ဂိုးပြတ်သွင်းနေတဲ့ပွဲမှာ ကံကောင်းလို့ဗီလိန်မဖြစ်ခဲ့တဲ့ ဘမ်ဘာလီသူရဲကောင်း

မိန့်ဇ်ကို ၆-၂ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲက ဘိုင်ယန်မြူးနစ်အတွက်အလွန်ထူးခြားကောင်းမွန်ခဲ့ပြီး မတူညီတဲ့ကစားသမား ၆ယောက်အထိဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဘိုင်ယန်တိုက်စစ်မှာပါဝင်ခဲ့တဲ့ မာနေး၊ မူဆီယာလာ၊ ဂနာဘရီနဲ့ ချူပိုမိုတင်းတို့ ၄ယောက်စလုံးဂိုးသွင်းခဲ့ပေမဲ့

ဘမ်ဘာလီသူရဲကောင်းဖြစ်တဲ့ မာနေးဟာ ၄၃မိနစ်မှာ ရရှိတဲ့ ပင်နယ်တီကိုတစ်ခါတည်းနဲ့

အပြတ်ဂိုးဝင်အောင်မကန်နိုင်ခဲ့ဘဲ ဗီလိန်ဖြစ်ဖို့ နီးစပ်ခဲ့ပါသေးတယ်။

လွဲချော်မှုကို ချက်ချင်းဂိုးအဖြစ် ပြန်ပြောင်းလဲနိုင်ခဲ့သလို ဒီသွင်းဂိုးဟာ ဆီနီဂေါသားအတွက်

ဒီရာသီဘွန်ဒက်စ်လီဂါ ၆ဂိုး မြောက်သွင်းဂိုးဖြစ်ပါတယ်။

ပွဲပြီးမှတ်တမ်းအရကြည့်မယ်ဆိုရင်တော့ ၇၆မိနစ်သာ ဝင်ကစားခဲ့တဲ့ မာနေးဟာ ဘောလုံးထိချက် ၅၄ကြိမ်ရှိခဲ့ပြီး

အရေးပါတဲ့ဘောလုံးပေး ပို့မှု ၆ကြိမ်လုပ်နိုင်ခဲ့ပါတယ်။

ပြိုင်ဘက်နဲ့ဘောလုံးယှဉ်လုရာမှာ ၄ကြိမ်အထိအနိုင်ရ ခဲ့တဲ့ မာနေးဟာ အသင်းအတွက် အခွင့်အရေးကောင်း ၃ကြိမ်ဖန်တီးပေးခဲ့သလို

၂ကြိမ်က ဘိုင်ယန်အတွက်သွင်းဂိုးတွေဖြစ်စေခဲ့တယ်။ ဖြတ်တင်ဘောပေးပို့မှု ၂ကြိမ် မှာ ၂ကြိမ်စလုံးပစ်မှတ်ထိအောင်လုပ်ပေးနိုင်ခဲ့ပါတယ်။

ပင်နယ်တီအခွင့်အရေးတစ်ကြိမ်ရပြီး၊ တစ်ကြိမ်လွဲသလို၊ တစ်ဂိုးသွင်းနိုင်ခဲ့တဲ့

ဆီနီဂေါသားရဲ့စွမ်းဆောင်ရည်က ပြောစရာမရှိလောက်အောင်ကိုကောင်းခဲ့ပါတယ်။

တကယ်လို့များ သူပင်နယ်တီကိုအပြီးသတ်လွဲချော်ခဲ့မယ်ဆိုရင် ဂိုးပြတ်သွင်းနေတဲ့ ပွဲမှာပြောစရာတစ်ခုဖြစ်လာနိုင်ပေမဲ့

