
စပါးအသင်းဟာ အဲဗာတန်နဲ့ပွဲမှာ ပုံစံကောင်းမပြနိုင်ဘဲ ဂိုးမရှိသရေကျခဲ့ပေမယ့်
နည်းပြသစ်ကွန်တီကတော့ ကစားသမားတွေရဲ့တိုက်ပွဲဝင်စိတ်ဓာတ်အပေါ်
ချီးကျူးစကားဆိုခဲ့ပါတယ်။ ကွန်တီရဲ့စပါးနည်းပြဘဝ ပထမဆုံးပရီးမီးယားလိဂ်
အဖွင့်ပွဲမှာ သရေရလဒ်နဲ့သာကျေနပ်ခဲ့ရပြီး စပါးအသင်းဟာ
မန်ချက်စတာယူနိုက်တက်၊ အခု အဲဗာတန်တို့နဲ့ပွဲတွေမှာ ဂိုးပေါက်တည့်မှု
တစ်ကြိမ်မှမရှိခဲ့တာကြောင့် ဂိုးပေါက်တည့်မှုမရှိတာ (၃)နာရီနဲ့(၄၅)မိနစ်အထိ
ကြာမြင့်နေပြီဖြစ်ပါတယ်။ အဲဗာတန်အသင်းနဲ့ပွဲမှာ ကွန်တီက ဟယ်ရီကိန်း၊
ဆွန်ဟောင်မင်၊ လူးကပ်စ်မော်ရာစတဲ့ အဓိကတိုက်စစ်ကစားသမားအစုံအလင်
အသုံးပြုခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းမှု(၈)ကြိမ်မှာ ဂိုးပေါက်တည့်တာတစ်ကြိမ်မှ
မရှိခဲ့ဘဲ ပြိုင်ဘက်ဂိုးပေါက်ကို နောက်ဆုံးအကြိမ်ခြိမ်းခြောက်ခဲ့တာက
အောက်တိုဘာ(၂၄)ရက်တုန်းက ဝက်စ်ဟမ်းအသင်းကို(၁-၀)ဂိုးနဲ့
ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဟယ်ရီကိန်းရဲ့ကန်ချက်တစ်ကြိမ်သာရှိခဲ့ပါတယ်။
အဲဗာတန်နဲ့ပွဲအပြီးမှာ ကွန်တီက “ဂွတ်ဒီဆင်ပ့ါခ်ဟာ ပြိုင်ဘက်အသင်းတိုင်းအတွက်
အခက်အခဲတွေနဲ့ရင်ဆိုင်ရလေ့ရှိတဲ့နေရာတစ်ခုဖြစ်ပြီး နည်းစနစ်ပိုင်းအရ
အကောင်းဆုံးကစားနိုင်တဲ့အနေအထားတချို့ကို ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်။
ဒါပေမဲ့ အရေးကြီးဆုံးအချက်က အသင်းကစားသမားတွေဟာ
တိုက်ပွဲဝင်လိုစိတ်အပြည့်ရှိပြီး ပြိုင်ဘက်ကို ဒုက္ခပေးနိုင်ဖို့အချိန်တိုင်း
ကြိုးစားလေ့ရှိတာကို တွေ့ခဲ့ရတာဖြစ်ပြီး ဒါက ကျွန်တော့်အတွက်
သတင်းကောင်းအဖြစ်သတ်မှတ်ရမှာပါ”လို့ပြောကြားခဲ့ပါတယ်။
စပါးအသင်းဟာ ပရီးမီးယားလိဂ်(၂)ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ခဲ့သလို (၁၆)မှတ်နဲ့
အမှတ်ပေးဇယားအဆင့်(၉)နေရာမှာရပ်တည်နေပြီး အဆင့်(၄)နေရာက
လီဗာပူးလ်နဲ့(၆)မှတ်အထိကွာဟနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ကွန်တီကတော့
ချယ်လ်ဆီးနဲ့ အခုစပါးအသင်းနည်းပြဘဝမှာ ၂၀၁၇၊ ဒီဇင်ဘာလကတည်းက
အဲဗာတန်နဲ့ဆုံတွေ့ခဲ့တဲ့(၅)ပွဲမှာ ပေးဂိုးမရှိတဲ့မှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
zawgyi
