ဂိုးပြတ်အနိုင်နဲ့ နောက်တစ်ဆင့် တက်နိုင်ခဲ့လို့ ဂွါဒီယိုလာ အရမ်း ကျေနပ်တယ်

ဗုဒ္ဓဟူးညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ခါရာဘောင် ဖလားပွဲစဉ်မှာ ချဲလ်ဆီးကို ၂-၀ ဂိုးနဲ့ အနိုင်ယူပြီး စတုတ္ထအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့အတွက် မန်စီးတီး နည်းပြ ဂွါဒီယိုလာတစ်ယောက်

ကျေနပ်နေပါတယ်။ အီတီဟတ် ကွင်းမှာ ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာတော့ မန်စီးတီးဟာ အိမ်ရှင်ပီပီ ချဲလ်ဆီးကို ဖိအားပေး ကစားနိုင်ခဲ့ပြီး မာရက်ဇ်၊

အယ်လ်ဗာရက်ဇ်တို့ရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေ နဲ့ အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။ မန်စီးတီးဟာ ဒီပွဲမှာ ဂိုးပေါက်တည့် ကန်ချက် ၉ ကြိမ်ရှိခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုကလည်း

၅၅ ရာခိုင်နှုန်း ရှိခဲ့တာကြောင့် ချဲလ်ဆီးကို ဘက်ပေါင်းစုံကနေပြီး အသာစီးရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပြိုင်ဘက်အသင်းရဲ့ အခြေအနေအလုံးစုံကို

သိရှိနားလည်ထားပြီး အသာစီးရယူခွင့်ရတာမျိုးဟာ ကျေနပ်တယ်ဆိုတာထက်ပို ပိုတယ်လို့ ဂွါဒီယိုလာက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

‘’ပြိုင်ဘက်မှာ ရှိနေတဲ့ အရည်အသွေးနဲ့ သူတို့ အကြောင်းကို သိရှိနားလည်နေတာပါ။ အဲဒါက ကျေနပ်တယ်ဆိုတာထက်ကို ပိုပါတယ်။

ကစားသမားတွေအားလုံးရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး အရမ်းကို ကျေနပ်တယ်ဗျာ။ သူတို့အရမ်းကောင်းခဲ့တာကြောင့် ကျွန်တော်တို့ အခက်ကြုံခဲ့ရပါတယ်။

သူတို့ ဘောလုံးရတဲ့အခါ သူတို့က မီတာ ၄၀ လောက် ကို နေရာယူပြီး ဖိကစားတာ။ အဲဒါကို ကျွန်တော်တို့ မခုခံနိုင်ခဲ့ဘူး။ သူတို့ တကယ်ကို ကောင်းခဲ့ကြတာပါဗျ။

ပြီးခဲ့တဲ့ပွဲစဉ်မှာ သူတို့ ဘယ်လိုရလဒ်မျိုး ရခဲ့တယ်ဆိုတာက အဓိက မကျပါဘူး။ သူတို့က တကယ့်ကို ကောင်းမွန်တဲ့ အသင်းတစ်သင်းပါ။ နောက်တစ်ဆင့်

တက်ရောက်နိုင်ခဲ့လို့ ကျွန်တော် ပျော် ပါတယ်’’ လို့ စပိန်သား နည်းပြက ပွဲအပြီးမှာ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

(Zawgyi)

ဂိုးျပတ္အႏိုင္နဲ႔ ေနာက္တစ္ဆင့္ တက္ႏိုင္ခဲ့လို႔ ဂြါဒီယိုလာ အရမ္း ေက်နပ္တယ္

ဗုဒၶဟူးညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခါရာေဘာင္ ဖလားပြဲစဥ္မွာ ခ်ဲလ္ဆီးကို ၂-၀ ဂိုးနဲ႔ အႏိုင္ယူၿပီး စတုတၳအဆင့္ကို တက္ေရာက္ႏိုင္ခဲ့တဲ့အတြက္ မန္စီးတီး နည္းျပ ဂြါဒီယိုလာတစ္ေယာက္

ေက်နပ္ေနပါတယ္။ အီတီဟတ္ ကြင္းမွာ ကစားခဲ့တဲ့ အဲဒီပြဲစဥ္မွာေတာ့ မန္စီးတီးဟာ အိမ္ရွင္ပီပီ ခ်ဲလ္ဆီးကို ဖိအား ေပး

ကစားႏိုင္ခဲ့ၿပီး မာရက္ဇ္၊ အယ္လ္ဗာရက္ဇ္တို႔ရဲ႕ ဒုတိယပိုင္း သြင္းဂိုးေတြ နဲ႔ အႏိုင္ရခဲ့တာပဲ ျဖစ္ပါတယ္။ မန္စီးတီးဟာ ဒီပြဲမွာ ဂိုးေပါက္တည့္ ကန္ခ်က္ ၉ ႀကိမ္ရွိခဲ့ၿပီး

ေဘာလုံးပိုင္ဆိုင္မႈကလည္း ၅၅ ရာခိုင္ႏႈန္း ရွိခဲ့တာေၾကာင့္ ခ်ဲလ္ဆီးကို ဘက္ေပါင္းစုံကေနၿပီး အသာစီးရခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္

ၿပိဳင္ဘက္အသင္းရဲ႕ အေျခအေနအလုံးစုံကို သိရွိနားလည္ထားၿပီး အသာစီး ရယူခြင့္ရတာမ်ိဳးဟာ ေက်နပ္တယ္ဆိုတာထက္ပို ပိုတယ္လို႔ ဂြါဒီယိုလာက ပြဲအၿပီးမွာ ေျပာဆိုခဲ့ပါတယ္။

‘’ၿပိဳင္ဘက္မွာ ရွိေနတဲ့ အရည္အေသြးနဲ႔ သူတို႔ အေၾကာင္းကို သိရွိနားလည္ေနတာပါ။ အဲဒါက ေက်နပ္တယ္ဆိုတာထက္ကို ပိုပါတယ္။ ကစားသမားေတြအားလုံးရဲ႕

စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ၿပီး အ ရမ္းကို ေက်နပ္တယ္ဗ်ာ။ သူတို႔အရမ္းေကာင္းခဲ့တာေၾကာင့္ ကြၽန္ေတာ္တို႔ အခက္ႀကဳံခဲ့ရပါတယ္။ သူတို႔ ေဘာလုံးရတဲ့အခါ

သူတို႔က မီတာ ၄၀ ေလာက္ ကို ေနရာယူၿပီး ဖိကစားတာ။ အဲဒါကို ကြၽန္ေတာ္တို႔ မခုခံႏိုင္ခဲ့ဘူး။ သူတို႔ တကယ္ကို ေကာင္းခဲ့ၾကတာပါဗ်။

ၿပီးခဲ့တဲ့ပြဲစဥ္မွာ သူတို႔ ဘယ္လိုရလဒ္မ်ိဳး ရခဲ့တယ္ဆိုတာက အဓိက မက်ပါဘူး။ သူတို႔က တကယ့္ကို ေကာင္းမြန္တဲ့ အသင္းတစ္သင္းပါ။

ေနာက္တစ္ဆင့္ တက္ေရာက္ႏိုင္ခဲ့လို႔ ကြၽန္ေတာ္ ေပ်ာ္ ပါတယ္’’ လို႔ စပိန္သား နည္းျပက ပြဲအၿပီးမွာ ေျပာဆိုသြားခဲ့တာ ျဖစ္ပါတယ္။