ဘမ်ဘာလီသူရဲကောင်းကတော့ အောင်နိုင်သူတစ်ယောက်အဖြစ်ပွဲကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။

zawgyi

ဂိုးျပတ္သြင္းေနတဲ့ပြဲမွာ ကံေကာင္းလို႔ဗီလိန္မျဖစ္ခဲ့တဲ့ ဘမ္ဘာလီသူရဲေကာင္း

မိန႔္ဇ္ကို ၆-၂ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲက ဘိုင္ယန္ျမဴးနစ္အတြက္အလြန္ထူးျခားေကာင္းမြန္ခဲ့ၿပီး မတူညီတဲ့ကစားသမား ၆ေယာက္အထိဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ဘိုင္ယန္တိုက္စစ္မွာပါဝင္ခဲ့တဲ့ မာေနး၊ မူဆီယာလာ၊ ဂနာဘရီနဲ႔ ခ်ဴပိုမိုတင္းတို႔ ၄ေယာက္စလုံးဂိုးသြင္းခဲ့ေပမဲ့

ဘမ္ဘာလီသူရဲေကာင္းျဖစ္တဲ့ မာေနးဟာ ၄၃မိနစ္မွာ ရရွိတဲ့ ပင္နယ္တီကိုတစ္ခါတည္းနဲ႔

အျပတ္ဂိုးဝင္ေအာင္မကန္ႏိုင္ခဲ့ဘဲ ဗီလိန္ျဖစ္ဖို႔ နီးစပ္ခဲ့ပါေသးတယ္။

လြဲေခ်ာ္မႈကို ခ်က္ခ်င္းဂိုးအျဖစ္ ျပန္ေျပာင္းလဲႏိုင္ခဲ့သလို ဒီသြင္းဂိုးဟာ ဆီနီေဂါသားအတြက္

ဒီရာသီဘြန္ဒက္စ္လီဂါ ၆ဂိုး ေျမာက္သြင္းဂိုးျဖစ္ပါတယ္။

ပြဲၿပီးမွတ္တမ္းအရၾကည့္မယ္ဆိုရင္ေတာ့ ၇၆မိနစ္သာ ဝင္ကစားခဲ့တဲ့ မာေနးဟာ ေဘာလုံးထိခ်က္ ၅၄ႀကိမ္ရွိခဲ့ၿပီး

အေရးပါတဲ့ေဘာလုံးေပး ပို႔မႈ ၆ႀကိမ္လုပ္ႏိုင္ခဲ့ပါတယ္။

ၿပိဳင္ဘက္နဲ႔ေဘာလုံးယွဥ္လုရာမွာ ၄ႀကိမ္အထိအႏိုင္ရ ခဲ့တဲ့ မာေနးဟာ အသင္းအတြက္ အခြင့္အေရးေကာင္း ၃ႀကိမ္ဖန္တီးေပးခဲ့သလို

၂ႀကိမ္က ဘိုင္ယန္အတြက္သြင္းဂိုးေတြျဖစ္ေစခဲ့တယ္။ ျဖတ္တင္ေဘာေပးပို႔မႈ ၂ႀကိမ္ မွာ ၂ႀကိမ္စလုံးပစ္မွတ္ထိေအာင္လုပ္ေပးႏိုင္ခဲ့ပါတယ္။

ပင္နယ္တီအခြင့္အေရးတစ္ႀကိမ္ရၿပီး၊ တစ္ႀကိမ္လြဲသလို၊ တစ္ဂိုးသြင္းႏိုင္ခဲ့တဲ့

ဆီနီေဂါသားရဲ႕စြမ္းေဆာင္ရည္က ေျပာစရာမရွိေလာက္ေအာင္ကိုေကာင္းခဲ့ပါတယ္။

တကယ္လို႔မ်ား သူပင္နယ္တီကိုအၿပီးသတ္လြဲေခ်ာ္ခဲ့မယ္ဆိုရင္ ဂိုးျပတ္သြင္းေနတဲ့ ပြဲမွာေျပာစရာတစ္ခုျဖစ္လာႏိုင္ေပမဲ့

ဘမ္ဘာလီသူရဲေကာင္းကေတာ့ ေအာင္ႏိုင္သူတစ္ေယာက္အျဖစ္ပြဲကိုအဆုံးသတ္ႏိုင္ခဲ့ပါတယ္။