက်
ပြိုင်ပွဲစုံ ၂၃ပွဲကစား ၂၈ဂိုးအထိ သွင်းယူထားပါတယ်။