ဂိုးပြတ်ရှုံးခဲ့တဲ့အပြင် ဒိုင်ဗင်ထိုးချက်က ၉လောက်ရှိခဲ့တဲ့ ဗင်နီစီးယပ်စ်

ရီးရဲလ်တိုက်စစ်မှူး ဗင်နီစီးယပ်စ်ဟာ အယ်လ်ကလက်စီကိုဒါဘီပွဲမှာ

ဘာစီလိုနာကို ဝ-၄ဂိုးနဲ့ အရေးနိမ့်ခဲ့ရတဲ့အပြင် သူကိုယ်တိုင်ကလည်း
ရှက်စရာကောင်းလောက်အောင် ဒိုင်ဗင်ထိုးခဲ့လို့
ပရိသတ်တွေရဲ့ ပြင်းထန်တဲ့လှောင်ပြောင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ရီးရဲလ်မှာ အားထားရတဲ့တိုက်စစ်မှူး ဘန်ဇီးမား
မပါနိုင်ခဲ့လို့ တွဲဘက်တိုက်စစ်မှူး ဗင်နီစီးယပ်စ်အပေါ်

လုံးလုံးပုံကျလာခဲ့ပြီး အူဘာမီယန်းရဲ့ဂိုးကြောင့်
ဝ-၁ ဂိုးနဲ့ ဦးဆောင်ခံနေရချိန်မှာ ဗင်နီစီးယပ်စ်အနေနဲ့
ဘာစီလိုနာဂိုးသမား တာစတီဂန်နဲ့ တစ်ဦးချင်း
ရင်ဆိုင်ကန်သွင်းခွင့်ရခဲ့ပါတယ်။
ဗင်နီစီးယပ်စ်ဟာ ကန်သွင်းရမယ့်အစား

ပင်နယ်တီရချင်ဇောနဲ့ တာစတီဂန်နား ပြေးဝင်သွားပြီး
လှလှပပလေး ဒိုင်ဗင်ထိုးလိုက်ပါတယ်။
ဒါပေမဲ့ သူဒိုင်ဗင်ထိုးတာက ပေါ်တင်ကြီးဖြစ်ပြီး
ဘောလုံးကို တစ်ချက်ခေါက်ပြီးချိန်ကတည်းက
မြက်ခင်းပေါ် လှဲချလိုက်တာဖြစ်သလို အဲဒီအချိန်မှာ

တာစတီဂန်ရဲ့ခြေထောက်နဲ့ သူ့ကြား ကွာဟချက်က
အနည်းဆုံး ၂ပေလောက်တောင် ရှိပါတယ်။
ဒီရာသီမှာ ကလပ်နဲ့ ဘရာဇီးအသင်းတို့အတွက်
အထူးခြေစွမ်းပြနေပြီး အလားအလာကောင်းတွေ
အများကြီးရှိတဲ့ လူငယ်ကြယ်ပွင့်တစ်ယောက်က

ဒီလိုမျိုး လုပ်တာက တကယ့်ကိုစိတ်ပျက်စရာကောင်းပါတယ်။
ဘာစီလိုနာနောက်ခံလူ ပီကေးကလည်း ဒေါသထွက်သွားပြီး
ဗင်နီစီးယပ်စ်ကို ပခုံးဖက်ကာ တစ်ခုခုပြောဆိုခဲ့ပါတယ်။
ဗင်နီစီးယပ်စ်ဟာ ယခုရာသီလာလီဂါမှာ
၁၄ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၉ကြိမ်အထိ

ပြုလုပ်ပေးထားပေမယ့် ဘာစီလိုနာနဲ့ပွဲမှာတော့
ဘာမှမလုပ်ပြနိုင်ခဲ့ဘဲ အသင်းလည်း
အိမ်ကွင်းမှာပဲ ဝ-၄ဂိုးနဲ့ အရေးနိမ့်သွားခဲ့ရပါတယ်။
ပရိသတ်တွေကလည်း ဒီဖြစ်ရပ်ကို သေချာမှတ်မိနေပြီး
ဗင်နီစီးယပ်စ်အနေနဲ့ ဒီလိုအရှက်ရမယ့်ဒိုင်ဗင်ထိုးမယ့်အစား

ဂိုးသမားကို လှည့်ထွက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ်
အသာလေး ကျော်ပြီးကန်သွင်းတာပဲဖြစ်ဖြစ်
ဘာဖြစ်လို့မလုပ်ခဲ့တာလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။
”ဂိုးသွင်းဖို့ အရှင်းလင်းဆုံးအနေအထားမှာ
ဒိုင်ဗင်ထိုးလိုက်တယ်ဆိုတော့ ကိုယ်တောင်နားမလည်နိုင်တော့ဘူး”

”ဗင်နီစီးယပ်စ်အနေနဲ့ အဝါကတ်လောက်တော့
ပြသခံသင့်ပါတယ်။ တကယ့်ကို ရှက်စရာကောင်းပါတယ်”‘လို့
ပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။

