ဂိုးပေါက်နဲ့ ၅ကိုက်အကွာကဘောလုံးကို တိုင်ထိအောင်ကန်ခဲ့တဲ့ ပေါင် ၈၅သန်း တန်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်

အေဂျက်နဲ့ပွဲစဉ်မှာ ဒါဝင်းနူးနက်ဇ်ရဲ့စွမ်းဆောင်နိုင်မှုတွေကို ပရိသတ်တွေ သဘောကျနှစ်သက်ခဲ့ကြပေမယ့်

ပထမပိုင်းပြီးခါနီး (၄၃)မိနစ်မှာ ဂိုးရနိုင်မယ့် အပိုင်အခွင့်အရေးကို လွဲချော်ခဲ့မှုကတော့

ပွဲကြည့်နေကြတဲ့ သူတွေကို စိတ်မောသွားစေခဲ့သလို ရယ်စရာလည်း ဖြစ်ခဲ့ပါတယ်။

ဥရုဂွေးသားဟာ အန်ဖီးလ်ကိုစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၅သန်းနဲ့ ရောက်ရှိလာခဲ့တဲ့နောက်

အထိုင်ကျဖို့အတွက်ရုန်းကန်ခဲ့ရသလို အေဂျက်နဲ့ပွဲစဉ်ဂိုးပေါက်လွဲချော်မှုကတော့

သူဒီထက်ပိုပြီးတည်ငြိမ်ဖို့လိုသေးတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။

ဟန်ဒါဆန်ရဲ့ မယုံနိုင်စရာပေးပို့မှုကို

ဆာလက်က အသာအယာကန်သွင်းပြီး ဂျိုဟန်ခရိုက်ဖ်အရီနာမှာ ကြိုးကြာနီတွေကို စတင်ဦးဆောင်စေခဲ့ပါတယ်။

သိပ်မကြာခင်မှာတော့ တိုက်စစ်မှူးဖာမီနိုအခွင့်အရေးတစ်ရပ်ရခဲ့ပြီး ဘရာဇီးသားက

ဂိုးပေါက်ကန်သွင်းဖို့ထက် အပိုင်အနေအထားရှိတဲ့ ဒါဝင်နူးနက်ဇ်ဆီကို တစ်ကိုယ်ကောင်းစိတ်ကင်းကင်းနဲ့ ဘောလုံးပေးပိုခဲ့ပါတယ်။

ဂိုးပေါက်ထဲမှာ ဂိုးသမားမရှိတော့အချိန်ဖြစ်ပြီး နူးနက်ဇ်က ၅ကိုက်

အကွာကနေအပိုင်ပိတ်သွင်းခွင့်ရခဲ့ပေမဲ့ ဘောလုံးကတိုင်ထိထွက်ခဲ့ပါတယ်။

သူကိုယ်တိုင်ပြန်မကြည့်ချင်လောက်အောင် ဆိုးဆိုးရွားရွားကြီးလွဲချော်ခဲ့တာဖြစ် တယ်။ ပွဲကစားချိန်အတွင်း

ပြိုင်ဘက်ကစားသမား ဘက်ဆေးနဲ့တစ်ဦးချင်းယှဉ်လု ရာမှာ မျက်နှာကိုလက်နဲ့အုပ်ပြီးမြက်ခင်းပေါ်လှဲချခဲ့တဲ့ နူးနက်ဇ်ဟာ

ဒိုင်ဗင်သမား တစ်ယောက်အဖြစ် သတ်မှတ်ခံလိုက်ရပါသေးတယ်။

ဒါပေမဲ့ ဥရုဂွေးသားဟာ ပွဲချိန် ၄၉မိနစ်မှာ ရော်ဘတ်ဆန်ရဲ့ ထောင့်ကန်ဘောကို ခေါင်းတိုက်ဂိုးသွင်းပြီး

လီဗာပူးကို ၂-၀ဂိုးနဲ့ ဦးဆောင်ခွင့်ပြန်လည်ရယူပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့

အဲလီးယော့ က ကြိုးကြာနီတွေအတွက် တတိယဂိုးသွင်းယူပြီး နယ်သာလန်မြေမှာ ၃ဂိုးပြတ် အနိုင်ယူခဲ့တာပါ။

(Zawgyi)