ဂိုးေပါက္တည့္မႈမရွိတာ (၃)နာရီနဲ႔(၄၅)မိနစ္အထိၾကာျမင့္ေနၿပီျဖစ္ေပမယ့္ ကစားသမားေတြကို ကြန္တီ ခ်ီးက်ဴးစကားဆို
စပါးအသင္းဟာ အဲဗာတန္နဲ႔ပြဲမွာ ပုံစံေကာင္းမျပႏိုင္ဘဲ ဂိုးမရွိသေရက်ခဲ့ေပမယ့္
နည္းျပသစ္ကြန္တီကေတာ့ ကစားသမားေတြရဲ႕တိုက္ပြဲဝင္စိတ္ဓာတ္အေပၚ
ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။ ကြန္တီရဲ႕စပါးနည္းျပဘဝ ပထမဆုံးပရီးမီးယားလိဂ္
အဖြင့္ပြဲမွာ သေရရလဒ္နဲ႔သာေက်နပ္ခဲ့ရၿပီး စပါးအသင္းဟာ
မန္ခ်က္စတာယူႏိုက္တက္၊ အခု အဲဗာတန္တို႔နဲ႔ပြဲေတြမွာ ဂိုးေပါက္တည့္မႈ
တစ္ႀကိမ္မွမရွိခဲ့တာေၾကာင့္ ဂိုးေပါက္တည့္မႈမရွိတာ (၃)နာရီနဲ႔(၄၅)မိနစ္အထိ
ၾကာျမင့္ေနၿပီျဖစ္ပါတယ္။ အဲဗာတန္အသင္းနဲ႔ပြဲမွာ ကြန္တီက ဟယ္ရီကိန္း၊
ဆြန္ေဟာင္မင္၊ လူးကပ္စ္ေမာ္ရာစတဲ့ အဓိကတိုက္စစ္ကစားသမားအစုံအလင္
အသုံးျပဳခဲ့ေပမယ့္ ဂိုးေပါက္ကန္သြင္းမႈ(၈)ႀကိမ္မွာ ဂိုးေပါက္တည့္တာတစ္ႀကိမ္မွ
မရွိခဲ့ဘဲ ၿပိဳင္ဘက္ဂိုးေပါက္ကို ေနာက္ဆုံးအႀကိမ္ၿခိမ္းေျခာက္ခဲ့တာက
ေအာက္တိုဘာ(၂၄)ရက္တုန္းက ဝက္စ္ဟမ္းအသင္းကို(၁-၀)ဂိုးနဲ႔
ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ဟယ္ရီကိန္းရဲ႕ကန္ခ်က္တစ္ႀကိမ္သာရွိခဲ့ပါတယ္။
အဲဗာတန္နဲ႔ပြဲအၿပီးမွာ ကြန္တီက “ဂြတ္ဒီဆင္ပ့ါခ္ဟာ ၿပိဳင္ဘက္အသင္းတိုင္းအတြက္
အခက္အခဲေတြနဲ႔ရင္ဆိုင္ရေလ့ရွိတဲ့ေနရာတစ္ခုျဖစ္ၿပီး နည္းစနစ္ပိုင္းအရ
အေကာင္းဆုံးကစားႏိုင္တဲ့အေနအထားတခ်ိဳ႕ကို ကြၽန္ေတာ္ျမင္ေတြ႕ခဲ့ရပါတယ္။
ဒါေပမဲ့ အေရးႀကီးဆုံးအခ်က္က အသင္းကစားသမားေတြဟာ
တိုက္ပြဲဝင္လိုစိတ္အျပည့္ရွိၿပီး ၿပိဳင္ဘက္ကို ဒုကၡေပးႏိုင္ဖို႔အခ်ိန္တိုင္
းႀကိဳးစားေလ့ရွိတာကို ေတြ႕ခဲ့ရတာျဖစ္ၿပီး ဒါက ကြၽန္ေတာ့္အတြက္
သတင္းေကာင္းအျဖစ္သတ္မွတ္ရမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။ စပါးအသင္းဟာ
ပရီးမီးယားလိဂ္(၂)ပြဲဆက္တိုက္ဂိုးေပါက္ေပ်ာက္ခဲ့သလို (၁၆)မွတ္နဲ႔
အမွတ္ေပးဇယားအဆင့္(၉)ေနရာမွာရပ္တည္ေနၿပီး အဆင့္(၄)ေနရာက
လီဗာပူးလ္နဲ႔(၆)မွတ္အထိကြာဟေနၿပီျဖစ္ပါတယ္။ ဒါေပမဲ့ ကြန္တီကေတာ့
ခ်ယ္လ္ဆီးနဲ႔ အခုစပါးအသင္းနည္းျပဘဝမွာ ၂၀၁၇၊ ဒီဇင္ဘာလကတည္းက
အဲဗာတန္နဲ႔ဆုံေတြ႕ခဲ့တဲ့(၅)ပြဲမွာ ေပးဂိုးမရွိတဲ့မွတ္တမ္းေကာင္းကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့ပါတယ္။