Zawgyi

ဂိုးျပတ္ရံႈးခဲ့တဲ့အျပင္ ဒိုုင္ဗင္ထိုးခ်က္က ၉ေလာက္ရွိခဲ့တဲ့ ဗင္နီစီးယပ္စ္
ရီးရဲလ္တုိက္စစ္မွဴး ဗင္နီစီးယပ္စ္ဟာ အယ္လ္ကလက္စီကိုဒါဘီပြဲမွာ
ဘာစီလုိနာကို ၀-၄ဂိုးနဲ႔ အေရးနိမ့္ခဲ့ရတဲ့အျပင္ သူကုိယ္တုိင္ကလည္း
ရွက္စရာေကာင္းေလာက္ေအာင္ ဒိုင္ဗင္ထိုးခဲ့လုိ႔

ပရိသတ္ေတြရဲ႕ ျပင္းထန္တဲ့ေလွာင္ေျပာင္ေ၀ဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။
ရီးရဲလ္မွာ အားထားရတဲ့တုိက္စစ္မွဴး ဘန္ဇီးမား
မပါႏိုင္ခဲ့လို႔ တြဲဘက္တုိက္စစ္မွဴး ဗင္နီစီးယပ္စ္အေပၚ
လုံးလုံးပုံက်လာခဲ့ၿပီး အူဘာမီယန္းရဲ႕ဂိုးေၾကာင့္
၀-၁ ဂိုးနဲ႔ ဦးေဆာင္ခံေနရခ်ိန္မွာ ဗင္နီစီးယပ္စ္အေနနဲ႔

ဘာစီလုိနာဂိုးသမား တာစတီဂန္နဲ႔ တစ္ဦးခ်င္း
ရင္ဆိုင္ကန္သြင္းခြင့္ရခဲ့ပါတယ္။
ဗင္နီစီးယပ္စ္ဟာ ကန္သြင္းရမယ့္အစား
ပင္နယ္တီရခ်င္ေဇာနဲ႔ တာစတီဂန္နား ေျပး၀င္သြားၿပီး
လွလွပပေလး ဒိုင္ဗင္ထုိးလုိက္ပါတယ္။

ဒါေပမဲ့ သူဒုိင္ဗင္ထုိးတာက ေပၚတင္ႀကီးျဖစ္ၿပီး
ေဘာလုံးကို တစ္ခ်က္ေခါက္ၿပီးခ်ိန္ကတည္းက
ျမက္ခင္းေပၚ လွဲခ်လုိက္တာျဖစ္သလုိ အဲဒီအခ်ိန္မွာ
တာစတီဂန္ရဲ႕ေျခေထာက္နဲ႔ သူ႕ၾကား ကြာဟခ်က္က
အနည္းဆုံး ၂ေပေလာက္ေတာင္ ရွိပါတယ္။

ဒီရာသီမွာ ကလပ္နဲ႔ ဘရာဇီးအသင္းတို႔အတြက္
အထူးေျခစြမ္းျပေနၿပီး အလားအလာေကာင္းေတြ
အမ်ားႀကီးရွိတဲ့ လူငယ္ၾကယ္ပြင့္တစ္ေယာက္က
ဒီလုိမ်ိဳး လုပ္တာက တကယ့္ကိုစိတ္ပ်က္စရာေကာင္းပါတယ္။
ဘာစီလုိနာေနာက္ခံလူ ပီေကးကလည္း ေဒါသထြက္သြားၿပီး

ဗင္နီစီးယပ္စ္ကို ပခုံးဖက္ကာ တစ္ခုခုေျပာဆုိခဲ့ပါတယ္။
ဗင္နီစီးယပ္စ္ဟာ ယခုရာသီလာလီဂါမွာ
၁၄ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၉ႀကိမ္အထိ
ျပဳလုပ္ေပးထားေပမယ့္ ဘာစီလုိနာနဲ႔ပြဲမွာေတာ့
ဘာမွမလုပ္ျပႏိုင္ခဲ့ဘဲ အသင္းလည္း

အိမ္ကြင္းမွာပဲ ၀-၄ဂိုးနဲ႔ အေရးနိမ့္သြားခဲ့ရပါတယ္။
ပရိသတ္ေတြကလည္း ဒီျဖစ္ရပ္ကို ေသခ်ာမွတ္မိေနၿပီး
ဗင္နီစီးယပ္စ္အေနနဲ႔ ဒီလိုအရွက္ရမယ့္ဒုိင္ဗင္ထိုးမယ့္အစား
ဂိုးသမားကို လွည့္ထြက္တာပဲျဖစ္ျဖစ္ ဒါမွမဟုတ္
အသာေလး ေက်ာ္ၿပီးကန္သြင္းတာပဲျဖစ္ျဖစ္

ဘာျဖစ္လုိ႔မလုပ္ခဲ့တာလို႔ ေမးခြန္းထုတ္ခဲ့ၾကပါတယ္။
”ဂိုးသြင္းဖို႔ အရွင္းလင္းဆုံးအေနအထားမွာ
ဒိုင္ဗင္ထိုးလုိက္တယ္ဆိုေတာ့ ကိုယ္ေတာင္နားမလည္ႏိုင္ေတာ့ဘူး”
”ဗင္နီစီးယပ္စ္အေနနဲ႔ အ၀ါကတ္ေလာက္ေတာ့
ျပသခံသင့္ပါတယ္။ တကယ့္ကို ရွက္စရာေကာင္းပါတယ္”‘လုိ႔

ပရိသတ္ေတြက အသီးသီးေရးသားခဲ့ပါတယ္။