ဂိုးေပါက္နဲ႔ ၅ကိုက္အကြာကေဘာလုံးကို တိုင္ထိေအာင္ကန္ခဲ့တဲ့ ေပါင္ ၈၅သန္း တန္တိုက္စစ္မႉး ဒါဝင္းႏူးနက္ဇ္

ေအဂ်က္နဲ႔ပြဲစဥ္က ဒါဝင္းႏူးနက္ဇ္ရဲ႕အဆုံးသတ္ဂိုးသြင္းခ်က္ကေတာ့ လူရယ္စရာျဖစ္ခဲ့ပါတယ္။ ဥ႐ုေဂြးသားဟာ အန္ဖီးလ္ကိုစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၅သန္းနဲ႔

ေရာက္ရွိလာခဲ့တဲ့ေနာက္ အထိုင္က်ဖို႔အတြက္႐ုန္းကန္ခဲ့ရသလို ေအဂ်က္နဲ႔ပြဲစဥ္ဂိုးေပါက္လြဲေခ်ာ္မႈကေတာ့ သူဒီထက္ပိုၿပီးတည္ၿငိမ္ဖို႔လိုေသးတယ္ဆိုတာကို မီးေမာင္းထိုးျပလိုက္သလိုပါပဲ။

ဟန္ဒါဆန္ရဲ႕ မယုံႏိုင္စရာေပးပို႔မႈကို ဆာလက္က အသာအယာကန္သြင္းၿပီး ဂ်ိဳဟန္ခ႐ိုက္ဖ္အရီနာမွာ ႀကိဳးၾကာနီေတြကို စတင္ဦးေဆာင္ေစခဲ့ပါတယ္။ သိပ္မၾကာခင္မွာေတာ့

တိုက္စစ္မႉးဖာမီႏိုအခြင့္အေရးတစ္ရပ္ရခဲ့ၿပီး ဘရာဇီးသားက ဂိုးေပါက္ကန္သြင္းဖို႔ထက္ အပိုင္အေနအထားရွိတဲ့ ဒါဝင္းႏူးနက္ဇ္ဆီကို တစ္ကိုယ္ ေကာင္းစိတ္ကင္းကင္းနဲ႔ ေဘာလုံးေပးပိုခဲ့ပါတယ္။

ဂိုးေပါက္ထဲမွာ ဂိုးသမားမရွိေတာ့အခ်ိန္ျဖစ္ၿပီး ႏူးနက္ဇ္က ၅ကိုက္ အကြာကေနအပိုင္ပိတ္သြင္းခြင့္ရခဲ့ေပမဲ့ ေဘာလုံးကတိုင္ထိထြက္ခဲ့ပါတယ္။

သူကိုယ္တိုင္ျပန္မၾကည့္ခ်င္ေလာက္ေအာင္ ဆိုးဆိုး႐ြား႐ြားႀကီးလြဲေခ်ာ္ခဲ့တာျဖစ္ တယ္။ ပြဲကစားခ်ိန္အတြင္း ၿပိဳင္ဘက္ကစားသမား ဘက္ေဆးနဲ႔

တစ္ဦးခ်င္းယွဥ္လု ရာမွာ မ်က္ႏွာကိုလက္နဲ႔အုပ္ၿပီးျမက္ခင္းေပၚလွဲခ်ခဲ့တဲ့ ႏူးနက္ဇ္ဟာ ဒိုင္ဗင္သမား တစ္ေယာက္အျဖစ္ သတ္မွတ္ခံလိုက္ရပါေသးတယ္။

ဒါေပမဲ့ ဥ႐ုေဂြးသားဟာ ပြဲခ်ိန္ ၄၉မိနစ္မွာ ေရာ္ဘတ္ဆန္ရဲ႕ ေထာင့္ကန္ေဘာကို ေခါင္းတိုက္ဂိုးသြင္းၿပီး လီဗာပူးကို ၂-၀ဂိုးနဲ႔ ဦးေဆာင္ခြင့္ျပန္လည္ရယူေပးခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ အဲလီးေယာ့ က ႀကိဳးၾကာနီေတြအတြက္ တတိယဂိုးသြင္းယူၿပီး နယ္သာလန္ေျမမွာ ၃ဂိုးျပတ္အ ႏိုင္ယူခဲ့တာပါ။